ပရိသတ္ႀကီးေရ.. လက္ရွိ အေျခအေနေတြမွာ တစ္ေယာက္ကိုတစ္ေယာက္ ေဖးမကူညီမႈေတြနဲ႔ အခက္အခဲေတြကိုရင္ဆိုင္ရင္း မတ္လ(၂၄)ရက္ေန႔က Silent Strike ျပဳလုပ္ခဲ့ၾကတဲ့ ျပည္သူေတြရဲ့စည္းလုံးမႈေတြကေတာ့ တကယ္ကို ၾကည္ႏူးစရာေကာင္းလြန္း ပါတယ္..။ လမ္းေပၚထြက္ လႈပ္ရွားမႈေတြမွာ တက္ႂကြစြာပါဝင္ၾကသလို Silent Strike မွာလည္း စည္းလုံးၾကတဲ့ ျပည္သူေတြရဲ့ေတာ္လွန္ေရးပုံရိပ္ေတြကေတာ့ ျပည္ပနိုင္ငံေတြကပါ ခ်ီးက်ဴးေနၾကရၿပီး ကမၻာကိုပါ သိျမင္ေစခဲ့တာလည္း ေတြ႕ရပါတယ္..။

ျပည္သူေတြအားလုံးပါဝင္ ျပဳလုပ္ခဲ့ၾကတဲ့ Silent Strike မွာ ပရိသတ္ေတြနဲ႔အတူ အႏုပညာရွင္ေတြ မ်ားစြာကလည္း ပါဝင္ခဲ့ၾကၿပီး သူတို႔လႈပ္ရွားမႈေတြကိုလည္း လူမႈကြန္ယက္ စာမ်က္ႏွာေတြကေန အသိေပးေဝမၽွခဲ့ၾကပါတယ္..။ နာမည္ေက်ာ္ဒိတ္ဒိတ္ၾကဲ အႏုပညာရွင္ေတြျဖစ္ၾကတဲ့ မင္းေမာ္ကြန္း၊ ထြန္းထြန္း၊ ဝတ္မႈံေရႊရည္၊ ေဖြးေဖြးတို႔အျပင္ အျခားေသာ သ႐ုပ္ေဆာင္အႏုပညာရွင္ေတြနဲ႔ ဂီတအႏုပညာရွင္ေတြပါ နယ္ပယ္အသီးသီးကေန ျပည္သူေတြနဲ႔အတူတစ္သားတည္း ရပ္တည္ပါဝင္ခဲ့ၾကတာ ျဖစ္ပါတယ္..။

“ဒီေန႔ကေတာ့ Silent Strike ပါပဲ က်မတို႔ တစ္အိမ္လုံး လမ္းေပၚလုံးဝ မထြက္ပါဘူး 😇..” ဆိုၿပီး မတ္လ(၂၄)ရက္ေန႔က မိသားစုလိုက္ ျပည္သူေတြနဲ႔ရပ္တည္ေနခဲ့တဲ့ အေၾကာင္းေလးကို ပိုးၾကာျဖဴခင္ ကလည္း ပရိသတ္ေတြကိုအသိေပး ေျပာျပထားတာ ေတြ႕ရပါတယ္..။ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ပါဝင္ၿပီး ျပည္သူေတြနဲ႔အတူပါဝင္ရပ္တည္ေနၾကတဲ့ အႏုပညာရွင္ေတြ ကိုလည္း အားလုံးက ေလးစားခ်စ္ခင္စြာနဲ႔ အားေပး စကားေလးေတြလည္း အသီးသီး ေျပာထားၾကသလို Silent Strike လုပ္ခဲ့ၾကတဲ့ အႏုပညာရွင္ေတြရဲ့ ပုံရိပ္ေတြကိုလည္း တင္ဆက္ေပး လိုက္ပါတယ္..။

Photo Credit – Pyae Phoo Khaing’s Fb Acc
Credit

ပရိသတ်ကြီးရေ.. လက်ရှိ အခြေအနေတွေမှာ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီမှုတွေနဲ့ အခက်အခဲတွေကိုရင်ဆိုင်ရင်း မတ်လ(၂၄)ရက်နေ့က Silent Strike ပြုလုပ်ခဲ့ကြတဲ့ ပြည်သူတွေရဲ့စည်းလုံးမှုတွေကတော့ တကယ်ကို ကြည်နူးစရာကောင်းလွန်း ပါတယ်..။ လမ်းပေါ်ထွက် လှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်ကြသလို Silent Strike မှာလည်း စည်းလုံးကြတဲ့ ပြည်သူတွေရဲ့တော်လှန်ရေးပုံရိပ်တွေကတော့ ပြည်ပနိုင်ငံတွေကပါ ချီးကျူးနေကြရပြီး ကမ္ဘာကိုပါ သိမြင်စေခဲ့တာလည်း တွေ့ရပါတယ်..။

ပြည်သူတွေအားလုံးပါဝင် ပြုလုပ်ခဲ့ကြတဲ့ Silent Strike မှာ ပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေ များစွာကလည်း ပါဝင်ခဲ့ကြပြီး သူတို့လှုပ်ရှားမှုတွေကိုလည်း လူမှုကွန်ယက် စာမျက်နှာတွေကနေ အသိပေးဝေမျှခဲ့ကြပါတယ်..။ နာမည်ကျော်ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေဖြစ်ကြတဲ့ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ဝတ်မှုံရွှေရည်၊ ဖွေးဖွေးတို့အပြင် အခြားသော သရုပ်ဆောင်အနုပညာရှင်တွေနဲ့ ဂီတအနုပညာရှင်တွေပါ နယ်ပယ်အသီးသီးကနေ ပြည်သူတွေနဲ့အတူတစ်သားတည်း ရပ်တည်ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်..။

“ဒီနေ့ကတော့ Silent Strike ပါပဲ ကျမတို့ တစ်အိမ်လုံး လမ်းပေါ်လုံးဝ မထွက်ပါဘူး 😇..” ဆိုပြီး မတ်လ(၂၄)ရက်နေ့က မိသားစုလိုက် ပြည်သူတွေနဲ့ရပ်တည်နေခဲ့တဲ့ အကြောင်းလေးကို ပိုးကြာဖြူခင် ကလည်း ပရိသတ်တွေကိုအသိပေး ပြောပြထားတာ တွေ့ရပါတယ်..။ ပုံစံအမျိုးမျိုးနဲ့ ပါဝင်ပြီး ပြည်သူတွေနဲ့အတူပါဝင်ရပ်တည်နေကြတဲ့ အနုပညာရှင်တွေ ကိုလည်း အားလုံးက လေးစားချစ်ခင်စွာနဲ့ အားပေး စကားလေးတွေလည်း အသီးသီး ပြောထားကြသလို Silent Strike လုပ်ခဲ့ကြတဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်တွေကိုလည်း တင်ဆက်ပေး လိုက်ပါတယ်..။

Photo Credit – Pyae Phoo Khaing’s Fb Acc
Credit