ခ်စ္ပရိသတ္ႀကီးေရ ျမန္မာသံစဥ္ေတးသီခ်င္းေတြနဲ့ ဂီတမွတ္တိုင္ၾကီးၾကီးမားမားကို စိုက္ထူထားနိုင္သူ ေတးသံရွင္ တြံ့ေတးသိန္းတန္ကေတာ့ လူေသသြားေပမယ့္ သူ့ရဲ့ နာမည္နဲ့ သီခ်င္းေတြက ပရိသတ္ေတြၾကားမွာ ဒီေန့ဒီအခ်ိန္ထိ ရွင္သန္ေနဆဲ ျဖစ္ပါတယ္။ တြံ့ေတးသိန္းတန္ရဲ့ သမီးျဖစ္သူ ေရႊရည္သိန္းတန္ကလည္း ဖခင္ျဖစ္သူရဲ့ အနုပညာကို အေမြေတြကို ဆက္ခံထားနိုင္သူျဖစ္ျပီး ပရိသတ္ေတြရဲ့ အားေပးမႈကို ရရိွထားသူတစ္ေယာက္ ျဖစ္ပါတယ္။ ဒီကေန့ ဇန္နဝါရီလ (၁၁) ရက္ေန့ကေတာ့ ေတးသံရွင္ တြံ့ေတးသိန္းတန္ ကြယ္လြန္ျခင္း (၂၂) နွစ္ျပည့္ျဖစ္ျပီး ေရႊရည္သိန္းတန္က ဖခင္ၾကီးအတြက္ ရည္စူးျပီး ကုသိုလ္ေကာင္းမႈေတြ ျပဳလုပ္ခဲ့ေၾကာင္း ေျပာလာပါတယ္။

ေရႊရည္သိန္းတန္က “ဒီ​ေန႔ ​ေဖ​ေဖကြယ္လြန္ျခင္း ၂၂ ႏွစ္ျပည့္.. ခင္ပြန္းကို​ေနလ၏ဖခင္ႀကီး ဦး​ေအာင္ျမင့္ႏိုင္ကြယ္လြန္ျခင္း ၁ႏွစ္ျပည့္ ကုသိုလ္အျဖစ္ ​ေဖ​ေဖ့​ေမြးရပ္တြံ​ေတးရွမ္းစုႀကီး႐ြာဦး​ေက်ာင္းမွာ သံဃာ ၂၇ ပါး ကို ဆြမ္းကပ္၊ သကၤန္းကပ္၊ နဝကမၼကပ္လႉျခင္း၊ သက္ႀကီး႐ြယ္အိုမ်ား ၁ ဦး​ေငြ ၁​ေသာင္း လႉဒါန္းျခင္းစသည့္ကုသိုလ္မ်ား ျပဳခဲ့ၾကတာမို႔ သာဓု​ေခၚပါအမ်ိဳးတို႔​ေရ🙏🙏🙏🥰 ကမာၻသူကမာၻသားအ​ေပါင္း​ ျမန္မာျပည္သူျပည္သားအ​ေပါင္း ေဘးဆိုး ကပ္​ေရာဂါဆိုးအ​ေပါင္းကိုမၾကားရ၊ မသိရ၊ မႀကဳံ​ေတြ႕ရ​ေသာဘဝျဖင့္အျမန္ဆုံးလြတ္​ေျမာက္ၾကပါ​ေစ🙏🙏🙏”ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝေပးလာပါတယ္။

ေရႊရည္သိန္းတန္ကေတာ့ ကြယ္လြန္သူဖခင္ၾကီးနဲ့ ခင္ပြန္းျဖစ္သူရဲ့ ဖခင္ၾကီး ကြယ္လြန္ျခင္းအတြက္ ရည္စူးျပီး ကုသိုလ္ေကာင္းမႈေတြ ျပုလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ တြံ့ေတးသိန္းတန္လည္း သမီးျဖစ္သူ ျပဳေပးသမွ် ကုသိုလ္အစုစုကို ေကာင္းရာအရပ္ကေန သာဓုေခၚဆိုေနမွာ ေသခ်ာပါတယ္။ ဖတ္ရႈေပးတဲ့ ခ်စ္ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယဗနာ္…။

