ကိုယ်တိုင် ကိုဗစ်ပိုးတွေ့လူနာအဖြစ် ကုသမှုခံယူခဲ့ရပေမယ့် ဒီရောဂါကြီးကို အမှုမထားဘဲ ကိုဗစ်လူနာတွေကို ပြန်လည်ကူညီဖို့ လုပ်အားပေးဆရာဝန်အဖြစ် ထမ်းဆောင်နေသူကတော့ စိန်ဖြိုးလှိုင်ပါ။ စိန်ဖြိုးလှိုင်ကတော့ လတ်တလော ဖောင်ကြီးကုသရေးစင်တာမှာ တာဝန်ထမ်းဆောင်နေတာ တစ်လနီးပါးရှိနေပြီဖြစ်ပြီး ဒီနေ့မှာတော့ ပြန်ရခါနီးလေ အိမ်ကိုသတိရစိတ်တွေပိုလို့တိုးလာတဲ့ သူ့ရင်ထဲက ခံစားချက်တွေကို မျှဝေလာပါတယ်။

ကျွန်တော်မကြာခင် တာဝန်ရက်စေ့လို့ အိမ်ပြန်ရတော့မယ်။ ရောက်ကာစက အရာရာ အဆင်ပြေပေမယ့် ပြန်မယ့်ရက်နီးလာတာနဲ့အမျှ အိမ်ကိုသတိရတဲ့စိတ်ကပိုလာပါတယ်။ ပျဉ်ကျဲကျဲပေါ် မွှေ့ရာပါးပါးလေးခင်းထားတဲ့ ကုတင်ပေါ်မှာ (၄)နာရီထက်ပိုအိပ်ရင် ကျောနာလာပြီ။နေ့တိုင်းစားနေကျ ထမင်းဟင်းတွေကို မမြင်ချင်လောက်အောင်ငြီးငွေ့လာပြီ။ မတွေ့တာ တစ်လနီးပါးရှိလာတဲ့ မိသားစုနဲ့ ရည်းစားကိုလည်းတွေ့ချင်လာပြီ။ အားလပ်ရက်မှာ Vlog လေးရိုက်ပြီး Edit လုပ်ရတဲ့အချိန်လေးတွေကိုလည်း သတိရလာပြီ။

ညနေခင်း Youtube မှာသီချင်းနားထောင်းရင်း ဘီယာသောက်တဲ့အချိန်တွေကို လွမ်းလာတယ်။ ဒီမှာ အရာအားလုံးကိုမေ့ထားလို့ရတဲ့အချိန်ကတော့ Duty မှာ ကိုယ်တာဝန်ကိုယ်လုပ်နေတဲ့အချိန်ပါပဲ။ လူနာတွေကို ကိုယ်ကူညီပေးလိုက်တာ အဆင်ပြေသွားတယ်လို့ပြန်ကြားရတိုင်း အပင်ပန်းခံရကျိုးနပ်တယ်လို့ခံစားရပါတယ် ဆိုပြီး ရေးသားမျှဝေလာပါတယ်


Zaw Gyi

ကိုယ္တိုင္ ကိုဗစ္ပိုးေတြ႕လူနာအျဖစ္ ကုသမႈခံယူခဲ့ရေပမယ့္ ဒီေရာဂါႀကီးကို အမႈမထားဘဲ ကိုဗစ္လူနာေတြကို ျပန္လည္ကူညီဖို႔ လုပ္အားေပးဆရာဝန္အျဖစ္ ထမ္းေဆာင္ေနသူကေတာ့ စိန္ၿဖိဳးလႈိင္ပါ။ စိန္ၿဖိဳးလႈိင္ကေတာ့ လတ္တေလာ ေဖာင္ႀကီးကုသေရးစင္တာမွာ တာဝန္ထမ္းေဆာင္ေနတာ တစ္လနီးပါးရွိေနၿပီျဖစ္ၿပီး ဒီေန႔မွာေတာ့ ျပန္ရခါနီးေလ အိမ္ကိုသတိရစိတ္ေတြပိုလို႔တိုးလာတဲ့ သူ႔ရင္ထဲက ခံစားခ်က္ေတြကို မွ်ေဝလာပါတယ္။


ကြၽန္ေတာ္မၾကာခင္ တာဝန္ရက္ေစ့လို႔ အိမ္ျပန္ရေတာ့မယ္။ ေရာက္ကာစက အရာရာ အဆင္ေျပေပမယ့္ ျပန္မယ့္ရက္နီးလာတာနဲ႔အမွ် အိမ္ကိုသတိရတဲ့စိတ္ကပိုလာပါတယ္။ ပ်ဥ္က်ဲက်ဲေပၚ ေမႊ႕ရာပါးပါးေလးခင္းထားတဲ့ ကုတင္ေပၚမွာ (၄)နာရီထက္ပိုအိပ္ရင္ ေက်ာနာလာၿပီ။ေန႔တိုင္းစားေနက် ထမင္းဟင္းေတြကို မျမင္ခ်င္ေလာက္ေအာင္ၿငီးေငြ႕လာၿပီ။

မေတြ႕တာ တစ္လနီးပါးရွိလာတဲ့ မိသားစုနဲ႔ ရည္းစားကိုလည္းေတြ႕ခ်င္လာၿပီ။ အားလပ္ရက္မွာ Vlog ေလး႐ိုက္ၿပီး Edit လုပ္ရတဲ့အခ်ိန္ေလးေတြကိုလည္း သတိရလာၿပီ။ ညေနခင္း Youtube မွာသီခ်င္းနားေထာင္းရင္း ဘီယာေသာက္တဲ့အခ်ိန္ေတြကို လြမ္းလာတယ္။ ဒီမွာ အရာအားလုံးကိုေမ့ထားလို႔ရတဲ့အခ်ိန္ကေတာ့ Duty မွာ ကိုယ္တာဝန္ကိုယ္လုပ္ေနတဲ့အခ်ိန္ပါပဲ။ လူနာေတြကို ကိုယ္ကူညီေပးလိုက္တာ အဆင္ေျပသြားတယ္လို႔ျပန္ၾကားရတိုင္း အပင္ပန္းခံရက်ိဳးနပ္တယ္လို႔ခံစားရပါတယ္ ဆိုၿပီး ေရးသားမွ်ေဝလာပါတယ္