ဖိုးဖိုးကြီးလွင်မိုး ခိုင်းတဲ့အတိုင်း တီတီယွန်းနဒီလွင်မိုးရဲ့ ကြောင်လေးကို လိုက်ဆွဲပြီး သဘောကျနေတဲ့ LIAM လေး
ရဲ့အကြောင်းလေးကို cele top stars ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။ပရိသတ်
တွေချစ်ကြတဲ့ မင်းသားချော လွင်မိုးကတော့ တစ်ချိန်က အနုပညာလောကမှာ လျှမ်းလျှမ်းတောက်နာ
မည်ကြီးခဲ့သလို ဒီနေ့ဒီအချိန်ထိလည်း ပရိသတ်တွေ ကြိုက်နှစ်သက်ရတဲ့ မင်းသားတစ်လက်
အဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။ သမီးနှစ်ယောက်တည်းသာ မွေးဖွားထားတဲ့ လွင်မိုးက သမီ
းကြီး ယွန်းဝတီလွင်မိုးက မွေးဖွားတဲ့ မြေးလေး Liam ကို ရရှိလာချိန်မှာတော့ မြေးယောကျာ်းလေးကို ပထမ
ဦးဆုံးရရှိတာမို့ မျက်စိအောက်နေ အပျောက်မခံလောက်အောင် ချစ်ရှာတာပဲ ဖြစ်ပါတယ်။ Liam လေးက
လည်း အဖိုး၊ အဖွားတွေနဲ့ အနေများသူပီပီ အဖိုးတွေ အဖွားတွေကို အရမ်းချစ်တာပဲ ဖြစ်ပါတယ်။လွင်မိုးက
တော့ အဖိုးတစ်ယောက်ပီပီ မြေးလေး Liam ကို သူစိတ်လေးပျော်ရွှင်စေမယ့် နည်းလမ်းတွေနဲ့ အလိုလိုက်ရှာ
တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း လွင်မိုးက မြေးလေး Liam ကို ယွန်းနဒီလွင်မိုးရဲ့ ကြောင်လေးကို နားရွက်
ဆွဲဖို့ မြှောက်ပေးခဲ့ပြီး Liam လေးကလည်း ဖိုးဖိုးကြီးလွင်မိုးခိုင်းတဲ့အတိုင်း တစ်သွေမတိမ်း လိုက်လုပ်ခဲ့တာ
ကို အခုလိုပဲ ချစ်စဖွယ်တွေ့ရပါတယ်။ဖိုးဖိုးကြီးကလည်း Liam လေးကို ပေါက်ပေါက်ရှာရှာ မြှောက်ပေး
သလို Liam လေးကလည်း ဖိုးဖိုးကြီးပြောတဲ့ စကားအတိုင်း လိုက်လုပ်ခဲ့တာ အရမ်းကို ချစ်စရာကောင်းတာပဲ
နော်။ ပရိသတ်ကြီးလည်း လွင်မိုးတို့ မြေးအဖိုးနှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။