Source: Shwe Yee Thein Tan’s fb
Credit – Cele Connections

ချစ်ပရိသတ်ကြီးရေ မြန်မာသံစဉ်တေးသီချင်းတွေနဲ့ ဂီတမှတ်တိုင်ကြီးကြီးမားမားကို စိုက်ထူထားနိုင်သူ တေးသံရှင် တွံ့တေးသိန်းတန်ကတော့ လူသေသွားပေမယ့် သူ့ရဲ့ နာမည်နဲ့ သီချင်းတွေက ပရိသတ်တွေကြားမှာ ဒီနေ့ဒီအချိန်ထိ ရှင်သန်နေဆဲ ဖြစ်ပါတယ်။ တွံ့တေးသိန်းတန်ရဲ့ သမီးဖြစ်သူ ရွှေရည်သိန်းတန်ကလည်း ဖခင်ဖြစ်သူရဲ့ အနုပညာကို အမွေတွေကို ဆက်ခံထားနိုင်သူဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့ ဇန်နဝါရီလ (၁၁) ရက်နေ့ကတော့ တေးသံရှင် တွံ့တေးသိန်းတန် ကွယ်လွန်ခြင်း (၂၂) နှစ်ပြည့်ဖြစ်ပြီး ရွှေရည်သိန်းတန်က ဖခင်ကြီးအတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့ကြောင်း ပြောလာပါတယ်။

ရွှေရည်သိန်းတန်က “ဒီ​နေ့ ​ဖေ​ဖေကွယ်လွန်ခြင်း ၂၂ နှစ်ပြည့်.. ခင်ပွန်းကို​နေလ၏ဖခင်ကြီး ဦး​အောင်မြင့်နိုင်ကွယ်လွန်ခြင်း ၁နှစ်ပြည့် ကုသိုလ်အဖြစ် ​ဖေ​ဖေ့​မွေးရပ်တွံ​တေးရှမ်းစုကြီးရွာဦး​ကျောင်းမှာ သံဃာ ၂၇ ပါး ကို ဆွမ်းကပ်၊ သင်္ကန်းကပ်၊ နဝကမ္မကပ်လှူခြင်း၊ သက်ကြီးရွယ်အိုများ ၁ ဦး​ငွေ ၁​သောင်း လှူဒါန်းခြင်းစသည့်ကုသိုလ်များ ပြုခဲ့ကြတာမို့ သာဓု​ခေါ်ပါအမျိုးတို့​ရေ🙏🙏🙏🥰 ကမ္ဘာသူကမ္ဘာသားအ​ပေါင်း​ မြန်မာပြည်သူပြည်သားအ​ပေါင်း ဘေးဆိုး ကပ်​ရောဂါဆိုးအ​ပေါင်းကိုမကြားရ၊ မသိရ၊ မကြုံ​တွေ့ရ​သောဘဝဖြင့်အမြန်ဆုံးလွတ်​မြောက်ကြပါ​စေ🙏🙏🙏”ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

ရွှေရည်သိန်းတန်ကတော့ ကွယ်လွန်သူဖခင်ကြီးနဲ့ ခင်ပွန်းဖြစ်သူရဲ့ ဖခင်ကြီး ကွယ်လွန်ခြင်းအတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ တွံ့တေးသိန်းတန်လည်း သမီးဖြစ်သူ ပြုပေးသမျှ ကုသိုလ်အစုစုကို ကောင်းရာအရပ်ကနေ သာဓုခေါ်ဆိုနေမှာ သေချာပါတယ်။ ဖတ်ရှုပေးတဲ့ ချစ် ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယဗနာ်…။

Source: Shwe Yee Thein Tan’s fb
Credit – Cele Connections