


Crd

ချစ်ပရိသတ်ကြီးရေ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားတစ်ဦး ဖြစ်တဲ့ သရုပ်ဆောင် ပိုင်တံခွန်ကတော့ သန်မာထွား ကြိုင်းတဲ့ အမိုက်စား ဘော်ဒီကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပြီး ပြည်ပနိုင်ငံများမှာပါ နာမည် ဂုဏ်သတင်း မွှေးပျံ့နေသူလည်း ဖြစ်ပါတယ်။ သူဟာ မော်ဒယ် အဖြစ်နဲ့ စတင်ဝင်ရောက်လာခဲ့ပြီး အခုမှာတော့ မင်းသားအဖြစ်နဲ့ ရုပ်ရှင်ဇာတ်ကားကြီးများတွင်ပါ ပါဝင်သရုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။ ဖက်ရှင်ကျကျဝတ်စားတတ်တဲ့ ပိုင်တံခွန်ကိုတော့ ထိုင်းမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးမှုတွေကိုပါ ရရှိထားတာလည်း ဖြစ်ပါတယ်။

မင်းသား ပိုင်တံခွန်ဟာ မကြာသေးခင်က မြဝတီ မြို့တွင် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ပြီး လတ်တလေ ာမှာတော့ ရန်ကုန်သို့ ပြန်ရောက်ကာ အနုပညာအလုပ်တွေ ပြန်လည်လှုပ်ရှားနေပြီပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ချစ်သူရဲ့ ရှုတင်ကို သွားရောက်ကာ စောင့်ဆိုင်းပေးနေခဲ့တာလည်း ဖြစ်ပါတယ်။ ပိုင်တံခွန်ကောင်မလေးရဲ့ Instagram Story မှာလည်း ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ပါးလေးကိုကိုင်ပြီးချစ်စနိုးနဲ့လိုက်စနေတဲ့ ချစ်သူရဲ့လက်ကလေးကိုဖွဖွလေးကိုက်ကာ ပြန်ပြီးကျီစယ်လိုက်တဲ့ ပိုင်တံခွန်ရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးဟာ နေနဲ့လ ရွှေနဲ့မြပမာ လိုက်ဖက် ညီလွန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစား နိုင်အောင် ပိုင်တံခွန်တို့ ချစ်သူနှစ်ဦးရဲ့ ပုံရိပ်ေ လးကို တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်…။

Source and Photo Crd- Paing Takhon’s Facebook Account
Crd