Credit– CeleZone
Source – May Mi Ko Ko
ချစ်ပရိသတ်ကြီးရေ ပြီးခဲ့တဲ့ ရက်အနည်း ငယ်လောက်တုန်းက ပရိစတ်တွေရဲ့အချစ်တော် သရုပ်ဆောင်းမင်းသမီးချောလေး မေမီကိုကိုကတော့ သူ့ရဲ့အချစ်ရေးနဲ့ ပတ်သက်လို့ ပရိသတ်တွေကို တရားယင်ပွင့်ပွင့်လင်းလင်းနဲ့ ချပြလာခဲ့ပါတယ်။ ချစ်သူကို ချပြခဲ့ပြီးနောက်ပိုင်းမှာတော့ အကောင့်အတုတွေနဲ့ အခြေအမြစ်မရှိတဲ့ ဝေဖန်တိုက်ခိုက် မှုတွေများစွာနဲ့ တိုက်ခိုက်ခံနေခဲ့ရပါတယ်။
သရုပ်ဆောင် မင်းသမီး မေမီကိုကို အခုလို အခြေအမြစ်မရှိမနာလိုသူတွေရဲ့ဝေဖန်တိုက်ခိုက်မှုကြောင့် စိတ်အားမငယ်ဖို့ လုပ်ဖော်ကိုင်ဖက် ညီကိုမောင်နှမ သူငယ်ချင်းတွေနဲ့ မေမီရဲ့ ပရိသတ်တွေက အားပေးနေခဲ့ကြပါတယ်။ လတ်တလောမှာလည်း မေမီရဲ့ မောင်နှမလို သူငယ်ချင်းလို ချစ်ခင်ရတဲ့ မင်းသားချော လပြည့်ကလည်း မေမီနဲ့ ပတ်သက်လို့ “ကိုယ့် သူငယ်ချင်းမို့လို့ ကိုယ့်ပြောတာမဟုတ်ဘူး ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာလည်း မဟုတ်ပါဘူ။း သူမအကြောင်းလေး ပြောပြချင်တာ သူမ က အားနည်းတဲ့ သူဆို သူနဲ့ မဆိုင်လည်း ဝင်ပါတတ်တယ် ကူညီတတ်တယ်။ အပြင်မှာ လည်း မာန်မာန ကင်းစွာနေတတ်တယ် ရိုးရိုးသားသားလေး နဲ့ ရသမျှ ပိုက်ဆံလေး ကို မရှိတဲ့ကြား အကုန်ပြန်အပ်ပြီး မိဘကိုလုပ်ကျွေးတယ် စိတ်ထားလေးကလည်းသူများဖြည့်တွေး တတ်တယ် တစ်ခါတစ်ခါ မတရားတာ တွေ့ရင် ဝင်ဝင်ပြောတတ်သေးတယ်။ စိတ်ထားလေးလည်း ကလေးဆန် ပီးချစ်ဖို့ ကောင်းပါတယ်။ ကျွန်တော် ပြောရင် ကျွန်တော် အပို ဖြစ်မှာစိုးလို့ သူမနဲ့ ဆုံဘူ းသူတိုင်း သိမှာပါ။
ကလေးတယောက်လို ရူးပေါပေါလေးပါ ရုပ်ရည်ပိုင်းလည်း နတ်သမီးတပါးလိုတော့ မချောပေမဲ့ သင့်တင့်တဲ့ ရုပ်ရည်လေးတော့ ပိုင်ဆိုင်ပါတယ်။ ကျွန်တော်ကတော့ မ်ိဘလုပ်ကျွေးတာလေး နဲ့တင် သူကို လေးစားပါတယ်”ဆိုပြီး သူငယ်ချင်းဖြစ်သူမေမီရဲ့ စိတ်ထားကောင်းသူဖြစ်ကြောင်း အပြည့်အဝရပ်တည်ပေးခဲ့တာပါ။ ပရိသတ်ကြီးရေ မေမီကိုကို ကတော့ စိတ်ထားကောင်းတာကြောင့် သူငယ်ချင်းကောင်းတွေကို ပိုင်ဆိုင်ထားတာပါနော်…။
Credit– CeleZone
Source – May Mi Ko Ko