အိမ်လခ ပိုက်ဆံ သိန်း (၃၀)မပေးနိုင်လို့ ရက်ကလေးရွှေ့တာ.. အိမ်ပေါ်ကဆင်းပေးဖို့နှင်ချခံရတဲ့အထိအဆင်မပြေဖြစ်ခဲ့တဲ့အကြောင်းကို စိတ်မကောင်းစွာ ရင်ဖွင့်လာ
သရုပ်ဆောင် ညီနန္ဒကတော့ သရုပ်ဆောင်မင်းသားဘဝနဲ့ နှစ်ပေါင်းများစွာ ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ရရှိနေသူတစ်ဦးပါ ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ညီနန္ဒ က ပိုက်ဆံ သိန်း (၃၀) မပေးနိုင်လို့ အိမ်ပေါ်က နှင်ချခံခဲ့ရတဲ့ အကြောင်း ပြောပြလာခဲ့တာပါ

အဲ့ဒါကတော့ ဘုရားတရားကျေးဇူးပါပဲညီလေးရေ ၂၀၁၈ ကိုယ်ရန်ကုန်ကို ပြန်ရောက်လာတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် လိပ်ပြာမသန့်ဘူး သိမ်ငယ်တယ် လူကြားထဲလည်း သိပ်မသွားချင်ဘူး အဲ့လိုမျိုးအချိန်မှာ ကိုယ် ဘုရားတရားကိုပဲသစ္စာဆိုပြီး လုပ်ဖြစ်တယ်

ကိုယ့်ရဲ့ သစ္စာ မှန်လို့ ဒီနေရာလေးကိုယ်ပြန်ရလာတဲ့အချိန်မှာ အရင်တုန်းက မိတ်ဆွေဟောင်းတွေပေါ့ ဒီမိတ်ဆွေဟောင်းတွေက ကိုယ်ကသာ လိပ်ပြာမသန့်လို့ ဒီလူတွေနဲ့ တွေ့ဖို့ မဝံ့မရဲ ဖြစ်နေတာ အားလုံးက Welcome ပဲ

အဲ့ဒီအချိန် ၂၀၁၈ ကနေ အခုအချိန်ထိမှာလည်း မိတ်ဆွေကောင်းနဲ့ မိတ်ဆွေသစ် အများကြီးရခဲ့တယ် အများကြီးကိုရခဲ့တာ အဲ့ဒီထဲမှာမှ အကောင်းဆုံးဆိုရင် ကိုယ်တို့ရဲ့ အခုစီးနေတဲ့ကားကို ဖြစ်အောင်လို့ လုပ်ပေးလိုက်တဲ့ ကိုယ်အမြဲ Facebook မှာကိုယ်ရေးတဲ့ မွေးစားအဖေဆိုတာပေါ့နော်

ကိုယ့်ထက်အသက်အများကြီးကြီးတာကိုး ကိုအောင် မမိုးဆိုတာလေ သူတို့ဆိုရင် တကယ့် မိတ်ဆွေကောင်းပဲ အံ့ဩစရာကောင်းတယ် ညီလေးရာ ကိုယ်တို့ Taxi စီးနေရတာကို မကြည့်ရက်လို့တဲ့ ကိုယ်တို့ကို စီစဉ်ပေးတယ် ကားငှားစီးတဲ့ Amount လေးသိန်းကျော်လောက်လေးနဲ့ပဲ လစဉ် သွင်းပြီး ဒီကားလေး ပိုင်ခဲ့တာပေါ့နော် ဒီလို မိတ်ဆွေကောင်းတွေရတယ်

နောက် ညီမလေး ဆုပန်ထွာနဲ့ ကိုဥက္ကာကျော် ဆိုရင်လည်း အဲ့ဒီကာလမှာ ပိုက်ဆံပြတ်ရင် ၃ ၄ ၅ သိန်းဆို ချက်ချင်းထုတ်ပေးတယ် နောက်ကျတော့ ကိုယ်ပြတ်ခါနီးဆိုရင် ကိုဥက္ကာတို့ရှိတာပဲဆိုပြီး စိတ်အားတင်းနိုင်တဲ့ အထိ စိတ်ခွန်အားတွေပေးခဲ့တယ်

လွန်ခဲ့တဲ့ တစ်နှစ်လောက်ဆိုရင်အိမ်လခ ၆ လစာပေးဖို့ကို သိန်း ၃၀ ကျော်ပေါ့နော် ပေးဖို့ကို ရက်ကလေးရွှေ့တာ လုံးဝအိမ်ရှင်က အိမ်ပေါ်ကနှင်ချတယ်ညီလေး မပေးနိုင်ရင် ဆင်းတော့ ဆိုတော့ အဲ့ဒီမှာ ပြာယာတွေခတ်ပြီး ဟိုလူ့ကယ်ပါ ဒီလူ့ကယ်ပါနဲ့ အဲ့ဒီအချိန်မှာ ကိုယ့်သမီးလေးကလည်း အစာအိမ်ယောင်ပြီးတော့ ဆေးရုံတင်ရတယ် သမီးလေးအတွက် ရှစ်သိန်းလောက်ကုန်ခဲ့တယ်

