


Creditး Famous Stars

ပရိတ်သတ်ကြီးရေ အခုလက်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဒီရက်ပိုင်းအတွင်းမှာ အနုပညာရှင်များစွာနဲ့ လူပုဂ္ဂုလ်တော်တော်များများ ဖမ်းဆီးခံရခြင်း၊ဝရမ်းထုတ်ခံရခြင်းတွေကိုအဆက်မပြတ် ဖြစ်ပေါ်နေတာကြောင့် ပရိတ်သတ်တွေကလည်းများစွာ စိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်နော်…။

ပုဒ်မ ၅၀၅(က) ဝရမ်းစာရင်းမှာ အောင်မြင်နေတဲ့ အနုပညာရှင်တွေ ပါဝင် နေတာကို တွေ့ရပါတယ်။ ဒီနေ့ ဧပြီလ ၁၅ ရက်နေ့မှာ ထပ်မံ ထုတ်ပြန်လိုက်တဲ့ အနုပညာရှင် နှင့် အခြားလူပုဂ္ဂိုလ်အယောက်(၂၀) စာရင်းမှာ သရုပ်ဆောင် ခေးဆက်သွင်နဲ့ဘုန်းဆက်သွင်တို့လည်း ပါဝင်ခဲ့ပါတယ်။တကယ့်နာမည်ကျော် အနုပညာရှင်များစွာလည်း ဝရမ်းထုတ်ခံထားရတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်နော်.။

ဒါ့အပြင် ယနေ့ဧပြီလ ၁၅ ရက်နေ့ ညနေပိုင်းကလာ်း ပုဒ်မ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရတဲ့ သရုပ်ဆောင် ဇင်ဝိုင်းနဲ့ပိုပိုတို့ကို ရန်ကုန်မြို့ရှိသူတို့ရဲ့နေအိမ်အသီးသီးမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့များက ဖမ်းဆီးခံရမိခဲ့ကြောင်း သိရပါတယ်နော်

Credit း Famous Stars