


Source: Chan Chan’s fb

ချစ်ပရိသတ်ကြီးရေ Melody World သီချင်းဆိုပြိုင်ပွဲကနေ ကျော်ကြားလာခဲ့တဲ့ အဆိုတော် ချမ်းချမ်းကတော့ ဆွဲဆောင်မှုရှိတဲ့ အသံကောင်းတစ်ခုကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ချမ်းချမ်းရဲ့ သီချင်းတွေကတော့ ပရိသတ်တွေကြားအောင်မြင်မှုရရှိသလို အနုပညာရှင်အချင်းချင်းကပါ ကြိုက်နှစ်သက်ကြရတဲ့ သီချင်းကောင်းလေးတွေပဲ ဖြစ်ပါတယ်။ ချမ်းချမ်းက အခုဆိုရင် သူမရဲ့ ဒုတိယမြောက် သမီးလေး ကိုယ်ဝန်ကို လွယ်ဆောင်ထားရပြီမို့ အနုပညာအလုပ်တွေထက် ကျန်းမာရေးကိုသာ ပိုမိုဂရုစိုက်နေရတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ အဆိုတော် ချမ်းချမ်းက ဆိုင်ဖွင့်ပွဲတစ်ခုကို သွားရင်း ဆုံတွေ့ခဲ့ရတဲ့ အကယ်ဒမီ သရုပ်ဆောင်မင်းသမီး အေးမြတ်သူရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးကြောင့် ကြည်နူးရတဲ့ အကြောင်း ပြောလာပါတယ်။ “မမြတ်လေးရေ…ချမ်းချမ်းကိုချစ်ပေးတဲ့အတွက်ကျေးဇူးပါ။ shayi ဖွင့်ပွဲမှာ ချစ်ရတဲ့အနုပညာရှင်မောင်နှမတွေနဲ့ နှစ်သစ်အစမှာ ပျော်ရွှင်စွာဆုံတွေ့ရလို့ အားလုံးကိုချစ်တယ် ကျေးဇူးတင်ပါတယ်နော်..” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ ပြောလာပါတယ်။

အဆိုတော် ချမ်းချမ်းကတော့ သမီးလေးကိုလွယ်ဆောင်ထားတဲ့ ဗိုက်လေးကို တဖွဖွနမ်းပြီး ချစ်ပေးတဲ့ အေးမြတ်သူကြောင့် ဝမ်းသာပီတိဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ချမ်းချမ်းရဲ့ သမီးငယ်လေး မြမိုးဟင်္သာကတော့ မေမေ့ဗိုက်ထဲမှာရှိစဉ်ကတည်းက ချစ်တဲ့သူတွေအရမ်းများတာ ကြည်နူးစရာပါပဲ။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွနတ်ကောင်းတာင်းပေးလိုက်ပါတယ်နော်….။

Source: Chan Chan’s fb
Credit – Cele Connections