အဲ့ဒီအချိန်မှာဆိုရင်လည်း ခုနကပြောခဲ့တဲ့ ကိုယ့်မွေးစားအဖေနဲ့အမေ ဆုပန်ထွာနဲ့ ကိုဥက္ကာ ပြီးတော့ စည်ဖြိုး အိမ်အထိကိုလာပြီး ငွေလာပေးသွားတာ ကိုယ်ခရီးထွက်နေတာအဲ့ချိန်မှာ ကိုယ့်မှာပြာယာတွေခတ်နေတာ

ကိုယ်တို့ရုပ်ရှင်အစည်းအရုံးနဲ့ ရေနံချောင်းမှာ အပင်သွားစိုက်တဲ့အချိန် တယ်လီဖုန်းတွေလိုက်ဆက်ရတာပေါ့ ကိုယ့်အမျိုးသမီးနဲ့ အိမ်ကလူကြီးတွေကိုလည်း ကိုယ်မပြောဘူး ကိုယ့်ဟာကိုယ်ဖြေရှင်းတာ

စည်ဖြိုးဆိုရင် အကိုရတယ်စိတ်ချဆိုပြီး ညီမလေး ခင်လွှမ်းနဲ့ အိမ်အထိလာပေးသွားတာ နောက်ပြီးတော့ ယုန်လေး ယုန်လေးလည်းအကို့ကို နောက်ထပ် ၅ လလောက်မှရိုက်မယ့် Underground ဇာတ်ကားအတွက် ပိုက်ဆံကြိုထုတ်ပေးခဲ့တာ ဒီဟာတွေသည် ကိုယ် အိမ်ဖိုးဖြေရှင်းလိုက်နိုင်တယ်

နောက်ပြီးတော့ ကိုယ့်သမီးလေးဆေးရုံတက်ရတဲ့ဖိုးလေးတွေကိုယ်ရှင်းလိုက်နိုင်တာပေါ့ အဲ့ဒီလို မိတ်ဆွေကောင်းတွေရှိလို့ အကိုဒီလိုရပ်တည်နိုင်တာပေါ့

အခုကိုနန္ဒထောပတ်ထမင်းဆိုရင်လည်း သူငယ်ချင်းတွေမိတ်ဆွေတွေအကုန်လုံး ဝိုင်းကူညီပေးကြလို့ လူသိလာတာပါ အကိုဒီလိုလေးပြန်ရပ်တည်နိုင်တာ မိတ်ဆွေ ကောင်းတွေရခဲ့တဲ့ အပြင် အကို ဘုရားတရားနဲ့သမာဓိကောင်းအောင်လုပ်ဆောင်ခဲ့လို့လည်းပါပါတယ် ” လို့ ပြောပြလာခဲ့တာဖြစ်ပါတယ်

ညီနန္ဒကတော့ ဘဝကို ခက်ခဲစွာဖြတ်ကျော်ခဲ့ရတဲ့အကြောင်း ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

အနုပညာရှင်တွေရဲ့ သတင်းတွေကို အစဉ်အပျက် တင်ဆက်ပေးနေသော cele top stars page လေးကို like and share လေးပြုလုပ်ပေးကျပါအုံးနော်…

Unicode Version

အိမ်လခ ပိုက်ဆံ သိန်း (၃၀)မပေးနိုင်လို့ ရက်ကလေးရွှေ့တာ.. အိမ်ပေါ်ကဆင်းပေးဖို့နှင်ချခံရတဲ့အထိအဆင်မပြေဖြစ်ခဲ့တဲ့အကြောင်းကို စိတ်မကောင်းစွာ ရင်ဖွင့်လာတဲ့ညီနန္ဒ…အကြောင်းလေးကို cele top stars ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

သရုပ်ဆောင် ညီနန္ဒကတော့ သရုပ်ဆောင်မင်းသားဘဝနဲ့ နှစ်ပေါင်းများစွာ ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ရရှိနေသူတစ်ဦးပါ ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ညီနန္ဒက ပိုက်ဆံ သိန်း (၃၀) မပေးနိုင်လို့ အိမ်ပေါ်က နှင်ချခံခဲ့ရတဲ့ အကြောင်း ပြောပြလာခဲ့တာပါ