


Credit – Cele Zone
Photo – Moe Yu San

ချစ်ပရိသတ်ကြီးရေ အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းသာ လုပ်ကိုင်နေတဲ့ သရုပ်ဆောင် မင်းသမီးချော မိုးစံကတော့ အိမ်ထောင်ရှင်မတစ်ယောက်အဖြစ် ဘဝကိုဖြတ်သန်းနေတာ ဖြစ်ပါတယ် ။ မိုးယုစံက ချစ်ခင်ပွန်းနဲ့နှစ်ကိုယ်တူဘဝလေးတစ်ခုကို တည်ဆောက်ထားလို့ အားလုံးက အားကျချစ် ခင်နေရ တာပါနော် ။

ချစ်ရတဲ့ခင်ပွန်းနဲ့အတူ ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်တဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်အပြင် ဒုတိယသားရတနာလေးကိုပါ လွယ်ထားနေရပြီပဲ ဖြစ်ပါတယ်။ ခုဆိုရင် လရင့်နေပြီ ဖြစ်ပြီး မကြာခင်မှာ လူ့လောကထဲသို့ရောက် လာတော့မယ့် သားလေ းအတွက် ရင်ခုန်စိတ်လှုပ်ရှားနေပြီလည်းဖြစ်ပါတယ်။

အခုလည်း ကိုယ်ဝန်နေ့စေ့လစေ့နဲ မွေးခါနီးပြီမို့ ဗိုက်ထဲမှာ လှုပ်ရှားနေတဲ့ သားသားလေးကို ကြည့်ပြီး သဘောတွေ ကျကာ ဗီဒီယိုလေးရိုက်ကာ အမိအရဖော်ပြခဲ့တာတွေ့ရပါတယ်။ မိုးယုက ဒုတိယ ရင်သွေးလေးကို Kelvin လို့တောင် နာမည်ပေးထားပြီလည်း ဖြစ်ပါတယ်နော် ။ ချစ်ပရိသတ်ကြီးလည်း မိုးယုရဲ့ ဗီဒီယိုလေးကို ကြည့်ရှုနိုင်စေရန် မျှဝေပေး လိုက်ပါတယ်နော်…။

Credit – Cele Zone
Photo – Moe Yu San