မဂၤလာပါ ပရိသတ္ႀကီးေရ.. ခိုင္ႏွင္းေဝလို႔ ဆိုလိုက္တာနဲ႔ လူမမယ္ မိဘမဲ့ကေ လးငယ္ေလးေတြ အတြက္ ခိုကိုးရာအျဖစ္ ပရိသတ္ေတြေလးစားခ်စ္ခင္ၾကရတဲ့ အႏုပညာရွင္ပရဟိတမင္းသမီးေခ်ာတစ္ဦးကို အားလုံးပဲ ျမင္ေယာင္မိၾကမွာပါေနာ္..။ ခိုင္ႏွင္းေဝဟာ အႏုပညာ အလုပ္ေတြကို လုပ္ေဆာင္ေနတဲ့အျပင္ ပရဟိတအလုပ္ေတြမွာလည္း ခြန္အားအျပည့္နဲ႔ ႀကိဳးစားလုပ္ေဆာင္ေနသဘို လက္ရွိအေျခအေနေတြမွာလည္း လိုအပ္တဲ့ေနရာေလးေတြမွာ ပါဝင္ အားျဖည့္ေနသူေလးပါ..။ ေတာ္လွန္ေရးတိုက္ပြဲမွာအသက္ေပးသြားၾကတဲ့ ျပည္သူေတြအတြက္ ဝမ္းနည္းစိတ္မေကာင္းၾကရသလို ပဲခူးမွာ က်ည္ဆတ္ထိမွန္ၿပီး က်ဆုံးသြားတဲ့ လူငယ္ေလးႏွစ္ေယာက္ရဲ့ ဈာပန အခမ္းအနားေလးကိုလည္း ကိုယ္တိုင္သြ ားေရာက္ခဲ့ၿပီး ေဖးမကူညီခဲ့ပါတယ္..။

ကြယ္လြန္သူ သူရဲေကာင္းေလးႏွစ္ေယာက္ရဲ့ က်န္ရစ္သူ မိသားစုေတြကိုလည္း အကူေငြေတြ ေပးအပ္လႉဒါန္းၿပီး အားေပး ကူညီခဲ့သလို လူသားခ်င္းစာနာၿပီး ျပည္သူေတြအႏၲရာယ္ကင္းေစဖို႔ကိုလည္း ခံျပင္းစိတ္ေတြနဲ႔အတူ ဆုေတာင္းစကားေလးဆိုထားပါေသးတယ္..။ “ပဲခူးမွာ က်ည္ဆန္ထိမွန္ၿပီး က်ဆုံးသြားတဲ့ အာဇာနည္ ေမာင္ေလး (၂)ဦးရဲ့ ဈာပနာ အခမ္းအနားကို လိုက္ ပို႔ေပးခဲ့ပါတယ္ရွင္…က်န္ရစ္သူ မိသားစုမ်ား နဲ႔ ထပ္တူ ဝမ္းနည္းပူေဆြးရပါတယ္… က်န္ရစ္သူ မိသားစု (၂)စု အ တြက္ တစ္ဦးကို (၁၀)သိန္း စီျဖင့္ သိန္း(၂၀) တိတိ လႉဒါန္းေပးခဲ့ပါတယ္..

လူ အခ်င္းခ်င္းသတ္ျဖတ္ျခင္း ကင္းေဝးၿပီး လူသားခ်င္း စာနာနိုင္ၾကပါေစလို႔ ခံျပင္းစိတ္နဲ႔ ဆုေတာင္း မိပါတယ္ရွင္..” ဆိုၿပီး မၽွေဝထားတာပါ..။ သူရဲေကာင္းျပည္သူႏွစ္ဦးရဲ့ နာေရးျမင္ကြင္းကိုလည္း ပရိသတ္ေတြ စိတ္မေကာင္းျဖစ္ေနၾကၿပီး မိသားစုဝင္ေတြနဲ႔အတူ ထပ္တူခံစားေနၾကရတဲ့အေၾကာင္းေလးေတြ ကိုလည္း Comment ေလးေတြမွာ ေရးသား ထားၾကတာ ေတြ႕ရပါတယ္..။

