



ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးတစ်ယောက်ဖြစ်တဲ့ မေထွဋ်ခေါင်ကတော့ တစ်ချိန်က အနုပညာလောကမှာ ပရိသတ်တိုင်းကြိုက်နှစ်သက် အားပေးခြင်းခံရသူလေးတစ်ယောက် ဖြစ်ပါတယ်။ မေထွဋ်ခေါင်ကတော့ လက်ရှိမှာတော့ အိမ်ထောင်ရှင်မတစ်ယောက်အဖြစ် ရပ်တည်နေပြီး အနုပညာအလုပ်တွေနဲ့ တော်တော်လေး အလှမ်းဝေးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေကတော့ မေထွဋ်ခေါင်ကို အရင်အတိုင်း အချစ်မလျော့ပဲ အားပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။

သားတစ်ယောက်၊ သမီးတစ်ယောက်အပြင် တတိယမြောက်ကိုယ်ဝန်ကို လွယ်ဆောင်ထားရတဲ့ မေထွဋ်ခေါင်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ လမစေ့ပဲ ရွှေမြွှာပေါက်တဲ့အပြင် အချင်းကလည်း မွေးလမ်းကြောင်းကို ပိတ်နေခဲ့တာကြောင့် သူမရဲ့ သားလေးကို လက်လွတ်ဆုံးရှုံးခဲ့ရတာပဲ ဖြစ်ပါတယ်။ မေထွဋ်ခေါင်က သူမအတွက် စိတ်ပူနေကြတဲ့ ပရိသတ်တွေနဲ့ မိတ်ဆွေတွေကို “ကလေးလေးတော့ထွက်လာပါပြီ။ အခုလောလောဆယ်တော့ သတိရတာနဲ့ငိုတာကလွဲပြီး အကုန်ကောင်းပါတယ်။ သတင်းမေးကြတဲ့သူအပေါင်းကျေးဇူးပါ.. 🙏🙏🙏” ဆိုပြီး သူမရဲ့ အခြေအနေကို ပြောပြလာပါတယ်။

သရုပ်ဆောင် မင်းသမီးမေထွဋ်ခေါင်ကတော့ မိခင်တစ်ယောက်ပီပီ သားလေးကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အခါ စိတ်မကောင်းကြီးစွာဖြစ်နေတာပဲ ဖြစ်ပါတယ်။ မေထွဋ်ခေါင်တစ်ယောက် အမြန်ဆုံးစိတ်သက်သာရာရပြီး သားလေးလည်း ကောင်းရာဘုံဘဝရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source: May Htut Khaung’s fb
Credit – Cele Connections