ခ်စ္ပရိသတ္ႀကီးေရ ထိပ္တန္းအနုပညာရွင္ဇနီးေမာင္နွံနွစ္ေယာက္ျဖစ္ၾကတဲ့ အကယ္ဒမီ သ႐ုပ္ေဆာင္ မင္းသား ေျပတီဦးနဲ့ အကယ္ဒမီ သ႐ုပ္ေဆာင္မင္းသမီး အိျႏၵာေက်ာ္ဇင္တို့ကေတာ့ တူညီတဲ့ သရုပ္ေဆာင္နယ္ပယ္မွာ က်င္လည္ေနၾကသူေတြပီပီ အလုပ္ေတြအတူတူလုပ္ရင္း ဖူးစာဆံုခဲ့ၾကသူေတြ ျဖစ္ပါတယ္။ (၂၀၁၁) ခုနွစ္မွာ လက္ထပ္ခဲ့ၾကတဲ့ ေျပတီဦးနဲ့ အိျႏၵာေက်ာ္ဇင္တို့ ဇနီးေမာင္နွံက ဇန္နဝါရီလ (၄) ရက္ေန့မွာေတာ့ မဂၤလာသက္တမ္း (၁၀) နွစ္တိတိျပည့္ခဲ့ျပီျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ေျပတီဦးက (၁၀) နွစ္ျပည့္ Anniversary ေန့ေလးမွာ သူ့အေပၚ ဇနီးေကာင္းတစ္ေယာက္ပီသသလို သားသမီးေတြအေပၚမွာလည္း မိခင္ေကာင္းတစ္ေယာက္ပီသတဲ့ ခ်စ္ဇနီးအိျႏၵာေက်ာ္ဇင္ကို ခ်စ္စကားေလး ဖြဲ့ဖြဲ့ႏြဲ့ႏြဲ့ေျပာလာတာကို ေတြ့ရပါတယ္။

“Happy 10th Anniversary…..😍😍😍😍😍 (၁၀) ႏွစ္ျပည့္ဆိုေတာ့ စိတ္ထဲမွာ ခံစားခ်က္က အရင္ႏွစ္ေတနဲ႔မတူပဲ ထူးထူးျခားျဖစ္ေနတယ္။ ေပ်ာ္ေနတယ္…ၾကည္းႏူးေနတယ္..အလကားေနရင္းရယ္ခ်င္ေနတယ္…မမအူဝဲကိုေတြ႕တာနဲ႔စခ်င္ေနတယ္…( အခုေလးတင္ေဂါက္႐ိုက္ၿပီးျပန္လာေတာ့ ေတြ႕တာနဲ႔ စၿပီးၿပီ😂)..တကယ္ေတာ့ ၁၀ ႏွစ္ဆိုတာ သူမ်ားေတြနဲ႔ယွဥ္ရင္ နဲေနေသးေပမယ့္ ခရီးတခုေတာ့ေရာက္ခဲ့ၿပီ။ ဘဝလက္တြဲေဖာ္ အျဖစ္ အစစအရာရာတာဝန္ေက်တဲ့ မမအူဝဲကို ေက်းဇူးတင္ပါေၾကာင္း မွတ္တမ္းတင္ပါတယ္…😍😍😍😍I love you my wife..😍😍😍” ဆိုျပီး ခ်စ္ဇနီးကို ခ်စ္တဲ့အေၾကာင္းေတြ ေျပာလာပါတယ္။

အကယ္ဒမီ သ႐ုပ္ေဆာင္ မင္းသားေျပတီဦးနဲ့ အကယ္ဒမီ သ႐ုပ္ေဆာင္မင္းသမီးအိျႏၵာေက်ာ္ဇင္တို့ ဇနီးေမာင္နွံကေတာ့ နွစ္ေယာက္ဘဝကို တူနွစ္ကိုယ္တည္ေဆာက္ခဲ့ျပီး ေပ်ာ္စရာ၊ ဝမ္းနည္းစရာေတြကို မွ်ေဝခံစားခဲ့တာ အခုဆိုရင္ (၁၀) နွစ္တိတိေတာင္ ျပည့္ခဲ့ျပီပဲ ျဖစ္ပါတယ္။ ေျပတီဦးနဲ့ အိျႏၵာေက်ာ္ဇင္တုိ့ ဇနီးေမာင္နွံနွစ္ေယာက္ မဂၤလာသက္တမ္း (၁၀) နွစ္ျပည့္မွသည္ နွစ္(၁၀၀) တိုင္ ခ်စ္နိုင္ၾကပါေစလို့ ဆႏၵျပဳပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္….။

