


Source: Phway Phway ‘s fb

ချစ်ပရိသတ်ကြီးရေ နာမည်လေးနဲ့လိုက်အောင် ဖြူဖြူဖွေးဖွေးလေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ အကယ်ဒမီ သရုပ်ဆောင် မင်းသမီးချောလေး ဖွေးဖွေးကတော့ ပရိသတ်တွေရဲ့ အချစ်မေတ္တာတွေကို အပိုင်စားရရှိထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖွေးဖွေးကတော့ သူမရဲ့ အနုပညာသက်တမ်း (၁၃) နှစ်ကျော်မှာ တစ်နိုင်ငံလုံးကပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာ၊ အောင်မြင်မှု၊ ကျော်ကြားမှု ဂုဏ်သတင်းတွေများစွာကို ရရှိပိုင်ဆိုင်နိုင်ခဲ့ပြီး ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖွေးဖွေးကတော့ အောင်မြင်မှုဂုဏ်အရှိန်တွေထက် ပရိသတ်တွေရဲ့ မေတ္တာနဲ့ အားပေးမှုကိုသာ ပိုမိုမက်မောတောင့်တသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

အောင်မြင်မှုနောက်ကို တကောက်ကောက်လိုက်မနေတဲ့ ဖွေးဖွေးက (၂၀၂၁) ခုနှစ်ရဲ့ နှစ်စမှာလည်း အလုပ်တွေထက် သူမရဲ့ စိတ်ရောကိုယ်ပါ အေးချမ်းစေဖို့ကိုသာ ပြုလုပ်နေလျက်ရှိပါတယ်။ ဖွေးဖွေးကတော့ အေးချမ်းလှတဲ့ ဘုရားရိပ်၊ တရားရိပ်ကို ခိုလှုံရင်း ပုတီးစိပ်၊ မေတ္တာပို့ကာ “သင့်နှလုံးသားနှင့် စိတ်နှလုံး ပြန်လည်ငြိမ်းချမ်းပါစေ…” ဆိုပြီး ပရိသတ်တွေအတွက်လည်း တောင်းဆုပို့သပေးခဲ့ပါသေးတယ်။

ဖွေးဖွေးကတော့ နှစ်တစ်နှစ်ရဲ့အစကို ဘာသာရေးနဲ့ ကုသိုလ်ရေးတွေ ပြုလုပ်ရင်း ကျက်သရေမင်္ဂလာရှိရှိဖြတ်သန်းခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source: Phway Phway ‘s fb
Credit – Cele Connections