ခ်စ္ပရိသတ္ႀကိး နိုင္ငံေက်ာ္ မိတ္ကပ္ပညာရွင္တစ္ေယာက္ျဖစ္တဲ့ ေမဦးဟာ သူ့ရဲ့ ပေရာ္ဖက္ရွင္နယ္ဆန္တဲ့ မိတ္ကပ္ျပင္ဆင္ျခယ္သမႈေၾကာင့္ ပရိသတ္ေတြၾကားမွာသာမက အနုပညာအသိုင္းအဝိုင္းမွာပါ ေက်ာ္ၾကားသူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေမဦးက သူ့ရဲ့ မိတ္ကပ္ပညာေၾကာင့္သာမက ခ်စ္စရာေကာင္းျပီး ပြင့္လင္းတဲ့ သူနဲ့ ဟန္လင္းရဲ့ အခ်စ္ေရးေၾကာင့္လည္း ပရိသတ္ေတြၾကားမွာ နာမည္ၾကီးသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ သေဘာေကာင္းျပီး ေစတနာလည္းျပည့္ဝတဲ့ ေမဦးကေတာ့ နာမည္ၾကီး မင္းသား၊ မင္းသမီးေတြရဲ့ အခ်စ္ေတာ္တစ္ေယာက္ဆိုလည္း မမွားပါဘူး…။

နုိင္ငံေက်ာ္ မင္းသား၊ မင္းသမီးေတြရဲ့ အလွအပကုိ တာဝန္ယူေဆာင္ရြက္ေပးရတဲ့ ေမဦးက ဒီကေန့မွာလည္း မင္းသမီး ထက္ထက္မိုးဦးရဲ့ Live Sale ေလးအတြက္ မိတ္ကပ္လိမ္းျခယ္ေပးခဲ့ရပါတယ္။ ေမဦးက ဗီဒီယိုေလးရိုက္ေနရင္းနဲ့ မထင္မွတ္ထားတဲ့ အျပဳအမူေလးကို ျပဳလုပ္ခဲ့တဲ့ အကယ္ဒမီ မင္းသမီး ထက္ထက္မိုးဦးအေၾကာင္းကို “မထက္ဆံပင္လုပ္ေပးေနတာေလးကို ဟန္ေဆာင္ၿပီး post ေပးလိုက္မယ္လို႔ေျပာၿပီးေႏွာက္ခ်လိုက္တာ🤣🤣 အရမ္းခ်စ္ဖို႔ေကာင္းေနေသာမထက္❤️😘” ဆိုျပီး ေျပာျပလာပါတယ္။

ေမဦးကေတာ့ ထက္ထက္မိုးဦးဆီက မထင္မွတ္ထားတဲ့ အျပဳအမူေလးေၾကာင့္ လန့္လည္းလန့္သြားခဲ့သလို ၾကည္လည္းၾကည္နူးခဲ့ရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း မိတ္ကပ္ဆရာေတြအေပၚ မိသားစုလို ဆက္ဆံတတ္တဲ့ ထက္ထက္ကို ပိုလို့ေတာင္ ခ်စ္သြားၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးတဲ့ ခ်စ္ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္….။

Source: May Oo’s fb
Crerdit– Cele Connections

ချစ်ပရိသတ်ကြိး နိုင်ငံကျော် မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ မေဦးဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဆန်တဲ့ မိတ်ကပ်ပြင်ဆင်ခြယ်သမှုကြောင့် ပရိသတ်တွေကြားမှာသာမက အနုပညာအသိုင်းအဝိုင်းမှာပါ ကျော်ကြားသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ မေဦးက သူ့ရဲ့ မိတ်ကပ်ပညာကြောင့်သာမက ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ သူနဲ့ ဟန်လင်းရဲ့ အချစ်ရေးကြောင့်လည်း ပရိသတ်တွေကြားမှာ နာမည်ကြီးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သဘောကောင်းပြီး စေတနာလည်းပြည့်ဝတဲ့ မေဦးကတော့ နာမည်ကြီး မင်းသား၊ မင်းသမီးတွေရဲ့ အချစ်တော်တစ်ယောက်ဆိုလည်း မမှားပါဘူး…။

နိုင်ငံကျော် မင်းသား၊ မင်းသမီးတွေရဲ့ အလှအပကို တာဝန်ယူဆောင်ရွက်ပေးရတဲ့ မေဦးက ဒီကနေ့မှာလည်း မင်းသမီး ထက်ထက်မိုးဦးရဲ့ Live Sale လေးအတွက် မိတ်ကပ်လိမ်းခြယ်ပေးခဲ့ရပါတယ်။ မေဦးက ဗီဒီယိုလေးရိုက်နေရင်းနဲ့ မထင်မှတ်ထားတဲ့ အပြုအမူလေးကို ပြုလုပ်ခဲ့တဲ့ အကယ်ဒမီ မင်းသမီး ထက်ထက်မိုးဦးအကြောင်းကို “မထက်ဆံပင်လုပ်ပေးနေတာလေးကို ဟန်ဆောင်ပြီး post ပေးလိုက်မယ်လို့ပြောပြီးနှောက်ချလိုက်တာ🤣🤣 အရမ်းချစ်ဖို့ကောင်းနေသောမထက်❤️😘” ဆိုပြီး ပြောပြလာပါတယ်။

မေဦးကတော့ ထက်ထက်မိုးဦးဆီက မထင်မှတ်ထားတဲ့ အပြုအမူလေးကြောင့် လန့်လည်းလန့်သွားခဲ့သလို ကြည်လည်းကြည်နူးခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိတ်ကပ်ဆရာတွေအပေါ် မိသားစုလို ဆက်ဆံတတ်တဲ့ ထက်ထက်ကို ပိုလို့တောင် ချစ်သွားကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ချစ် ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်….။

Source: May Oo’s fb
Crerdit– Cele Connections