ဖခင်ကြီး မျက်စိခွဲစိတ်ကုသဖို့အတွက် ကိုယ်ပိုင်လုပ်အားခလေးနဲ့ လက်ဆယ်ဖြာမိုးကန်တော့ခဲ့တဲ့ စည်ဖြိုးတို့
ဇနီးမောင်နှံသရုပ်ဆောင် စည်ဖြိုးကတော့ အနုပညာအလုပ်၊ စီးပွားရေးအလုပ်တွေတစ်ဖက်လုပ်ကိုင်ရင်း
တစ်ဖက်မှာလည်း ချစ်သူလေး ခင်လွှမ်းနဲ့ သာယာအေးချမ်းတဲ့ အချစ်လမ်းခရီးကို အတူတူ
လျှောက်လှမ်းနေကြတာပဲ ဖြစ်ပါတယ်။ ခင်လွှမ်းကလည်း သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပြီး
ပရိသတ်တွေကြား ရေပန်းစားသူလေးမို့ စည်ဖြိုးတို့စုံတွဲလေးက နေနဲ့လ ရွှေနဲ့မြလို
လိုက်ဖက်သူတွေအဖြစ် ပရိသတ်တွေက တင်စားကြတာပဲ ဖြစ်ပါတယ်။အခုဆိုရင် အိမ်ထောင်ဦးဘဝလေးကို
ဖြတ်သန်းနေပြီဖြစ်တဲ့ စည်ဖြိုးနဲ့ခင်လွှမ်းက မိဘတွေဆီက လက်ဖွဲ့အိမ်တစ်လုံးရရှိထားပေမယ့်
မိဘတွေနဲ့ မခွဲမခွာပဲ အတူတူနေထိုင်နေကြဆဲ ဖြစ်ပါတယ်။ မိဘတွေရဲ့ အရိပ်အာဝါသအောက်မှာ
တစ်သက်လုံးအေးအေးချမ်းချမ်းနေထိုင်လာတဲ့ စည်ဖြိုးက သူအရွယ်ရောက်လာချိန်မှာလည်း
စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေလျက်ရှိပြီး မိသားစုအတွက် သားကြီးပီသစွာ
စောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စည်ဖြိုးက မျက်စိခွဲစိတ်ကုသရမယ့်
ဖခင်ကြီးအတွက် သူကိုယ်တိုင် ရှာဖွေထားတဲ့ လုပ်အားခလေးနဲ့ ကန်တော့ခဲ့ကြောင်း အခုလိုပဲ
မျှဝေပေးလာပါတယ်။စည်ဖြိုးကတော့ မျက်လုံးခွဲစိတ်ရမယ့် ဖခင်ကြီးအတွက် စိတ်ပူပန်နေသလို
ခွဲစိတ်ခကိုလည်း သူကိုယ်တိုင် ရှာဖွေထားတဲ့ ငွေကြေးလေးနဲ့ ကန်တော့ခဲ့တာပဲ ဖြစ်ပါတယ်။
စည်ဖြိုးရဲ့ ဖခင်ကြီးလည်း သားသမီးတွေရဲ့မေတ္တာကြောင့် ခံစားနေရတဲ့ ဝေဒနာတွေ အမြန်ဆုံး
သက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele top stars
ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။