မဂၤလာပါ ပရိသတ္ႀကီးေရ မတ္ ၃ ရက္ေန႔က မႏၲေလးၿမိဳ႕ ၈၄ လမ္းနဲ႔ လမ္း၃၀ ေထာင့္မွာ ေႂကြလြင့္သြားတဲ့ သူရဲေကာင္းညီမေလး Deng Jia Xi (ခ)မၾကယ္စင္(ခ) က်ားရွိ (ခ)အိန္ဂ်ယ္ ရဲ႕ ဈာပနာအခမ္းအနားကို လမ္း(၈၀)ရွိ ယူနန္ ဗုဒၶဘာသာ ဘုရားေက်ာင္းတြင္ ျပဳလုပ္ကာ ေအးရိပ္ၿငိမ္ သုႆန္မွာ ဂူသြင္းသၿဂႋလ္ခဲ့ပါတယ္။ ျပည္သူ႔ သူရဲေကာင္းမေလး အိန္ဂ်ယ္အတြက္ဝတ္မႈံေ႐ႊရည္က လြမ္းသူ႔ပန္းေခြ ပို႔ေပးခဲ့ကာ “ျပည္သူ႔အာဇာနည္သူရဲေကာင္းကို ေလးစားဂုဏ္ျပဳၿပီး ေအးခ်မ္းရာ ဘုံဘဝမွာ ေကာင္းရာသု ဂတိလားပါေစ”လို႔ ေရးသားခဲ့ပါတယ္။

သူမရဲ႕ဖခင္ကလည္း ေႏြဦးေတာ္လွန္ေရးအတြက္ သမီးကို လက္ပတ္ေလး ခ်ည္ေပးခဲ့တဲ့ ပုံရိပ္ကလည္း ျပည္သူမ်ားၾကား ရင္ထဲထိေရာက္ၿပီး ေရပန္းစားခဲ့တဲ့ ပုံရိပ္ေလးေတြလည္း ျဖစ္ခဲ့ပါတယ္။ ငယ္႐ြယ္တဲ့ မိန္းကေလးတစ္ေယာက္ ျဖစ္ေပမယ့္လည္း သတၱိရွိ ထက္ျမက္႐ုံသာမက အႏုပညာမွာလည္း ပါရမီရွိတဲ့ မ်ိဳးဆက္သစ္ လူငယ္ေလး တစ္ဦးလည္း ျဖစ္ပါတယ္။

အဆိုေတာ္ျဖစ္ခ်င္ခဲ့တဲ့ အိန္ဂ်ယ္လ္ ကိုယ္တိုင္ သီဆိုထားတဲ့ သီခ်င္း တစ္ပုဒ္ (Official Song) ျဖစ္တဲ့ “No Reason” ဆိုတဲ့ သီခ်င္းကလည္း ျပည္သူေတြအေနနဲ႔ လြမ္းဆြတ္မႈေတြကို ပိုးတိုးေစခဲ့ပါတယ္ ။ ဒီသီခ်င္းထဲမွာ ခံစားသက္ဝင္မႈအျပည့္နဲ႔ အေကာင္းဆုံး သီဆိုထားတဲ့အျပင္ အိန္ဂ်ယ္ကိုယ္တိုင္ ပါဝင္သ႐ုပ္ေဆာင္ထားတာ ပဲ ျဖစ္ပါတယ္။ျပည္သူ႔ သူရဲေကာင္းမေလး အိန္ဂ်ယ္ကို ေမတၱာပို႔ အမွ်ေဝ ဆုေတာင္းစကားေလး ေျပာေပးၾကဖို႔ ေတာင္းဆိုရင္း ျပည္သူေတြ အားလုံးလည္း ေဘးအႏၲရယ္ ကင္းရွင္းၿပီး အျမန္ဆုံး ေအးခ်မ္းမႈ ရရွိႏိုင္ပါေစလို႔ ဆုေတာင္း လိုက္ပါတယ္ေနာ္…။

Credit

မင်္ဂလာပါ ပရိသတ်ကြီးရေ မတ် ၃ ရက်နေ့က မန္တလေးမြို့ ၈၄ လမ်းနဲ့ လမ်း၃၀ ထောင့်မှာ ကြွေလွင့်သွားတဲ့ သူရဲကောင်းညီမလေး Deng Jia Xi (ခ)မကြယ်စင်(ခ) ကျားရှိ (ခ)အိန်ဂျယ် ရဲ့ ဈာပနာအခမ်းအနားကို လမ်း(၈၀)ရှိ ယူနန် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွင် ပြုလုပ်ကာ အေးရိပ်ငြိမ် သုဿန်မှာ ဂူသွင်းသင်္ဂြိလ်ခဲ့ပါတယ်။ ပြည်သူ့ သူရဲကောင်းမလေး အိန်ဂျယ်အတွက်ဝတ်မှုံရွှေရည်က လွမ်းသူ့ပန်းခွေ ပို့ပေးခဲ့ကာ “ပြည်သူ့အာဇာနည်သူရဲကောင်းကို လေးစားဂုဏ်ပြုပြီး အေးချမ်းရာ ဘုံဘဝမှာ ကောင်းရာသု ဂတိလားပါစေ”လို့ ရေးသားခဲ့ပါတယ်။

သူမရဲ့ဖခင်ကလည်း နွေဦးတော်လှန်ရေးအတွက် သမီးကို လက်ပတ်လေး ချည်ပေးခဲ့တဲ့ ပုံရိပ်ကလည်း ပြည်သူများကြား ရင်ထဲထိရောက်ပြီး ရေပန်းစားခဲ့တဲ့ ပုံရိပ်လေးတွေလည်း ဖြစ်ခဲ့ပါတယ်။ ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပေမယ့်လည်း သတ္တိရှိ ထက်မြက်ရုံသာမက အနုပညာမှာလည်း ပါရမီရှိတဲ့ မျိုးဆက်သစ် လူငယ်လေး တစ်ဦးလည်း ဖြစ်ပါတယ်။

အဆိုတော်ဖြစ်ချင်ခဲ့တဲ့ အိန်ဂျယ်လ် ကိုယ်တိုင် သီဆိုထားတဲ့ သီချင်း တစ်ပုဒ် (Official Song) ဖြစ်တဲ့ “No Reason” ဆိုတဲ့ သီချင်းကလည်း ပြည်သူတွေအနေနဲ့ လွမ်းဆွတ်မှုတွေကို ပိုးတိုးစေခဲ့ပါတယ် ။ ဒီသီချင်းထဲမှာ ခံစားသက်ဝင်မှုအပြည့်နဲ့ အကောင်းဆုံး သီဆိုထားတဲ့အပြင် အိန်ဂျယ်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာ ပဲ ဖြစ်ပါတယ်။ပြည်သူ့ သူရဲကောင်းမလေး အိန်ဂျယ်ကို မေတ္တာပို့ အမျှဝေ ဆုတောင်းစကားလေး ပြောပေးကြဖို့ တောင်းဆိုရင်း ပြည်သူတွေ အားလုံးလည်း ဘေးအန္တရယ် ကင်းရှင်းပြီး အမြန်ဆုံး အေးချမ်းမှု ရရှိနိုင်ပါစေလို့ ဆုတောင်း လိုက်ပါတယ်နော်…။

Credit