နိုဝင်ဘာ (၂၉)ရက်နေ့ အခုလာမယ့် တနင်္ဂနွေနေ့မှ ပံ့သကူအတူပစ်ကြဖို့တိုက်တွန်တဲ့ စိန်လင်း Aroma

ရဲ့အကြောင်းလေးကို cele top stars ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။တန်ဆောင်မုန်းလပြည့်နေမှာ


ပံ့သကူပစ်ပြီး အတူကုသိုလ်ယူကြဖို့တိုက်တွန်းလာတဲ့ စိန်လင်း Aromaလာမယ့် နိုဝင်ဘာ (၂၉)ရက်နေ့ အခုလာမယ့် တနင်္ဂနွေနေ့မှာ

စိန်လင်း aromaက သူ နဲ့ အတူကုသိုလ်ယူပြီး တန်ဆောင်မုန် းလပြည့်ညမှာ ပံ့သကူအတူပစ်ကြဖို့ ပရိသတ်တွေကိုတိုက်တွန်းခဲ့ပါတယ် ။


ကိုယ်ပြန်ရမယ့် စီးပွား လာဘ်လာဘကို မမျှော်ကိုးပဲ စိတ်စေတနာ သန့်ရှင်းစွာ ပံ့သကူပစ်ပါ ၊ အစစအရာရာ ကြပ်တည်းလာတဲ့ ခေတ်မှာ

ပံ့သကူပစ်ပါ၊ ရတဲ့သူ ပျော်ရွှင်ပါစေ ဆိုတဲ့စာသားလေးနဲ့ ပံ့သကူပစ်ပုံကို ပရိသတ်တွေကိုဝေမျှပေးခဲ့တာပါ ။ငွေပမာဏ နည်းသည်


ဖြစ်စေ များသည်ဖြစ်စေ ပစ္စည်းပမာဏ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ကိုယ် တတ်နိုင်သည့် ပမာဏလေးကို စေတနာ

များစွာဖြင့် ပံ့သကူပစ်ပါ။နောင်ဘဝရမည့် ကုသိုလ် ယခုဘဝရမည့် ကုသိုလ် အသာထား ကြပ်တည်းနေကြတဲ့ အချိန်မှာ


ကိုယ့် ပံ့သကူလေးကြောင့် ရတဲ့သူပျော်ရွှင်သွားခဲ့ရင် ကိုယ်ပီတိဖြစ်ရတာက အခုချက်ခြင်းရတဲ့ အကျိုးကျေးဇူးပါ။

ချစ်စရာ့ ယဉ်ကျေးမှုလေးကို ချစ်တယ်ဆိုရင်ငွေ ၅၀၀ ဖြစ်စေ ဆန်အိတ်သေးသေးလေးဖြစ်စေ ဖန်ခွက်လေး တစ်ခုဖြစ်စေ


ပံ့သကူပစ်ပါသည်လို့ စာလေးရေးပြီးပံ့သကူပစ်ကြပါစို့ဗျာ ဆိုတဲ့ စာသားလေးနဲ့အတူ ပံ့သကူပစ်နည်းလေးကိုလည်း

ထပ်မံမျှဝေပေးခဲ့ပါသေးတယ် ။ပံ့သကူပစ်နည်းလေးကတော့

၁။ အိတ်နဲ့ ထည့်မှ ရမည်ဆို လျှင် ကြွပ်ကြွပ်အိတ် အကြည်သုံးပေးပါ

၂။ အိတ်မလိုရင် ဒီအတိုင်းလေး ပစ်ပါ အထူးအရေးကြီး တာက ပံ့သကူပစ်ပါသည် ဆိုတဲ့ စာလေး ကပ်ထားပေးဖို့ပါပဲ။


တစ်နှစ်လုံးမှာမှ တန်ဆောင်မုန်းလပြည့်ည တစ်ရက်တည်း ပံ့သကူပစ်ရတဲ့ အစဉ်အလာလေး ပိုပြီးတွင်ကျယ်လာအောင်

တစ်ဖက်တစ်လမ်းက ပါဝင်ကြရအောင် ပရိသတ်ကြီးရေ ..။ ရယူရတဲ့ ပျော်ရွှင်မှုထက် ပေးကမ်းလို့ရတဲ့ ပျော်ရွှင်မှုက

ပိုအေးချမ်းတယ်ဆိုတာလေးကို လုပ်ကြည့်ကြရအောင်နော် ။အစမှ အဆုံးဖတ် ပေးသော Cele top stars

ပရိတ်သတ်ကြီးအားကျေးဇူးတင်ပါတယ် ။အနုပညာရှင်တွေရဲ့ သတင်းတွေကို အစဉ်အပျက် တင်ဆက်ပေးနေသော

cele top stars page လေးကို like and share လေးပြုလုပ်ပေးကျပါအုံးနော်…