ခ်စ္ပရိသတ္ႀကီးေရ ဆြဲေဆာင္မႈရွိတဲ့အလွတရားေတြနဲ႔ ပရိသတ္ခ်စ္ျခင္းကို သိမ္းပိုက္ထားသူ သ႐ုပ္ေဆာင္မင္းသမီး မိုးေဟကိုကေတာ့ သူမရဲ႕ခရီးသြားပုံရိပ္ေလးေတြနဲ႔အတူ တေန႔တျခား ႏုပ်ိဳလွပလာတဲ့ သူမရဲ႕အလွတရားေတြကို လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ ပရိသတ္ေတြကို မၾကာခဏ မွ်ေဝေပးေနတဲ့ အႏုပညာရွင္တစ္ေယာက္ပါ ။ ဒီတစ္ေခါက္မွာေတာ့ ပန္းခ်ီကားတစ္ခ်ပ္ကို ၾကည့္ေနရသလို လွပလြန္းတဲ့ သူမရဲ႕ အလွပုံရိပ္ေလးေတြကို မွ်ေဝေပးလာခဲ့ပါတယ္ ။

တန္ဖိုးမျဖတ္ႏိုင္တဲ့ ျမန္မာမႈအေမြအႏွစ္လက္ရာေတြနဲ႔ ရဲ႕ရင့္တည္ၿငိမ္ၿပီးခမ္းနားထည္ဝါတဲ့အလွတရားအတြက္ ပန္းခ်ီကားတစ္ခ်ပ္ကိုၾကည့္ေနရသလို ျပန္လည္ခံစားသက္ဝင္ထားပါတယ္။ဒါကေတာ့ ကြၽန္မ “မိုးေဟကို”ပါရွင္ ဆိုတဲ့စာသားေလးနဲ႔အတူ သူမရဲ႕ က်က္သေရရွိလြန္းတဲ့ ျမန္မာဆန္ဆန္ ပုံရိပ္ေလးေတြကို ပရိသတ္ေတြကို မွ်ေဝေပးခဲ့တာပါ ။ Makeup- May Oo (Magic) ကျပင္ဆင္ျခယ္သေပးထားတာျဖစ္ၿပီး ဧရာဝတီ သစ္ခြၿခံက ေတာ္ဝင္သဇင္ပန္းေတြပန္ဆင္ထားတဲ့ မိုးတစ္ေယာက္ကေတာ့ နန္းဆန္လြန္းလို႔ အသက္ရွဴမွားေလာက္ေအာင္ပါပဲ ပရိသတ္ႀကီးေရ ..။

သူမရဲ႕ အလွပုံေလးေတြကို ဓာတ္ပုံေအာင္ေက်ာ္ထြန္းက ႐ိုက္ကူးေပးထားတာျဖစ္ၿပီး Story Board (Studio) မွာ႐ိုက္ကူးခဲ့တာပဲျဖစ္ပါတယ္ ။ မိုးေဟကို ခ်စ္ၾကတဲ့ ပရိသတ္ႀကီးအတြက္ ရင္သပ္ရႈေမာေလာက္ေအာင္ လွပလြန္းတဲ့ သူမရဲ႕ အလွပုံရိပ္ေလးေတြကို ခံစားႏိုင္ဖို႔ ထပ္ဆင့္မွ်ေဝေပးလိုက္ပါတယ္ေနာ္… ။

Source : Moe Hay Ko
Credit-(Cele Gabar)

စ်ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိတဲ့အလှတရားတွေနဲ့ ပရိသတ်ချစ်ခြင်းကို သိမ်းပိုက်ထားသူ သရုပ်ဆောင်မင်းသမီး မိုးဟေကိုကတော့ သူမရဲ့ခရီးသွားပုံရိပ်လေးတွေနဲ့အတူ တနေ့တခြား နုပျိုလှပလာတဲ့ သူမရဲ့အလှတရားတွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မကြာခဏ မျှဝေပေးနေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ဒီတစ်ခေါက်မှာတော့ ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလို လှပလွန်းတဲ့ သူမရဲ့ အလှပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ် ။

တန်ဖိုးမဖြတ်နိုင်တဲ့ မြန်မာမှုအမွေအနှစ်လက်ရာတွေနဲ့ ရဲ့ရင့်တည်ငြိမ်ပြီးခမ်းနားထည်ဝါတဲ့အလှတရားအတွက် ပန်းချီကားတစ်ချပ်ကိုကြည့်နေရသလို ပြန်လည်ခံစားသက်ဝင်ထားပါတယ်။ဒါကတော့ ကျွန်မ “မိုးဟေကို”ပါရှင် ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ ကျက်သရေရှိလွန်းတဲ့ မြန်မာဆန်ဆန် ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးခဲ့တာပါ ။ Makeup- May Oo (Magic) ကပြင်ဆင်ခြယ်သပေးထားတာဖြစ်ပြီး ဧရာဝတီ သစ်ခွခြံက တော်ဝင်သဇင်ပန်းတွေပန်ဆင်ထားတဲ့ မိုးတစ်ယောက်ကတော့ နန်းဆန်လွန်းလို့ အသက်ရှူမှားလောက်အောင်ပါပဲ ပရိသတ်ကြီးရေ ..။

သူမရဲ့ အလှပုံလေးတွေကို ဓာတ်ပုံအောင်ကျော်ထွန်းက ရိုက်ကူးပေးထားတာဖြစ်ပြီး Story Board (Studio) မှာရိုက်ကူးခဲ့တာပဲဖြစ်ပါတယ် ။ မိုးဟေကို ချစ်ကြတဲ့ ပရိသတ်ကြီးအတွက် ရင်သပ်ရှုမောလောက်အောင် လှပလွန်းတဲ့ သူမရဲ့ အလှပုံရိပ်လေးတွေကို ခံစားနိုင်ဖို့ ထပ်ဆင့်မျှဝေပေးလိုက်ပါတယ်နော်… ။

Source : Moe Hay Ko
Credit-(Cele Gabar)