ခ်စ္လွစြာေသာပရိတ္သတ္ႀကီးေရ သရုပ္ေဆာင္ အကယ္ဒမီ ထက္ထက္မိုးဦးကေတာ့ လူၾကီး၊ လူငယ္၊ ကေလးမေရြးခ်စ္ခင္ အားေပးျခင္းခံရတဲ့ ေအာင္ျမင္မႈအ ရွည္ၾကာဆံုး မင္းသမီးေခ်ာတစ္ေယာက္ပါပဲ။ ထက္ထက္မိုးဦးက အခုဆိုရင္ အသက္အရြယ္တစ္ခုကို ေရာက္ရိွေနျပီျဖစ္ေပမယ့္ ပရိသတ္ေတြက သူမကိုခ်စ္ၾကတဲ့ အခ်စ္ေတြကေတာ့ ေလ်ာ့နည္းသြားျခင္းမရိွပဲ တစ္ေန့တစ္ျခား ပိုလို့ေတာင္ တိုးပြားလာတာပဲ ျဖစ္ပါတယ္။အကယ္ဒမီ ထက္ထက္မိုးဦးကေတာ့ လက္ရိွမွာ အနုပညာအလုပ္ေတြထက္ လုပ္ငန္းရွင္ၾကီးေတြရဲ့ ကုန္ပစၥည္းအမ်ိုးမ်ိဳးကို အြန္လုိင္းကေန ေရာင္းခ်ေနျပီး ပရိသတ္ေတြရဲ့ အတူတူ ျပဳနုိင္မယ့္ ကုသိုလ္ေတြကိုလည္း ျပဳလုပ္ေနတာပဲ ျဖစ္ပါတယ္..။

ဒီကေန့မွာေတာ့ သ႐ုပ္ေဆာင္အကယ္ဒမီ ထက္ထက္မိုးဦးက နွစ္သစ္မွာ ပရိသတ္ေတြနဲ့ ကုသိုလ္ေတြအမ်ားၾကီး ျပုလုပ္နိုင္ခဲ့ေၾကာင္း “ ခ်စ္ရသူေတြနဲ႔ အတူ ထက္တို႔ ႏွစ္သစ္မွာ ကုသိုလ္ယူခဲ့ၾကတာေတြ အမ်ားႀကီးပဲေနာ္။ခ်စ္ရသူေတြပါဝင္တဲ့ အလႈမို႔ အားလုံး ကုသိုလ္ေတြရမွာအေသအခ်ာပဲ။ မႏၲေလးမွာဆို ဘိုးဘြားရိပ္သာ၊မိဘမဲ့ေက်ာင္း ေတြကို ဘုရင္ကမုန္႔ေတြ လႉခဲ့ရတယ္။ Royal D နဲ႔ဆိုလည္း ဘူးေပါင္း ၁ သိန္း ေက်ာ္ကို ျမန္မာတစ္ႏိုင္ငံလုံးမွာရွိတဲ့ Covid Center ေတြမွာ ခ်စ္ရသူေတြနဲ႔ အတူတူ လႉခဲ့ရတယ္။ ထက္ကိုယ္တိုင္ အလႉအားလုံး လိုက္လႉခ်င္ေပမယ့္ က်န္းမာေရးေၾကာင့္မို႔ပါလို႔ ႏွလုံးေရာဂါရွိလို႔ ဒီကာလမွာ အထူးဂ႐ုစိုက္ေနရတယ္။ Covid ႀကီး ၿပီးသြားရင္လည္း ငယ္ငယ္ကလို အလႉႀကီးေတြကို ခ်စ္ရသူေတြနဲ႔ အတူတူ လႉၾကမယ္ေနာ္ ” ဟုဆိုျပီး ေျပာလာပါတယ္..။

