ဘဝရဲ့မှတ်တိုင်တစ်ခုဖြစ်တဲ့ “ရွှေမင်းသမီး” ရုပ်ရှင်ဇာတ်ကားကြီးအတွက် စိတ်ကိုအဆုံးထိ လျှော့ချပြီး သရုပ်ဆောင်
ခဲ့ကြောင်း အမှတ်တရပြောလာတဲ့ စိုးပြည့်သဇင်ရဲ့အကြောင်းလေးကို cele top stars ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။
အစမှ အဆုံးဖတ် ပေးသော ချိုသာတဲ့ အပြုံးလေးတွေနဲ့ မြင်သူရင်ကို အေးချမ်းစေတဲ့ စိုးပြည့်သဇင်ကတော့ လူငယ်
ပေမယ့် အနုပညာအရည်အချင်းမှာတော့ ဝါရင့်သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ စိုးပြည့်သဇင်ကတော့ အနုပညာ
သက်တမ်း ဆယ်စုနှစ်ကျော်အတွင်းမှာ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုရရှိပိုင်ဆိုင်ထားတဲ့ အကယ်ဒမီဆုရှင်မင်း
သမီးတစ်ယောက်ဆိုလည်း မမှားပါဘူး။ စိုးပြည့်သဇင်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ဇာတ်ရုပ်မျိုး
စုံ သရုပ်ဆောင်ခဲ့ပေမယ့် သူ့ရဲ အပြင်ပုံစံကတော့ အရမ်းကို ရိုးရှင်းပြီး အေးဆေးလှတာပဲ ဖြစ်ပါတယ်။ဒီကနေ့မှာ
တော့ စိုးပြည့်သဇင်က ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ “ရွှေမင်းသမီး” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပက်
သတ်ပြီး အမှတ်တရအချို့ကို ပြောလာပါတယ်။ “ရွှေမင်းသမီး….❤️ ကျွန်မဘဝရဲ့စိန်ခေါ်မှု…အဲ့လိုပြောလို့ရပါ
တယ်။ လုပ်နေကြဇာတ်ရုပ်မဟုတ်ခဲ့တဲ့အတွက် စိတ်ရောလူပါနှစ်ပြီး အားစိုက်ခဲ့ရတဲ့ရုပ်ရှင်တစ်ကား။ ကျွန်မသိပ်
ပင်ပန်းခဲ့ရတဲ့ကားပါ။ ကျွန်မမျက်နှာမှာအရောင်များစွာပြေးဖို့ ခြယ်သမျှအရောင်တွေထင်လာစေဖို့စိတ်ကိုအဆုံးထိ
လျှော့ပြီးကြိုးစားခဲ့ရပါတယ်.” ဆိုပြီး သူမရဲ့ အမှတ်တရလေးကို ပြောပြလာပါတယ်။စိုးပြည့်သဇင် ကြိုးစားခဲ့
သလိုပဲ “ရွှေမင်းသမီး” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပရိသတ်တွေမမြင်ဖူးသေးတဲ့ သရုပ်ဆောင်ချက်တွေနဲ့ အားပေးမှု
တွေအများအပြားရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိုးပြည့်ရဲ့ “ရွှေမင်းသမီး” ရုပ်ရှင်ဇာတ်ကားကြီး
ကို ကြည့်ဖူးကြလား ပြောပြခဲ့ပါဦးနော်။ အစမှ အဆုံးဖတ် ပေးသော Cele top stars ပရိတ်သတ်ကြီးအား
ကျေးဇူးတင်ပါတယ် ။အနုပညာရှင်တွေရဲ့ သတင်းတွေကို အစဉ်အပျက် တင်ဆက်ပေးနေသော cele top stars page လေးကို like and share လေးပြုလုပ်ပေးကျပါအုံးနော်…