


Credit:Cele Zone
Photo – May Panche

ပရိသတ်ကြီးရေ မော်ဒယ်၊သရုပ်ဆောင် မေပန်းချီ ကတော့ ဗီဒီယိုခေတ် ကတည်းက ဇာတ်ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်လာ ခဲ့တာဖြစ်ပါတယ်။မေပန်းချီက စိတ်သဘောထားပြည့်ဝပြီး ပွင့်ပွင့် လင်းလင်းပြောဆိုတတ်ကာ လူအချင်းချင်းပေါ်မှာလည်း ကူညီဖေးမပေးတတ်တဲ့ အနုပညာရှင်ကောင်း တစ်ယောက်ဖြစ်ပါတယ်နော်…။

မေပန်းချီကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေ ကတော့ သူမရဲ့အနုပညာ ကိုလည်း အားပေးကြသလို စိတ်ထားလေးကိုပါ ချစ်နေကြတာဖြစ်ပါတယ်။ ဒီလိုကာလမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်ကာ လိုအပ်တဲ့နေရာတွေမှာလည်း တတ်နိုင်သလောက် ပါဝင်အားဖြည့်လှူဒါန်းနေတာလည်းတွေ့ရပါတယ်…။

အခုလည်း နှစ်ဆန်းတစ်ရက်နေ့လေးမှာ မိဘနှစ်ပါးကို ဦးထိပ်ထားပြီး ရဟန်းသံဃာတော် များကို အလှူငွေ ဆယ်သိန်း ကပ်လှူကာ ကုသိုလ်ကောင်းမှုများစွာ ပြုလုပ်ဖြစ်ခဲ့ကြောင်း ပုံလေးတွေနဲ့တကွ ခုလိုဖော်ပြလာ တာဖြစ်ပါတယ်။” မိဘနှစ်ပါး အားဦးထိပ်ထား၍ ဘုန်းဘုန်း ဘုရားအား အလှူငွေ (၁၀)သိန်း ကပ်လှူပူဇော်လှူဒါန်းပါသည် ထိုကုသိုလ်ကြောင့် (၇)ရက်သားသမီး အားလုံး အမြန်ငြိမ်းချမ်းကြပါစေ “ဆိုတဲ့ စာလေးပဲဖြစ်ရာ ပရိသတ်ကြီး အတွက်ပြန်လည်ဖော်ပြပေး လိုက်ပါတယ်…။

Credit:Cele Zone
Photo – May Panche