ဘုန်းကြီးကျောင်းဆောင် (၂)ဆောင်ကို ကျပ်သိန်းပေါင်း (၃၀၀၀)အကုန်ကျခံပြီး ဆောက်လုပ်လှူဒါန်းပေးခဲ့တယ်ဆိုတဲ့ စမိုင်းလ်ရဲ့အကြောင်းလေးကို cele top stars ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

စမိုင်းလ်ကတော့ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူမကတော့ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်သူလေးဖြစ်ပြီး

ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမတို့ မိသားစုလေးကတော့ အလှူအတန်းတွေမှာ လက်မနှေးဘဲ လှူတန်းတတ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အပြည့်အဝရရှိထားသူတွေပဲဖြစ်ပါတယ်။ မကြာခဏဆိုသလို အလှူအတန်းတွေ ပရဟိတလုပ်ငန်းတွေကိုလည်း ကိုယ်တိုင်လုပ် လေ့ရှိသူလေးလည်းဖြစ်ပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ စမိုင်းက ပြင်ဦးလွင်မြို့မှာ ဆောက်လုပ်လှူဒါန်းထားတဲ့ ဗုဒ္ဓသာသနာ့ရိပ်သာ နှစ်ထပ်ကျောင်းဆောင်ကြီးနဲ့ ပတ်သတ်လို့ သူမတို့မိသားစုရဲ့ အလှူမင်္ဂလာလေးကို ဝေမျှလာတာပဲ ဖြစ်ပါတယ်။ ဒီနေ့အလှူအတန်းလေးပတ်သတ်လို့
သရုပ်ဆောင်စမိုင်းလ်က အခုလိုပဲ ရှင်းပြပါတယ်။ “ဒီနေ့ကတော့ အမတို့ အောင်ဇဗ္ဗူ တောရကျောင်းမှာ မေမြို့အတွက် ကထိန်သင်္ကန်းကပ်တယ်။ ပြီးတော့ အမတို့ မေမြို့မှာ ဆရာတော့် အတွက်လှူထားတဲ့ နှစ်ထပ်ကျောင်းဆောင်ပေါ့နော်။ အဲ့တာလည်း ရေစက်ချတာပေါ့။ ကဗ္ဗည်းထိုး၊ ရေစက်ချတယ်။ တကယ်တော့ အမတို့က မေမြို့မှာ ကထိန်သွားခင်းမလို့လေ။

အခု ကျတော့ အဆင်မပြေလို့ အမတို့ဒီမှာပဲ လုပ်လိုက်တာပါ။” ထိုနှစ်ထပ်ကျောင်းဆောင်ကို နိုင်ငံရပ်ခြားမှ ပညာသင်ဆရာတော်များအတွက် ရည်စူးဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပြီး
ဆရာတော်၏ တောင်းဆိုချက်အရ ဒီအလှူကို ရွေးချယ်လှူဒါန်းဖြစ်တာလို့ စမိုင်းကဆိုပါတယ်။ အခုလိုအလှူမျိုးကို ရန်ကုန်မြို့နဲ့ အတန်ဝေးကွာနေတဲ့ မေမြို့(သို့) ပြင်ဦးလွင်မှာ သွားရောက်လှူဒါန်းဖြစ်ခဲ့တဲ့ အကြောင်းရင်းကိုလည်း စမိုင်းက အခုလို ရှင်းပြပါတယ်။ “အဓိကကလေ အမတို့က မေမြို့မှာအိမ်လည်းဝယ်လိုက်တယ်။

ပြီးတော့ မေမြို့မှာလည်း အမတို့က ဟိုတယ်လုပ်ငန်းလေး ပထမဆုံးစလုပ်တာပေါ့နော်။ အဲ့လိုနေရာမှာ ကျောင်းလေးလည်း လှူချင်တယ်။ ဒီမှာကျတော့ သစ်တံခါးဆရာတော်အတွက် လှိုင်သာယာမှာ အမတို့ တစ်ကျောင်း လှူထား သေးတယ်။ နယ်မှာလည်း ဆရာတော်က သာသနာထွန်းပွားချင်တယ်။ ပြီးတော့ အမတို့ကိုယ်တိုင်လည်း မေမြို့က အမတို့ရဲ့ ပထမဆုံးစလုပ်မယ့် ဟိုတယ်လုပ်ငန်းလေ

လည်း ရှိနေတဲ့အခါကျတော့လေ၊ အဲ့မှာလှူဖြစ်သွားတာပါ။ ကိုယ်လည်း အမြဲတမ်း ရောက်မယ့် နေရာမျိုးလည်း ဖြစ်တယ်လေ။” လို့ စမိုင်းက ဝေမျှပေးခဲ့ပါတယ်။

Zaw Gyi

ဘုန္းႀကီးေက်ာင္းေဆာင္ (၂)ေဆာင္ကို က်ပ္သိန္းေပါင္း (၃၀၀၀)အကုန္က်ခံၿပီး ေဆာက္လုပ္လႉဒါန္းေပးခဲ့တယ္ဆိုတဲ့ စမိုင္းလ္ရဲ့အေၾကာင္းေလးကို cele top stars ပရိတ္သတ္ႀကီးအတြက္ ျပန္လည္မၽွေဝလိုက္ပါတယ္။

