ပရိတ္သတ္ႀကီးေရ….သ႐ုပ္ေဆာင္ ေဘဘီေမာင္ကေတာ့ ေမာ္ဒယ္ေလာကမွ တစ္ဆင့္ သ႐ုပ္ေဆာင္ ဘက္သို႔ ကူးေျပာင္းခဲ့ၿပီး ႐ုပ္ရွင္နဲ႔ဗီဒီယို ဇာတ္ကား မ်ားတြင္ ပါဝင္ရိုက္ကူးခဲ့သူ ျဖစ္ပါတယ္။ သူမကေတာ့ ရရွိတဲ့ အႏုပညာေၾကးမ်ားနဲ႔ အလႉအတန္းေတြ ျပဳလုပ္ေနသူျဖစ္ပါတယ္။ ဒါ့အျပင္မိဘကို လုပ္ေကၽြး ျပဳစုေနတဲ့ သမီး အလိမၼာေလးျဖစ္တာေၾကာင့္ပရိသတ္ေတြက ခ်စ္ခင္အားေပးေနၾကတာပါ။

သူမကေတာ့ ဒီကာလအတြင္း အခက္အခဲ ျဖစ္ေနတဲ့ ျပည္သူေတြကို တတ္နိုင္သေလာက္ ကူညီေထာက္ပံ့ေပးေနတာလည္း ျဖစ္ပါတယ္။ သၾကၤန္တြင္း မွာလည္း တရားစခန္းဝင္ေရာက္ခဲ့ၿပီး ကုသိုလ္ေကာင္းမႈေတြ ျပဳလုပ္ခဲ့သူျဖစ္ပါတယ္။ မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း ေဘဘီေမာင္ ရဲ့ လူမႈ ကြန္ယက္စာမ်က္ႏွာတြင္ ႏွစ္ဆန္းတစ္ရက္ေန႔ တြင္ မိဘႏွစ္ပါး ႏွင့္ အဘိုးအဘြား မ်ားအား အမႉးထား၍ အလႉတစ္ခု ျပဳလုပ္ခြင့္ရတဲ့အတြက္ ၾကည္ႏူးပီတိျဖစ္တဲ့ အေၾကာင္းကို ေရးသားေဝမၽွထားတာ ျဖစ္ပါတယ္။

သူမကလည္း ” ျမန္မာႏွစ္ဆန္း (၁)ရက္ေန႔ ကုသိုလ္ပုံေလးေတြခုမွရလို႔ပါရွင့္🙏🏻အျမဲဘုရားမွာ သာသနာျပဳနိုင္ပါေစဆိုတဲ့ဆုေတာင္းေလး အသက္ ၃၀ မွာ ျပည့္ခဲ့ၿပီ🙏🏻မိဘေတြအတြက္ ဂုဏ္ယူရတဲ့သမီး ရဟန္းအမႀကီးျဖစ္ ခြင့္ရတဲ့အတြက္ ပီတိ ျဖစ္ရပါတယ္🙏🏻ဆရာေတာ္ေဒါက္တာအရွင္အဂၢေဇယ် အား, ေဖေဖေမေမ ဖိုးဖိုးဖြားဖြား ဦးထိပ္ထား၍, သ႐ုပ္ေဆာင္ မေဘဘီေမာင္ မိသားစုတို႔က သိကၡာထပ္ဆင့္ ကံျမႇင့္ျခင္း ပုေနာပသမၸဒမဂၤလာကုသိုလ္ ျပဳၾကပါသည္။


မဂၤလာႏွစ္သစ္..ႏွစ္ဆန္း (၁) ရက္ေန႔ကစၿပီးအျမဲတမ္း ေကာင္းျခင္း မဂၤလာေတြ ရရွိပါေစ..။ပူေလာင္သူတို႔ ေအးပါေစ..။ေျခာက္ေသြ႕ညႇိုးႏြမ္းသူတို႔ စိမ္းလန္းစိုေျပပါေစ..။ႏွလုံးသားတို႔ ရယ္ေမာနိုင္ပါေစ..။စိတ္ႏွလုံးတို႔ ၿငိမ္းခ်မ္း သာယာပါေစ..။ဆို႔နစ္ ေၾကကြဲသူတို႔ ရယ္ေမာနိုင္ပါေစ…။ဘဝတို႔ ရွင္သန္ လန္းဆန္းပါေစ…။အသိဉာဏ္တို႔ လင္းလက္ ေတာက္ပပါေစ..။17.4.2021.” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြ အတြက္ ဒီသတင္းကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Source and Photo Crd-Baby Maung’s Facebook Account and Illuminate’s Photography
Credit

