ပရိသတ်အချစ်တော် သရုပ်ဆောင် နန္ဒာလှိုင်ရဲ့ တစ်ဦးတည်းသောမောင်လေး စိန်ဖြိုးလှိုင်ကတော့ မောင်ဆိုတဲ့ အနုပညာနာမည်နဲ့ အနုပညာလောကမှာ အချိန်တစ်ခုအထိ ရပ်တည်ခဲ့တာ ပရိသတ်တွေလည်းသိမှပါ ။

အဲဒီနောက်မှာတော့ သရုပ်ဆောင် မင်းသမီးချောလေး ရီရီပွင့်ဖြူနဲ့ ချစ်သူတွေဖြစ်ပြီး အခုဆို ချစ်သူသက်တမ်း (၇) နှစ်တောင်ကျော်သွားခဲ့ပြီဖြစ်ပါတယ် ။

ရီရီနဲ့ စိန်ဖြိုးတို့ချစ်သူနှစ်ယောက်ကတော့ သူတို့ရဲ့ Official Page လေးထောင်ပြီး Vlog လေးတွေရိုက်ကူးခဲ့ကြသလို ပရိသတ်တွေလည်း သူတို့အတွဲလေးကို အရမ်းကို သဘောကျနေကြတာပါ ။ ဒီဇင်ဘာလ (၄)ရက်နေ့ကတော့ ရီရီပွင့်ဖြူရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး

မကြာခင်တော်ရတော့မယ့် ယောက်မလေး နန္ဒာလှိုင်က Happy birthday ရီရီ! ဆန္ဒနဲ့ဘဝ တထပ်ထဲကျပါစေ ဆိုတဲ့စာသားလေးနဲ့အတူ စိန်စိန်နဲ့ရီရီကင်ထားတဲ့ကျောက်ပုဇွန်ကင်လေးကို ရီရီ့မွေးနေ့အတွက်ကျွေးတာ ဆိုပြီး ပုံနဲ့တကွ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။

ပရိသတ်တွေကတော့ ရီရီအတွက် မွေးနေ့ဆုမွန်ကောင်းတွေ ပေးခဲ့ကြပြီး စိန်ဖြိုးရဲ့ချစ်သူကို နွေးနွေးထွေးထွေးဆက်ဆံပေးတဲ့ နန္ဒာလှိုင်တို့ သမီးယောက်မ ဆက်ဆံရေးလေးကို အားကျကြောင်း မှတ်ချက်တွေရေးသားခဲ့ကြပါတယ်။ ပရိသတ်ကြီးကလည်း ရီရီအတွက်ေ မွးနေ့ဆုမွန်ကောင်းလေးတွေ ပေးခဲ့ကြပါဦး ။




