နာရေးကူညီမှုအသင်းရဲ့ ဥက္ကဌနေရာကို ဆက်ခံဖို့ သတင်းတွေထွက်နေတဲ့အပေါ် ပြောပြလာတဲ့ သရုပ်ဆောင် ထွန်းကိုကို
ဆိုတဲ့ သတင်းလေးတင်ဆက်ပေးလိုက်ပါတယ်

လက်ရှိမော်ဒယ်သရုပ်ဆောင် လော ကမှာ နာမည်ကြီးနေရုံသာမက ပရဟိတအလုပ်တွေကိုပါ စွမ်းစွမ်းတမံကြိုးစားလုပ်ကိုင်နေတဲ့ထွန်းကိုကိုကတော့ နာရေးကူညီမှုအသင်းကိုဆက်ခံမယ့်သူလို့ သတင်းထွက်နေတဲ့အပေါ် အခုလိုပဲ တုံ့ပြန်လာခဲ့ပါတယ်။

ကျွန်တော်တို့ဘက်ကလည်း ပြင်ဆင် မှုတွေအများကြီး လိုသေးတယ် ကျွန်တော်ကိုယ်တိုင်ကလည်း လိုအပ်ချက်တွေအများကြီးရှိသေးတယ် အဲ့လိုနေရာတစ်ခုအတွက်လည်းလုပ်တာမဟုတ်တဲ့အတွက် ကျွန်တော်တို့က အသင်းအတွက်ပဲအကောင်းဆုံးလုပ်နေတုန်းပေါ့နော် ဒါကြီးကတော့ ကျွန်တော်မှမဟုတ်ဘူး တခြားသူလည်းဖြစ်သွားနိုင်ပါတယ်”

” ဖြစ်တဲ့သူကလည်း အကောင်းဆုံး ဆောင်ရွက် နိုင်ဖို့လိုတယ်ပေါ့နော် ကျွန်တော်တို့ကိုယ်တိုင်ကလည်း အောက်ခြေကအစ မလုပ်တတ်တဲ့နေရာမရှိအောင် မလုပ်ဖူးတဲ့နေရာမရှိအောင် အကုန်လုံးလိုက်လုပ် ထားတယ် အဲဒီ့တော့ ကိုယ့်ဘက်ကလည်းအကောင်းဆုံးပြည့်ဝအောင်ကြိုးစားပြီးဖြတ်သန်းနေတယ်ပေါ့နော် ဒါကတော့ တာဝန်တော့အရမ်းကြီးတယ်ပေါ့နော် ”

ဦးမောင်ကလည်းအကောင်းဆုံးစဉ်းစား နေတယ် ဆိုပေမယ့် ဘယ်လိုလူဆိုတာကိုလည်း ကျွန်တော်တို့မသိသေးဘူးပေါ့နော် လိုပါသေးတယ် ကျွန်တော်တို့အနေနဲ့လည်း တာဝန်အရမ်းကြီးတဲ့အလုပ် ဆိုတော့ ပြင်ဆင်မှုတွေ ကြိုးစားမှုတွေ တစ်ယောက်အကြောင်းတစ်ယောက်သိမှုတွေ အများကြီးထပ်ပြီး အချိန်ယူရဦးမှာ” လို့ ဆယ်လီရပ်ကွက်နဲ့ အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။

ကိုဗစ်ကာလတစ်လျှောက်လုံး အများအကျိုး အတွက်ပဲ ဆောင်ရွက်နေတဲ့ ထွန်းကိုကိုကတော့ ဒီကာလအသင်းမှာပဲအပြီးနေဖြစ်တယ်လို့ ဆိုထားပါတယ်။

First wave အပြီးလေးတော့ အိမ်ပြန် နေလိုက် ရတယ် ပြန်နေပြီးsecond wave ပြန်ဖြစ်ပြီးတော့ အသင်းမှာပဲနေလိုက်တာ တောက်လျှောက်ပဲ မိသားစုနဲ့လုံးဝမတွေ့ဖြစ်ဘူး ကိုယ်ကတောက်လျှောက်သွားနေတော့ကိုယ့်မှာကူးရင် မိသားစုကိုဆက်ကူးသွားမှာစိုးလို့ လုံးဝမသွားဘူ

အိမ်မှာလိုအပ်တာယူဖို့ပေးဖို့ဆိုရင် အိမ်ရှေ့ မှာပဲ မှန်တောင် မချဘူး နောက်တံခါးဖွင့်ပြီး ယူစရာရှိတာယူ ကားပေါ်တင်စရာတင်ပေးပြီး ပြန်တယ်ပေါ့ စကားတောင်ဖုန်းပဲပြောဖြစ်တယ် video callတောင် မခေါ်ဖြစ်ဘူး စိတ်ပူလို့ဖုန်းကတော့ တစ်နေ့ ၃ခါလောက်ဆက်တယ်” လို့ ဒီအင်တာဗျူးလေးမှာဖြေဆိုထားတာပါ။

Zaw Gyi