ႏိုင္ငံေက်ာ္အကယ္ဒမီသ႐ုပ္ေဆာင္ ထက္ထက္မိုးဦးကေတာ့ ပရိသတ္ေတြနဲ့ ကုသိုလ္ယူခဲ့တဲ့ အလွဴေတြအားလံုးကို ကိုယ္တိုင္လွဴခ်င္ေပမယ့္ ေရာဂါေၾကာင့္ စိတ္သြားတိုင္းကိုယ္မပါေၾကာင္း ေျပာလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုကၸါတယ္ေနာ္..။

Source: Htet Htet Moe Oo ‘s fb

ချစ်လှစွာသောပရိတ်သတ်ကြီးရေ သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးကတော့ လူကြီး၊ လူငယ်၊ ကလေးမရွေးချစ်ခင် အားပေးခြင်းခံရတဲ့ အောင်မြင်မှုအ ရှည်ကြာဆုံး မင်းသမီးချောတစ်ယောက်ပါပဲ။ ထက်ထက်မိုးဦးက အခုဆိုရင် အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပေမယ့် ပရိသတ်တွေက သူမကိုချစ်ကြတဲ့ အချစ်တွေကတော့ လျော့နည်းသွားခြင်းမရှိပဲ တစ်နေ့တစ်ခြား ပိုလို့တောင် တိုးပွားလာတာပဲ ဖြစ်ပါတယ်။အကယ်ဒမီ ထက်ထက်မိုးဦးကတော့ လက်ရှိမှာ အနုပညာအလုပ်တွေထက် လုပ်ငန်းရှင်ကြီးတွေရဲ့ ကုန်ပစ္စည်းအမျိုးမျိုးကို အွန်လိုင်းကနေ ရောင်းချနေပြီး ပရိသတ်တွေရဲ့ အတူတူ ပြုနိုင်မယ့် ကုသိုလ်တွေကိုလည်း ပြုလုပ်နေတာပဲ ဖြစ်ပါတယ်..။

ဒီကနေ့မှာတော့ သရုပ်ဆောင်အကယ်ဒမီ ထက်ထက်မိုးဦးက နှစ်သစ်မှာ ပရိသတ်တွေနဲ့ ကုသိုလ်တွေအများကြီး ပြုလုပ်နိုင်ခဲ့ကြောင်း “ ချစ်ရသူတွေနဲ့ အတူ ထက်တို့ နှစ်သစ်မှာ ကုသိုလ်ယူခဲ့ကြတာတွေ အများကြီးပဲနော်။ချစ်ရသူတွေပါဝင်တဲ့ အလှုမို့ အားလုံး ကုသိုလ်တွေရမှာအသေအချာပဲ။ မန္တလေးမှာဆို ဘိုးဘွားရိပ်သာ၊မိဘမဲ့ကျောင်း တွေကို ဘုရင်ကမုန့်တွေ လှူခဲ့ရတယ်။ Royal D နဲ့ဆိုလည်း ဘူးပေါင်း ၁ သိန်း ကျော်ကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ Covid Center တွေမှာ ချစ်ရသူတွေနဲ့ အတူတူ လှူခဲ့ရတယ်။ ထက်ကိုယ်တိုင် အလှူအားလုံး လိုက်လှူချင်ပေမယ့် ကျန်းမာရေးကြောင့်မို့ပါလို့ နှလုံးရောဂါရှိလို့ ဒီကာလမှာ အထူးဂရုစိုက်နေရတယ်။ Covid ကြီး ပြီးသွားရင်လည်း ငယ်ငယ်ကလို အလှူကြီးတွေကို ချစ်ရသူတွေနဲ့ အတူတူ လှူကြမယ်နော် ” ဟုဆိုပြီး ပြောလာပါတယ်..။

နိုင်ငံကျော်အကယ်ဒမီသရုပ်ဆောင် ထက်ထက်မိုးဦးကတော့ ပရိသတ်တွေနဲ့ ကုသိုလ်ယူခဲ့တဲ့ အလှူတွေအားလုံးကို ကိုယ်တိုင်လှူချင်ပေမယ့် ရောဂါကြောင့် စိတ်သွားတိုင်းကိုယ်မပါကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက္ပါတယ်နော်..။

Credit – Cele Connections