ပရိတ်သတ်ကြီးရေ….သရုပ်ဆောင် ဘေဘီမောင်ကတော့ မော်ဒယ်လောကမှ တစ်ဆင့် သရုပ်ဆောင် ဘက်သို့ ကူးပြောင်းခဲ့ပြီး ရုပ်ရှင်နဲ့ဗီဒီယို ဇာတ်ကား များတွင် ပါဝင်ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ သူမကတော့ ရရှိတဲ့ အနုပညာကြေးများနဲ့ အလှူအတန်းတွေ ပြုလုပ်နေသူဖြစ်ပါတယ်။ ဒါ့အပြင်မိဘကို လုပ်ကျွေး ပြုစုနေတဲ့ သမီး အလိမ္မာလေးဖြစ်တာကြောင့်ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာပါ။

သူမကတော့ ဒီကာလအတွင်း အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေကို တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးနေတာလည်း ဖြစ်ပါတယ်။ သင်္ကြန်တွင်း မှာလည်း တရားစခန်းဝင်ရောက်ခဲ့ပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့သူဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဘေဘီမောင် ရဲ့ လူမှု ကွန်ယက်စာမျက်နှာတွင် နှစ်ဆန်းတစ်ရက်နေ့ တွင် မိဘနှစ်ပါး နှင့် အဘိုးအဘွား များအား အမှူးထား၍ အလှူတစ်ခု ပြုလုပ်ခွင့်ရတဲ့အတွက် ကြည်နူးပီတိဖြစ်တဲ့ အကြောင်းကို ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။

သူမကလည်း ” မြန်မာနှစ်ဆန်း (၁)ရက်နေ့ ကုသိုလ်ပုံလေးတွေခုမှရလို့ပါရှင့်🙏🏻အမြဲဘုရားမှာ သာသနာပြုနိုင်ပါစေဆိုတဲ့ဆုတောင်းလေး အသက် ၃၀ မှာ ပြည့်ခဲ့ပြီ🙏🏻မိဘတွေအတွက် ဂုဏ်ယူရတဲ့သမီး ရဟန်းအမကြီးဖြစ် ခွင့်ရတဲ့အတွက် ပီတိ ဖြစ်ရပါတယ်🙏🏻ဆရာတော်ဒေါက်တာအရှင်အဂ္ဂဇေယျ အား, ဖေဖေမေမေ ဖိုးဖိုးဖွားဖွား ဦးထိပ်ထား၍, သရုပ်ဆောင် မဘေဘီမောင် မိသားစုတို့က သိက္ခာထပ်ဆင့် ကံမြှင့်ခြင်း ပုနောပသမ္ပဒမင်္ဂလာကုသိုလ် ပြုကြပါသည်။

မင်္ဂလာနှစ်သစ်..နှစ်ဆန်း (၁) ရက်နေ့ကစပြီးအမြဲတမ်း ကောင်းခြင်း မင်္ဂလာတွေ ရရှိပါစေ..။ပူလောင်သူတို့ အေးပါစေ..။ခြောက်သွေ့ညှိုးနွမ်းသူတို့ စိမ်းလန်းစိုပြေပါစေ..။နှလုံးသားတို့ ရယ်မောနိုင်ပါစေ..။စိတ်နှလုံးတို့ ငြိမ်းချမ်း သာယာပါစေ..။ဆို့နစ် ကြေကွဲသူတို့ ရယ်မောနိုင်ပါစေ…။ဘဝတို့ ရှင်သန် လန်းဆန်းပါစေ…။အသိဉာဏ်တို့ လင်းလက် တောက်ပပါစေ..။17.4.2021.” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေ အတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Baby Maung’s Facebook Account and Illuminate’s Photography
Credit