Source: Pyay Ti Oo’s fb
Credit – Cele Connections

ချစ်ပရိသတ်ကြီးရေ ထိပ်တန်းအနုပညာရှင်ဇနီးမောင်နှံနှစ်ယောက်ဖြစ်ကြတဲ့ အကယ်ဒမီ သရုပ်ဆောင် မင်းသား ပြေတီဦးနဲ့ အကယ်ဒမီ သရုပ်ဆောင်မင်းသမီး အိန္ဒြာကျော်ဇင်တို့ကတော့ တူညီတဲ့ သရုပ်ဆောင်နယ်ပယ်မှာ ကျင်လည်နေကြသူတွေပီပီ အလုပ်တွေအတူတူလုပ်ရင်း ဖူးစာဆုံခဲ့ကြသူတွေ ဖြစ်ပါတယ်။ (၂၀၁၁) ခုနှစ်မှာ လက်ထပ်ခဲ့ကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံက ဇန်နဝါရီလ (၄) ရက်နေ့မှာတော့ မင်္ဂလာသက်တမ်း (၁၀) နှစ်တိတိပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပြေတီဦးက (၁၀) နှစ်ပြည့် Anniversary နေ့လေးမှာ သူ့အပေါ် ဇနီးကောင်းတစ်ယောက်ပီသသလို သားသမီးတွေအပေါ်မှာလည်း မိခင်ကောင်းတစ်ယောက်ပီသတဲ့ ချစ်ဇနီးအိန္ဒြာကျော်ဇင်ကို ချစ်စကားလေး ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောလာတာကို တွေ့ရပါတယ်။

“Happy 10th Anniversary…..😍😍😍😍😍 (၁၀) နှစ်ပြည့်ဆိုတော့ စိတ်ထဲမှာ ခံစားချက်က အရင်နှစ်တေနဲ့မတူပဲ ထူးထူးခြားဖြစ်နေတယ်။ ပျော်နေတယ်…ကြည်းနူးနေတယ်..အလကားနေရင်းရယ်ချင်နေတယ်…မမအူဝဲကိုတွေ့တာနဲ့စချင်နေတယ်…( အခုလေးတင်ဂေါက်ရိုက်ပြီးပြန်လာတော့ တွေ့တာနဲ့ စပြီးပြီ😂)..တကယ်တော့ ၁၀ နှစ်ဆိုတာ သူများတွေနဲ့ယှဉ်ရင် နဲနေသေးပေမယ့် ခရီးတခုတော့ရောက်ခဲ့ပြီ။ ဘဝလက်တွဲဖော် အဖြစ် အစစအရာရာတာဝန်ကျေတဲ့ မမအူဝဲကို ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်ပါတယ်…😍😍😍😍I love you my wife..😍😍😍” ဆိုပြီး ချစ်ဇနီးကို ချစ်တဲ့အကြောင်းတွေ ပြောလာပါတယ်။

အကယ်ဒမီ သရုပ်ဆောင် မင်းသားပြေတီဦးနဲ့ အကယ်ဒမီ သရုပ်ဆောင်မင်းသမီးအိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကတော့ နှစ်ယောက်ဘဝကို တူနှစ်ကိုယ်တည်ဆောက်ခဲ့ပြီး ပျော်စရာ၊ ဝမ်းနည်းစရာတွေကို မျှဝေခံစားခဲ့တာ အခုဆိုရင် (၁၀) နှစ်တိတိတောင် ပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံနှစ်ယောက် မင်္ဂလာသက်တမ်း (၁၀) နှစ်ပြည့်မှသည် နှစ်(၁၀၀) တိုင် ချစ်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုကောင်းတောင်းပေးလိုက်ပါတယ်နော်….။

Source: Pyay Ti Oo’s fb
Credit – Cele Connections