


Credit

ပြည်သူလူထုကတော့ ရှိသမျှဉာဏ်ေ တွအသုံးချပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နွေဦးတော်လှန်ရေးကို ဆက်လက်ဆင်နွှဲလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ဖြိုခွင်းခံရမှုတွေရှိနေပေမယ့်လည်း ပြည်သူတွေဟာ နေ့ခင်းဘက်တွေအပြင် ညဘက်တွေမှာပါ ဆီမီးတွေများစွာထွန်းပြီး လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေခဲ့ပါတယ် ။ ယနေ့မှာလည်း နွေဦးတော်လှန်ရေးဆင်နွှဲကြရင်း လှိုင်သာယာ၊ပဲခူး၊ဖားကန့်စတဲ့နေရာတွေမှာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာတွေအပြင်းအထန်ရရှိကြပြီး မြန်မာပြည်သူပြည်သားတွေက စိတ်ပူ လျက်ရှိနေကြပါတယ်။

လမ်းမပေါ်ထွက်ပြီး နွေဦးတော်လှန်ရေးဆင်နွှဲနေကြတဲ့ ပြည်သူတွေလည်းရှိသလို အကြောင်းအမျိုးမျိုးကြောင့် အိမ်မှာနေပြီး လက်ရှိအခြေအနေတွေကို အချိန်နဲ့အမျှ မျှဝေပေးနေသူတွေလည်းရှိနေခဲ့ပါတယ်။ သရုပ်ဆောင်အောင်မြင်မြတ်ကတော့ နွေဦးတော်လှန်ရေးတွေစတင်တဲ့နေ့ကတည်းက ပြည်သူတွေဘက်ကနေ ပြတ်ပြတ် သားသားရပ်တည်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ယခုမှာတော့ အောင်မြင့်မြတ်တစ်ယောက်ဟာ နေ့စဉ်ဘဝကို ဖုန်းScreen သေးသေးလေးထဲမှာ လှောင်ပိတ်မခံကြဘဲ ရပ်ကွက်ထဲဆင်းပြီး ရပ်ကွက်လုံခြုံရေးအတွက် ဝိုင်းကူကြဖို့ တိုက်တွန်း လိုက်ပါတယ်။

အောင်မြင့်မြတ်ကတော့ ” ဆန္ဒပြကြတဲ့ဆီမသွားနိုင်ရင်တောင်မှ ကိုယ့်ရပ်ကွက်ထဲ ကိုယ့်လမ်းထဲလောက်တော့ ဆင်းပြီးလမ် းလျှောက်ကြပါ..ကင်းသမားတွေနဲ့စကားပြောပါ..ရပ်ကွက်လုံခြုံရေးအတွက် တတ်စွမ်းသလောက် ရတဲ့နေရာကနေ ဝိုင်းကူပါ..အိမ်နီးချင်းတွေနဲ့စကားထွက်ပြောပါ..ညဖက်တွေ ဘယ်သူမှသံပုံးမတီးရင်တောင် ကိုယ့်အိမ်ကတော့တီးဖြစ်အောင်တီးပါ..အိမ်ရှေ့လမ်းမပေါ်မှာ ဖယောင်းတိုင်ထွက်ထွန်းပါ..မွန်းကျပ်နေတဲ့စိတ်တွေ အတိုင်းအတာတစ်ခုအထိသက်သာရာရလိမ့်မယ်..အတိုင်းအတာတစ်ခုအထိလဲ စည်းလုံးမှု့ရှိလာပါလိမ့်မယ်..ဖုန်းထဲက ပတ်ဝန်းကျင်ကြီးလောက် အပြင်လောကဟာ စိတ်ညစ်စရာမကောင်းပါဘူး..ကိုယ့်ရဲ့နေ့စဉ်ဘဝကို ဖုန်း Screen သေးသေးလေးထဲမှာ လှောင်ပိတ်မခံပါနဲ့..တစ်နေ့ကို တစ်ခေါက်လောက်တော့ အိမ်အောက် ဆင်းကြည့်လိုက်ပါ “ဆိုပြီး ရေးသားထားခဲ့ပါတယ်။

Credit