အမေဖြစ်သူက နောက် ယောကျ်ားနဲ့ လိုက်သွားတဲ့အပြင် ဖအေဖြစ်သူအရက်သမားကပါငွေ (၁) သိန်းနဲ့ လိုက်ရောင်းစားခြင်းခံနေရတဲ့ (၈)လသမီးလေးကို ကယ်တင်လိုက်ပြန်တဲ့ ခိုင်နှင်းဝေ…

ခိုင်နှင်းဝေကတော့ အနုပညာ လောကမှာ တောက်ပတဲ့ ကြယ်ပွင့်လေးတစ်ပွင့်ဖြစ်သလို ပရဟိတလုပ်ငန်းတွေလည်း ကြိုးစားပန်းစား လုပ်ကိုင်နေတဲ့ မေတ္တာရှင်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေက အများအကျိုးကို သယ်ပိုး ဆောင်ရွက်ပေးနေတဲ့ “ခိုင်နှင်းဝေ ပရဟိတလူငယ်များအသင်း”နဲ့ မိဘမဲ့ ကလေးငယ်လေးတွေကို စောင့်ရှောက်ပေးနေတဲ့ “ခိုင်မိသားစု ဂေဟာ” ကို ဦးစီးရင်း သူမရဲ့ တစ်နေ့တာ အချိန်တွေကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ခိုင်နှင်းဝေက ငွေ(၁)သိန်းနဲ့ ရောင်းစား ခြင်းခံနေရတဲ့ (၈)လအရွယ်သမီးလေးကို သူမရဲ့ ဂေဟာမှာ ခေါ်ယူမွေးစားဖြစ်ခဲ့ကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

“အမေက နောက်ယောကျာ်း ယူသွားပြီး ဖခင်မှှ အရက်မူးနေချိန် (၈)လအရွယ် သမီးလေးအား ငွေတစ်သိန်းဖြင့် လိုက်ရောင်းနေ၍ အင်းစိန်မြို့နယ် အုပ်ချုပ်ရေးမှူးများမှ ကလေးနှင့် ဖခင်အား ထိန်းသိမ်းပြီး ကျွန်မဆီသို့ ဆက်သွယ် အပ်နှံသဖြင့် သွားရောက်ခေါ်ယူ ခဲ့ပါတယ်ရှင်။

သမီးလေး အရိပ်တစ်ခုရဖို့အ တွက် တတ်နိုင်တဲ့ဘက်က စောင့်ရှောက်ခွင့်ရတဲ့ အတွက် ပီတိဖြစ်ရသလို စိတ်လဲမကောင်းဖြစ်ရပါတယ်။ ဒီလိုနဲ့ပဲ ကျွန်မတို့ “ခိုင် ” ဂေဟာမှာ မိသားစုဝင်တစ်ဦး တိုးပြန်ပါပြီရှင်…” ဆိုပြီး စိတ်မကောင်းဖြစ်စွာနဲ့ ပြောလာပါတယ်။

Zaw Gyi

အေမျဖစ္သူက ေနာက္ ေယာက်္ားနဲ႔လိုက္သြားတဲ့အျပင္ ဖေအျဖစ္သူအရက္သမားကပါေငြ (၁) သိန္းနဲ႔ လိုက္ေရာင္းစားျခင္းခံေနရတဲ့ (၈)လသမီးေလးကို ကယ္တင္လိုက္ျပန္တဲ့ ခိုင္ႏွင္းေဝ…

ခိုင္ႏွင္းေဝကေတာ့ အႏုပညာ ေလာကမွာ ေတာက္ပတဲ့ ၾကယ္ပြင့္ေလးတစ္ပြင့္ျဖစ္သလို ပရဟိတလုပ္ငန္းေတြလည္း ႀကိဳးစားပန္းစား လုပ္ကိုင္ေနတဲ့ ေမတၱာရွင္မေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ခိုင္ႏွင္းေဝက အမ်ားအက်ိဳးကို သယ္ပိုး ေဆာင္႐ြက္ေပးေနတဲ့ “ခိုင္ႏွင္းေဝ ပရဟိတလူငယ္မ်ားအသင္း”နဲ႔ မိဘမဲ့ ကေလးငယ္ေလးေတြကို ေစာင့္ေရွာက္ေပးေနတဲ့ “ခိုင္မိသားစု ေဂဟာ” ကို ဦးစီးရင္း သူမရဲ႕ တစ္ေန႔တာ အခ်ိန္ေတြကို ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ ခိုင္ႏွင္းေဝက ေငြ(၁)သိန္းနဲ႔ ေရာင္းစားျခင္းခံေနရတဲ့ (၈)လအ႐ြယ္သမီးေလးကို သူမရဲ႕ ေဂဟာမွာ ေခၚယူေမြးစားျဖစ္ခဲ့ေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။

“အေမက ေနာက္ေယာက်ာ္း ယူသြားၿပီး ဖခင္မွွ အရက္မူးေနခ်ိန္ (၈)လအ႐ြယ္ သမီးေလးအား ေငြတစ္သိန္းျဖင့္ လိုက္ေရာင္းေန၍ အင္းစိန္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးမ်ားမွ ကေလးႏွင့္ ဖခင္အား ထိန္းသိမ္းၿပီး ကြၽန္မဆီသို႔ ဆက္သြယ္ အပ္ႏွံသျဖင့္ သြားေရာက္ေခၚယူ ခဲ့ပါတယ္ရွင္။
သမီးေလး အရိပ္တစ္ခုရဖို႔အ တြက္ တတ္ႏိုင္တဲ့ဘက္က ေစာင့္ေရွာက္ခြင့္ရတဲ့ အတြက္ ပီတိျဖစ္ရသလို စိတ္လဲမေကာင္းျဖစ္ရပါတယ္။ ဒီလိုနဲ႔ပဲ ကြၽန္မတို႔ “ခိုင္ ” ေဂဟာမွာ မိသားစုဝင္တစ္ဦး တိုးျပန္ပါၿပီရွင္…” ဆိုၿပီး စိတ္မေကာင္းျဖစ္စြာနဲ႔ ေျပာလာပါတယ္။