စမိုင္းလ္ကေတာ့ တစ္ေခတ္တစ္ခါက ေအာင္ျမင္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး ပါဝင္တဲ့ ဇာတ္ကားတိုင္းမွာ အေကာင္းဆုံးသ႐ုပ္ေဆာင္နိုင္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ အႏုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္လ်က္ရွိေနခဲ့တဲ့ သူမကေတာ့ ၾကည္ႏူးစရာေကာင္းလြန္းတဲ့ မိသားစုဘဝေလးကို ဖန္တီးတည္ေဆာက္ထားနိုင္သူေလးျဖစ္ၿပီး

ခ်စ္စရာေကာင္းတဲ့ သမီးေလးႏွစ္ေယာက္ကို ပိုင္ဆိုင္ထားနိုင္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ သူမတို႔ မိသားစုေလးကေတာ့ အလႉအတန္းေတြမွာ လက္မေႏွးဘဲ လႉတန္းတတ္တာေၾကာင့္ ပရိသတ္ေတြရဲ့ ခ်စ္ခင္အားေပးမႈကို အျပည့္အဝရရွိထားသူေတြပဲျဖစ္ပါတယ္။ မၾကာခဏဆိုသလို အလႉအတန္းေတြ ပရဟိတလုပ္ငန္းေတြကိုလည္း ကိုယ္တိုင္လုပ္ေလ့ရွိသူေလးလည္းျဖစ္ပါတယ္။

ဒီအင္တာဗ်ဴးေလးမွာေတာ့ စမိုင္းက ျပင္ဦးလြင္ၿမိဳ႕မွာ ေဆာက္လုပ္လႉဒါန္းထားတဲ့ ဗုဒၶသာသနာ့ရိပ္သာ ႏွစ္ထပ္ေက်ာင္းေဆာင္ႀကီးနဲ႔ ပတ္သတ္လို႔ သူမတို႔မိသားစုရဲ့ အလႉမဂၤလာေလးကို ေဝမၽွလာတာပဲ ျဖစ္ပါတယ္။ ဒီေန႔အလႉအတန္းေလးပတ္သတ္လို႔
သ႐ုပ္ေဆာင္စမိုင္းလ္က အခုလိုပဲ ရွင္းျပပါတယ္။ “ဒီေန႔ကေတာ့ အမတို႔ ေအာင္ဇဗၺဴေတာရေက်ာင္းမွာ ေမၿမိဳ႕အတြက္ ကထိန္သကၤန္းကပ္တယ္။ ၿပီးေတာ့ အမတို႔ ေမၿမိဳ႕မွာ ဆရာေတာ့္အတြက္လႉထားတဲ့ ႏွစ္ထပ္ေက်ာင္းေဆာင္ေပါ့ေနာ္။ အဲ့တာလည္း ေရစက္ခ်တာေပါ့။ ကဗၺည္းထိုး၊ ေရစက္ခ်တယ္။ တကယ္ေတာ့ အမတို႔က ေမၿမိဳ႕မွာ ကထိန္သြားခင္းမလို႔ေလ။

အခု က်ေတာ့ အဆင္မေျပလို႔ အမတို႔ဒီမွာပဲ လုပ္လိုက္တာပါ။” ထိုႏွစ္ထပ္ေက်ာင္းေဆာင္ကို နိုင္ငံရပ္ျခားမွ ပညာသင္ဆရာေတာ္မ်ားအတြက္ ရည္စူးေဆာက္လုပ္လႉဒါန္းခဲ့တာျဖစ္ၿပီး
ဆရာေတာ္၏ ေတာင္းဆိုခ်က္အရ ဒီအလႉကို ေရြးခ်ယ္လႉဒါန္းျဖစ္တာလို႔ စမိုင္းကဆိုပါတယ္။ အခုလိုအလႉမ်ိဳးကို ရန္ကုန္ၿမိဳ႕နဲ႔ အတန္ေဝးကြာေနတဲ့ ေမၿမိဳ႕(သို႔) ျပင္ဦးလြင္မွာ သြားေရာက္လႉဒါန္းျဖစ္ခဲ့တဲ့ အေၾကာင္းရင္းကိုလည္း စမိုင္းက အခုလို ရွင္းျပပါတယ္။ “အဓိကကေလ အမတို႔က ေမၿမိဳ႕မွာအိမ္လည္းဝယ္လိုက္တယ္။

ၿပီးေတာ့ ေမၿမိဳ႕မွာလည္း အမတို႔က ဟိုတယ္လုပ္ငန္းေလး ပထမဆုံးစလုပ္တာေပါ့ေနာ္။ အဲ့လိုေနရာမွာ ေက်ာင္းေလးလည္း လႉခ်င္တယ္။ ဒီမွာက်ေတာ့ သစ္တံခါးဆရာေတာ္အတြက္ လွိုင္သာယာမွာ အမတို႔ တစ္ေက်ာင္းလႉထားေသးတယ္။ နယ္မွာလည္း ဆရာေတာ္က သာသနာထြန္းပြားခ်င္တယ္။ ၿပီးေတာ့ အမတို႔ကိုယ္တိုင္လည္း ေမၿမိဳ႕က အမတို႔ရဲ့ ပထမဆုံးစလုပ္မယ့္ ဟိုတယ္လုပ္ငန္းေလ

လည္း ရွိေနတဲ့အခါက်ေတာ့ေလ၊ အဲ့မွာလႉျဖစ္သြားတာပါ။ ကိုယ္လည္း အျမဲတမ္းေရာက္မယ့္ ေနရာမ်ိဳးလည္း ျဖစ္တယ္ေလ။” လို႔ စမိုင္းက ေဝမၽွေပးခဲ့ပါတယ္။