


Source: Zarni Htay’s fb

ချစ်ပရိသတ်ကြီးရေ နိုင်ငံကျော် ရုပ်ရှင်မင်းသား၊ မင်းသမီးတွေဖြစ်ကြတဲ့ ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးတို့ကတော့ တူညီတဲ့ အနုပညာနယ်ပယ်ထဲမှာ ကျင်လည်ခဲ့သူတွေပီပီ အလုပ်လုပ်ရင်းနဲ့ပဲ တစ်ယောက်နဲ့တစ်ယောက် မေတ္တာမျှ လက်ထပ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ အိမ်ထောင်သက် (၁၆) နှစ်ကျော်ရှိလာခဲ့ပြီဖြစ်တဲ့ ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးတို့ ဇနီးမောင်နှံက မင်းသွေးဇာနည်၊ ငယ်သွေးဇာနည် နဲ့ ညီသွေးဇာနည်ဆိုတဲ့ သားသမီးသုံးယောက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးတို့ ဇနီးမောင်နှံက လက်ထပ်ပြီးနောက်ပိုင်း အနုပညာအလုပ်တွေလုပ်ကိုင်တာ မရှိသလောက်ကို နည်းပါးသွားပေမယ့် ပရိသတ်တွေရဲ့ စိတ်ဝင်တစားအားပေးခြင်းကို ခံနေရဆဲ ဖြစ်ပါတယ်။

ပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးတို့ ဇနီးမောင်နှံက သားသမီးတွေအတွက်လည်း အချိန်ပေးဖြစ်ကြပြီး မိသားစုစုံစုံလင်လင်နဲ့ ပျော်စရာကောင်းတဲ့ အခိုက်အတံ့တွေ အမြဲတမ်းဖန်တီးပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဇာနည်က သားသမီးတွေကို ရေကူးတာလိုက်စောင့်ပေးရင်း မင်းသား၊ မင်းသမီးဖြစ်တဲ့ ဖေဖေ၊ မေမေထက်တောင် ပိုချောကြတဲ့ ချစ်စရာသားသမီးသုံးယောက်ရဲ့ ပုံရိပ်တွေကို အခုလိုပဲ ချပြလာပါတယ်။

မင်းသွေးဇာနည်၊ ငယ်သွေးဇာနည် နဲ့ ညီသွေးဇာနည်တို့ကတော့ မင်းသား၊ မင်းသမီးဖြစ်တဲ့ ဖေဖေ၊ မေမေတို့က မွေးဖွားထားတာမို့ ချောမောကြတာ ပြောစရာတောင်လိုမယ် မထင်ပါဘူး။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးတို့ရဲ့ သားသမီးလေးတွေကြည့်ပြီး အချစ်ပိုနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Source: Zarni Htay’s fb
Credit – Cele Connections