ပရိသတ်ကြီးရေ မြန်မာ့နွေဦးတော်လှန်ရေးမှာ အစွမ်းကုန်ကြိုးစားပါဝင်ခဲ့တဲ့ ဟန်နာယူရီကတော့ လက်ရှိမှာ ကိုရီးယားနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပြီး ကိုယ့်နိုင်ငံအတွက် Speak out တွေအများကြီး လုပ်ပေးနေသူပဲ ဖြစ်ပါတယ်။မြန်မာ့အရေးနဲ့ ပက်သက်ပြီးတော့လည်း သတင်းအမှန်တွေကို အင်တာဗျူးဖြေပေးကာ ကမ္ဘာကသိအောင် ချပြပေးနေတာ ဖြစ်ပါတယ်။သူမက လူအားရော၊ငွေအားပါ တတ်နိုင်သလောက် ပါဝင်ကူညီ အားဖြည့်ပေးနေတာကိုလည်း တွေ့ရပါတယ်…။

သူမကို ဝေဖန်တိုက်ခိုက်တဲ့ သူတွေရှိနေပေမယ့်လည်း ရှေ့ဆက်ပြီး အမှန်တရားဘက်ကနေ ရပ်တည်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။အခုဆိုရင်တော့ သူမကို အလုပ် ကမ်းလှမ်းတဲ့သူရှိတာကြောင့် မင်းတပ်ကိုလှူခွင့်ရတော့မှာမို့ ဝမ်းသာပီတီဖြစ်နေတာကို ပြောပြပေးလာတာ ဖြစ်ပါတယ်…။

”ကျွန်မက ကျွန်မအရင်ကအလုပ်တွေဆို အရမ်းချီးများပါတယ် ကျွန်မmanagers တွေ ကလည်းအရမ်းစစ်ပေးတာ တော်ရုံ မလုပ်ပါဘူးအဆင် ပြေမှလုပ်ဖြစ်တာပါ အခုအခြေအနေမှာincome လည်းမရှိဘူး အခုဒီmedia ကိုမင်းတပ်ကိုအရမ်းလှူချင်လို့ ၁၀၀၀၀၀ လည်း 100000 အလိုက် သွားရိုက်ကူးရေးသွားလုပ်ပါမယ် wall ပေါ်တစ်ရက်မပျက် speak outလုပ်ခဲ့တာရက်100ကျော်ပြီ ဒီထက်ပိုကူညီပေးချင်တယ် မလုပ်ပေးနိုင်တာ ကိုပိုအရမ်းစိတ်အားငယ်ပါတယ်”

ကျွန်မရဲ့SNS တွေမှာကိုးရီးယာ လူမျိုး followers တွေထောင်ချီတက်နေပါတယ် မြန်မာကိုဘယ်လိုထိရောက်အောင်ကူညီမလဲ donations လုပ်ပေးဖို့ တိုက်တွန်းနေပါတယ်။Korea မှာအခြေခံအလုပ်သမားတွေတောင်တစ်လ ဝမ် 2.8 သန်းရပါတယ်။ကျွန်မတို့ကို လှူဖို့၁ သိန်း /၃သိန်းလောက်က သူတို့အတွက်တစ်ခါအပြင်ထွက်စားလောက်ပါပဲ။ဒါကြောင့်ညိုးငယ်စွာပဲ Korea ပြည်သူတွေမြန်မာကို ပိုက်ဆံနည်းနည်းလှူပေးဖို့တောင်းနေပါတယ် Media တွေ YouTube channel တွေအများကြီး ကဆက်သွယ်လာပေမဲ့ ကျွန်မကို အခကြေးငွေ မပေးကြပါဘူး ဖြေပေးရင်မြန်မာ ကိုဘယ်လောက် လှူပေးမလဲညှိပေမဲ့ အချို့ကမပေးချင်တဲ့အတွက် ကျွန်မတို့ရဲ့ မတရားမှုတွေကိုသာချပြဖို့ အခမဲ့သွားဖြေခဲ့ပါတယ်…။

Korea life ကအရမ်း ခက်ခဲပါတယ်အစစ အရာရာအရမ်းဈေး များပါတယ် ကျွန်မကိုယ်ကျွန်မတောင် မနည်းရုန်းနေရတာပါ 🥺 အခုအခက်ခဲတွေကြားထဲကဒီရောက်လာပြီး ပထမဆုံးပိုက်ဆံရတော့မှာမင်းတပ်ကို လှူလို့ရတော့မှာကို ဝမ်းသာလွန်းလို့ပါပြောပြတာပါ တစ်နာရီခွဲလောက်ကြာမယ်တဲ့ပြောပါတယ်🙏အခုချိန်မှာဒီလိုဖြစ်တည်မှုတွေနှိမ့်ချပြီးနေနေရပေမဲ့ တော်လှန်ရေးအောင်မြင်ချိန်ကျ အလုပ်တွေအများကြီး ကို အရင်လို ဝံ့ကြွားစွာပြန်လုပ်မယ် ပိုအောင်မြင်အောင်ကြိုးစားဖို့ ကိုယ့်ကိုယုံကြည်ပါတယ် တော်လှန်ရေးအောင်မြင်တဲ့ ထိကျန်းကျန်းမာမာဘေးကင်းပြီး ကျွန်မနဲ့အတူတူရှိပေးပါနော်😀🙏”ဆိုပြီး သူမရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် ရေးသားဖော်ပြပေးလာတာ ဖြစ်ပါတယ်…။

သူများနိုင်ငံကနေ အခုလိုကိုယ့်တိုင်းပြည်အကျိုးအတွက် အလုပ်ကနေဘယ် လောက်ပဲရရ လက်ခံပြီး အလှူပြုပေးမှာမို့ ယိင်းကို ပရိသတ်တွေက ကျေးဇူးတင်ပြီး ဆုတောင်းစကားတွေ ပြောပေးနေကြတာကို တွေ့ရပါတယ်။ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်နေတဲ့ ယိင်းကို အားလုံးကချစ်ခင် လေးစားနေကြတာ ပဲဖြစ်ပါတယ်နော်……။

Crd