Photo Credit – Khine Hnin Wai’s Fb Acc
Credit

မင်္ဂလာပါ ပရိသတ်ကြီးရေ.. ခိုင်နှင်းဝေလို့ ဆိုလိုက်တာနဲ့ လူမမယ် မိဘမဲ့ကေ လးငယ်လေးတွေ အတွက် ခိုကိုးရာအဖြစ် ပရိသတ်တွေလေးစားချစ်ခင်ကြရတဲ့ အနုပညာရှင်ပရဟိတမင်းသမီးချောတစ်ဦးကို အားလုံးပဲ မြင်ယောင်မိကြမှာပါနော်..။ ခိုင်နှင်းဝေဟာ အနုပညာ အလုပ်တွေကို လုပ်ဆောင်နေတဲ့အပြင် ပရဟိတအလုပ်တွေမှာလည်း ခွန်အားအပြည့်နဲ့ ကြိုးစားလုပ်ဆောင်နေသဘို လက်ရှိအခြေအနေတွေမှာလည်း လိုအပ်တဲ့နေရာလေးတွေမှာ ပါဝင် အားဖြည့်နေသူလေးပါ..။ တော်လှန်ရေးတိုက်ပွဲမှာအသက်ပေးသွားကြတဲ့ ပြည်သူတွေအတွက် ဝမ်းနည်းစိတ်မကောင်းကြရသလို ပဲခူးမှာ ကျည်ဆတ်ထိမှန်ပြီး ကျဆုံးသွားတဲ့ လူငယ်လေးနှစ်ယောက်ရဲ့ ဈာပန အခမ်းအနားလေးကိုလည်း ကိုယ်တိုင်သွ ားရောက်ခဲ့ပြီး ဖေးမကူညီခဲ့ပါတယ်..။

ကွယ်လွန်သူ သူရဲကောင်းလေးနှစ်ယောက်ရဲ့ ကျန်ရစ်သူ မိသားစုတွေကိုလည်း အကူငွေတွေ ပေးအပ်လှူဒါန်းပြီး အားပေး ကူညီခဲ့သလို လူသားချင်းစာနာပြီး ပြည်သူတွေအန္တရာယ်ကင်းစေဖို့ကိုလည်း ခံပြင်းစိတ်တွေနဲ့အတူ ဆုတောင်းစကားလေးဆိုထားပါသေးတယ်..။ “ပဲခူးမှာ ကျည်ဆန်ထိမှန်ပြီး ကျဆုံးသွားတဲ့ အာဇာနည် မောင်လေး (၂)ဦးရဲ့ ဈာပနာ အခမ်းအနားကို လိုက် ပို့ပေးခဲ့ပါတယ်ရှင်…ကျန်ရစ်သူ မိသားစုများ နဲ့ ထပ်တူ ဝမ်းနည်းပူဆွေးရပါတယ်… ကျန်ရစ်သူ မိသားစု (၂)စု အ တွက် တစ်ဦးကို (၁၀)သိန်း စီဖြင့် သိန်း(၂၀) တိတိ လှူဒါန်းပေးခဲ့ပါတယ်..

လူ အချင်းချင်းသတ်ဖြတ်ခြင်း ကင်းဝေးပြီး လူသားချင်း စာနာနိုင်ကြပါစေလို့ ခံပြင်းစိတ်နဲ့ ဆုတောင်း မိပါတယ်ရှင်..” ဆိုပြီး မျှဝေထားတာပါ..။ သူရဲကောင်းပြည်သူနှစ်ဦးရဲ့ နာရေးမြင်ကွင်းကိုလည်း ပရိသတ်တွေ စိတ်မကောင်းဖြစ်နေကြပြီး မိသားစုဝင်တွေနဲ့အတူ ထပ်တူခံစားနေကြရတဲ့အကြောင်းလေးတွေ ကိုလည်း Comment လေးတွေမှာ ရေးသား ထားကြတာ တွေ့ရပါတယ်..။

Photo Credit – Khine Hnin Wai’s Fb Acc
Credit