မင်းသားမဖြစ်ခင်က ဟိန်းဝေယံနဲ့ တူလို့ လိုက်ငေးခံရတဲ့အကြောင်း ပြောပြလာတဲ့ ဇေရဲထက်ရဲ့အကြောင်းလေးကို cele top stars ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။
ပရိသတ်အချစ်တော် မင်းသားချောလေး ဇေရဲထက်ကတော့ လွန်ခဲ့တဲ့ ၂၀၁၀ မင်းသားမဖြစ်ခင်က အမှတ်တရတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

သင်တန်းသွားရင်း သူငယ်ချင်းတွေနဲ့ ပုလဲကွန်ဒိုအောက်က ထိုင်းစားလေးတွေနဲ့ ရန်ကင်းစင်တာရှေ့က ကြက်ကင်စားခဲ့ကြသလို လိုင်းကား (၃၃)ကားစီးရင်း မူးနောက်အိပ်ပျော်သွား ပြီး ဂိတ်ဆုံးထိပါသွားခဲ့ဖူးတဲ့ ငယ်ဘ၀ အမှတ်တရတွေကိုပြောပြလာခဲ့တာပါ ။ပျော်စရာတွေရော ငိုခဲ့ရတာတွေရော စိတ်ညစ်စရာတွေရော

ကြုံခဲ့ရပြီး ပိုက်ဆံ မရှိလို့ သူငယ်ချင်းက model showက ရတဲ့ပိုက်ဆံနဲ့ ငါးကင်တွေဝယ်ကျွေးခဲ့ရတယ်လို့လည်း မအောင်မြင်ခင်က အမှတ်တရတွေကို ပြောပြခဲ့ပါတယ် ။ လှည်းတန်းမှာ ဘောင်းဘီတို တီရှပ်နဲ့ သွားရင် ဟိန်းဝေယံနဲ့တူလို့ဆိုပြီး လူတကာ ငေးခဲ့ကြတာလည်း ငယ်ဘဝအမှတ်တရတွေထဲက တစ်ခုပါတဲ

ပရိသတ်ကြီးရေ ..။
အရင်က မြို့ထဲ လမ်းလျှောက်သွားပြီး ဆူးလေးဘုရားပေါ်သွား ကုန်းတံတားတွေဆင်း ခဲ့ရတာကို အဲ့ဒီအချိန်တုန်းက ပင်ပန်းခဲ့တယ်ထင်ရပေမယ့် အခုချိန်အဲဒီ အရသာတွေမရတော့သလို ပျော်ရွှင်လွှတ်လပ်စွာ မိုးရေထဲ ခုန်ပေါက်ပြေးဆော့လို့လည်းမရတော့တဲ့အတွက် တစ်ခါက မေ့မရနိုင်တဲ့အမှတ်တရလေးတွေကို တမ်း

တမ်းတတနဲ့ ပြန်လည်ပြောပြခဲ့တာဖြစ်ပါတယ် ။
အစမှ အဆုံးဖတ် ပေးသော Cele top stars ပရိတ်သတ်ကြီးအားကျေးဇူးတင်ပါတယ် ။အနုပညာရှင်တွေရဲ့ သတင်းတွေကို အစဉ်အပျက် တင်ဆက်ပေးနေသော cele top stars page လေးကို like and share လေးပြုလုပ်ပေးကျပါအုံးနော်.

Zaw gyi




ပရိသတ်ကြီးရေ ..။
