ပရိသတ်တွေကို မေတ္တာ တုံ့ပြန်တဲ့ အနေနဲ့ ဖိုးချစ်သဘင် သုံးလအခမဲ့ ကြည့်ရှုခွင့် ပေးသွားမယ့် ဖိုးချစ်ရဲ့အကြောင်းလေးကို cele top stars ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

မြန်မာ့သဘင်လောကရဲ့ ထိပ်တန်းသဘင်ပညာရှင် တစ်ယောက်ဖြစ်တဲ့ ဖိုးချစ် ကတော့ မြန်မာ့သဘင်ဥက္ကဌတစ်ယောက်ဖြစ်သလို လူငယ်တစ်ယောက်လည်း ဖြစ်တာမို့ မြန်မာ့သဘင်အဆင့်မြင့်တိုးတက်ရေးအတွက် စဉ်ဆက် မပြတ် ကြိုးစားနေသူတစ်ယောက်ဖြစ်ပြီး လတ်တလောကိုဗစ်ကာလမှာလည်း သဘင်သည်တွေ ပွဲမကရလို့ အဆင်မပြေတာမျိုးမရှိရလေအောင် နည်းပညာ အသုံးပြုပြီး Facebook Close Group လုပ်ကာ လစဉ်ကြေးနဲ့ မြန်မာ့အကသဘင်တွေကို စီစဉ်တင်ဆက်ပေးနေသူပါ။

ကိုဗစ်ကာလမှာ သဘင်ချစ်သူတွေ အကြိုက်တွေ့ စေမယ့် ဖိုးချစ်ရဲ့အစီအစဉ် လေးကိုတော့ စာရင်းသွင်းသူများစွာရှိပြီး ဒီနေ့မှာတော့ အခုလိုအားပေးကြတဲ့ သဘင်ချစ်သူများကို မေတ္တာတုံ့ပြန်တဲ့အနေနဲ့ အစီအစဉ်လေးတစ်ခုပြုလုပ်ထားကြောင်း မျှဝေလာပါတယ်။

သဘင်ချစ်သူတွေကို ဖိုးချစ်ရဲ့ Close Group Member အနေနဲ့ သုံးလ အခမဲ့ကြည့်ရှုခွင့် ပေးသွားမှာဖြစ်ပြီး အယောက်(၃၀) တိတိကို ဒီကံစမ်းမဲလေး ဖောက်ပေးသွားမှာပါ။

ဒီကံစမ်းမဲအစီအစဉ်လေးမှာ ပါဝင်ကံစမ်းလိုသူတွေအနေနဲ့ ပထမဆုံး မြို့ရွှေမန်းသား ဖိုးချစ်တို့ကတဲ့ဇာတ်အလှသဘင် Facebook Page မှာ တင်ပေးထားတဲ့ ကံစမ်းမဲပို့စ်လေးကို Like And Share လုပ်ရမှာဖြစ်ပြီး ဒုတိယ အနေနဲ့ ကိုယ်သွားကြည့်ဖူးတဲ့ ဖိုးချစ်ပွဲတွေထဲက အမှတ်တရဓာတ်ပုံလေးနဲ့အတူ အမှတ်တရဖြစ်စေခဲ့တဲ့ အကြောင်းအရာတွေကို ကွန်မန့်ပေးရမှာပါ။

ပြိုင်ပွဲကာလကိုတော့ နိုဝင်ဘာ(၁၆) ရက်နေ့ကနေ (၂၀) ရက်နေ့ အထိ သတ်မှတ် ထားပြီး နိုဝင်ဘာ(၂၃) ရက်နေ့မှာ မဲနှိုက်ရွေးချယ်သွားမှာဖြစ်လို့ သုံးလတိတိ ဖိုးချစ်သဘင်ကို အလကားကြည့်ရှုခွင့်ရမယ့် အခွင့်အရေးကြီးကို လက်မလွတ်ရအောင် ဖိုးချစ်ရဲ့ Page လေးမှာ သွားရောက် ကံစမ်းနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်

အစမှ အဆုံးဖတ် ပေးသော Cele top stars ပရိတ်သတ်ကြီးအားကျေးဇူး တင်ပါတယ် ။အနုပညာရှင်တွေရဲ့ သတင်းတွေကို အစဉ်အပျက် တင်ဆက်ပေးနေသော cele top stars page လေးကို like and share လေးပြုလုပ်ပေးကျပါအုံးနော်…

Zaw Gyi





