ခ်စ္ပရိသတ္ႀကီးေရ တစ္ခ်ိန္က ပရိသတ္ေတြ ပါးစပ္ဖ်ားမွာ ထက္ထက္ရယ္လို့ နာမည္တစ္လံုးနဲ့ ေက်ာ္ၾကားခဲ့တဲ့ အကယ္ဒမီ သ႐ုပ္ေဆာင္ မင္းသမီး ထက္ထက္မိုးဦးက ဒီေန့ဒီအခ်ိန္ထိ ပရိသတ္ေတြအေပၚ လႊမ္းမိုးမႈရိွေနဆဲ မင္းသမီးတစ္လက္ပဲ ျဖစ္ပါတယ္။ ထက္ထက္မိုးဦးက အသက္အရြယ္ေတြသာ ေျပာင္းလဲသြားခဲ့ေပမယ့္ သူမရဲ့ ငယ္စဥ္က ဟန္ပန္အမူအယာေလးေတြကေတာ့ လံုးဝေပ်ာက္ကြယ္သြားျခင္းမရိွတာေၾကာင့္ လူၾကီး၊ လူငယ္ပရိသတ္ေတြရဲ့ အားေပးမႈကို တစ္ခဲနက္ရရိွပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ ထက္ထက္ကလည္း က်န္းမာေရးအေျခအေနအရမ္းၾကီးမေကာင္းေပမယ့္ ပရိသတ္အတြက္ ၾကိဳးစားျပီး အလုပ္ေတြကို လုပ္ကိုင္ေနလ်က္ရိွတာပဲ ျဖစ္ပါတယ္။

အလုပ္အရ Live Sale ေတြေရာင္းခ်ေနေပမယ့္ ပရိသတ္ေတြအတြက္လည္း ဂရုတစိုက္ပံုေလးေတြ တင္ေပးဖို့ မေမ့ေလ်ာ့တဲ့ ထက္ထက္မိုးဦးက ဒီတစ္ေခါက္မွာလည္း သူမရဲ့ Tik Tok ဗီဒီယိုေလးကို ပရိသတ္ေတြကို မွ်ေဝေပးလာခဲ့ပါတယ္။ ထက္ထက္မိုးဦးက ယြန္းျမတ္သူရဲ့ “နင္လမ္းေတြ့ခဲ့ရင္” ဆိုတဲ့ အသည္းကြဲသီခ်င္းေလးနဲ့ လုိက္ဖက္ေအာင္ မ်က္နွာေလးကိုမိႈင္ခ်ျပီး ခံစားခ်က္အျပည့္နဲ့ သရုပ္ေဆာင္ထားတာကို အခုလိုပဲ ေတြ့ရပါတယ္။

ထက္ထက္မိုးဦးကေတာ့ စကၠန့္ပိုင္းစာေလာက္ ဗီဒီယိုေလးမွာတင္ ခံစားခ်က္ေတြအျပည့္နဲ့ သရုပ္ေဆာင္ျပခဲ့တာ တကယ့္ကို ေလးစားစရာပါပဲ။ ပရိသတ္ၾကီးလည္း ထက္ထက္ရဲ့ ဗီဒီယိုေလးကိုၾကည့္ျပီး အလြမ္းေတြေျပသြားမယ္လုိ့ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Htet Htet Moe Oo’s fb
Credit– Cele Connections

ချစ်ပရိသတ်ကြီးရေ တစ်ချိန်က ပရိသတ်တွေ ပါးစပ်ဖျားမှာ ထက်ထက်ရယ်လို့ နာမည်တစ်လုံးနဲ့ ကျော်ကြားခဲ့တဲ့ အကယ်ဒမီ သရုပ်ဆောင် မင်းသမီး ထက်ထက်မိုးဦးက ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေအပေါ် လွှမ်းမိုးမှုရှိနေဆဲ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးက အသက်အရွယ်တွေသာ ပြောင်းလဲသွားခဲ့ပေမယ့် သူမရဲ့ ငယ်စဉ်က ဟန်ပန်အမူအယာလေးတွေကတော့ လုံးဝပျောက်ကွယ်သွားခြင်းမရှိတာကြောင့် လူကြီး၊ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ထက်ထက်ကလည်း ကျန်းမာရေးအခြေအနေအရမ်းကြီးမကောင်းပေမယ့် ပရိသတ်အတွက် ကြိုးစားပြီး အလုပ်တွေကို လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

အလုပ်အရ Live Sale တွေရောင်းချနေပေမယ့် ပရိသတ်တွေအတွက်လည်း ဂရုတစိုက်ပုံလေးတွေ တင်ပေးဖို့ မမေ့လျော့တဲ့ ထက်ထက်မိုးဦးက ဒီတစ်ခေါက်မှာလည်း သူမရဲ့ Tik Tok ဗီဒီယိုလေးကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ်။ ထက်ထက်မိုးဦးက ယွန်းမြတ်သူရဲ့ “နင်လမ်းတွေ့ခဲ့ရင်” ဆိုတဲ့ အသည်းကွဲသီချင်းလေးနဲ့ လိုက်ဖက်အောင် မျက်နှာလေးကိုမှိုင်ချပြီး ခံစားချက်အပြည့်နဲ့ သရုပ်ဆောင်ထားတာကို အခုလိုပဲ တွေ့ရပါတယ်။

ထက်ထက်မိုးဦးကတော့ စက္ကန့်ပိုင်းစာလောက် ဗီဒီယိုလေးမှာတင် ခံစားချက်တွေအပြည့်နဲ့ သရုပ်ဆောင်ပြခဲ့တာ တကယ့်ကို လေးစားစရာပါပဲ။ ပရိသတ်ကြီးလည်း ထက်ထက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အလွမ်းတွေပြေသွားမယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Source: Htet Htet Moe Oo’s fb
Credit– Cele Connections