crd-myanmarload
ချစ်ပရိတ်သတ်ကြီးရေ ……သရုပ်ဆောင် မင်းသမီးချောလေး ဝေလာရီဟာဆိုရင် တက်သစ်စအနုပညာပညာရှင်လေးဖြစ်ပေမယ့် သူမရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ပရိတ်သတ်တွေရဲ့ ရင်ထဲမှာနေရာတစ်နေရာရရှိထားတာပဲဖြစ်ပါတယ်နော်။ ဝေလာရီဟာ အဆိုတော်လိမ္မော်သီးရဲ့ ချစ်ညီမလေးတစ်ယောက်ဖြစ်ပြီး မွန်တိုင်းရင်းသူလေးတစ်ယောက်ဖြစ်တဲ့အပြင် အပြုံးချိူချိူလေးတွေနဲ့ ပရိတ်သတ်ရဲ့ အချစ်တွေကို ဖမ်းစားထားနိုင်သူလေးတစ်ယောက်ဆိုလဲမမှားပါဘူးနော်….။
သူမဟာဆိုရင် MRTV 4 ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေတဲ့ မင်းသမီးလေးဖြစ်ပြီး ယခုထုတ်လွှင့်ပြသနေတဲ့ “မမှီဝဲနဲ့ကင်းအောင်နေ ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲထဲမှာ “ဆောင်း” ဆိုတဲ့ကောင်မလေးတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။ ဝေလာရီဟာ အခုနောက်ပိုင်းမှာဆိုရင်လဲ အနုပညာလှုပ်ရှားမှုအပြင် Online ကနေ Live Sale ရောင်းချနေပြီး ပရိတ်သတ်နဲ့ အဆက်သွယ်မပြတ်ရှိနေတာလဲဖြစ်ပါတယ်နော်…။
ဝေလာရီဟာ မိဘအပေါ်သိတတ်လွန်းတဲ့သမီးလိမ္မာလေးဖြစ်တာကြောင့် ပရိတ်သတ်တွေက သူမကို ချစ်ပြီးရင်းချစ်နေကြတာလဲဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း ဝေလာရီဟာ သူမရဲ့ Facebook My Day မှာ ပရိတ်သတ်တွေစိတ်ဝင်စားနေကြတဲ့ ကောင်လေးပုံစံကို ” ပြတ်သားတဲ့စိတ်ရှိတဲ့ ကောင်လေးမျိုး ကို သဘောကျတယ် အခုထိတော့မတွေ့သေးဘူး” ဆိုပြီးရေးသားခဲ့တာပဲဖြစ်ပါတယ်နော်…။ ဖတ်ရှုပေးတဲ့ ချစ်ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်….။
crd-myanmarload