ဒီကနေ့မှာ မင်္ဂလာသက်တမ်း (၁၅) နှစ်တိုင်တိုင်ပြည့်ခဲ့ပြီဆိုတဲ့ သရုပ်ဆောင် ရတနာခင်တို့ ဇနီးမောင်နှံရဲ့
အကြောင်းလေးကို Cele Top Stars များ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။တစ်ချိန်က
အနုပညာလောကမှာ ဖြူဖြူနုနုလေးနဲ့ အရမ်းကိုလှတဲ့ မင်းသမီးတစ်ဦးအဖြစ် ပရိသတ်တွေ အားပေးချစ်ခင်ခဲ့ကြတဲ့
ရတနာခင်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ ရပ်နားထားပြီး ချစ်ရတဲ့ မိသားစုကို အပြည့်အဝအချိန်ပေးဖြစ်နေတာပါ။
ရတနာခင်ကတော့ အလှူအတန်းတွေကို မကြာခဏပြုလုပ်နေပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးနဲ့
အေးအေးချမ်းချမ်းရှိနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ရတနာခင်တစ်ယောက် အရင်လို
အနုပညာအလုပ်တွေမလုပ်တော့ပေမယ့် သူမရဲ့ ချစ်စရာကောင်းတဲ့ မိသားစုလေးကြောင့် အရင်အတိုင်းပဲ
ချစ်ခင်အားပေးနေကြဆဲ ဖြစ်ပါတယ်။ဒီကနေ့ နိုဝင်ဘာလ (၂၆) ရက်နေ့ကတော့ ရတနာခင်နဲ့ ကိုစိုးလှိုင်ဦးတို့
ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း (၁၅) နှစ်ပြည့်တဲ့ နေ့လေးပဲ ဖြစ်ပါတယ်။ ရတနာခင်တို့ ဇနီးမောင်နှံကတော့
15 years Anniversary မှာ မဟာမြိုင်တောရ မှာဆောက်လုပ်နေတဲ့ ဇီဝိတဒါနသံဃာ့ဆေးရုံအတွက်
အလှူငွေကျပ် (၅) သိန်းတိတိ လှူဒါန်းခဲ့ပြီး မင်္ဂလာနှစ်ပတ်လည်နေ့လေးကို ကောင်းမှုကုသိုလ်တွေပြုလုပ်ရင်းနဲ့သာ
ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ရတနာခင်တို့ ဇနီးမောင်နှံကတော့ မင်္ဂလာသက်တမ်း (၁၅) နှစ်အတွင်းမှာ သားကြီး
ဇွဲဦးထက်၊ သားလတ် ထွဋ်မြတ်ဦးနဲ့ သားငယ် ကောင်းဆက်ဦးဆိုတဲ့ သားချောလေး သုံးယောက်ကို ပိုင်ဆိုင်နိုင်ခဲ့တာ
ဖြစ်ပါတယ်။ ရတနာခင်တို့ ဇနီးမောင်နှံနှစ်ဦး မင်္ဂလာသက်တမ်း (၁၅) နှစ်မှသည် နောင်နှစ်ပေါင်း
(၁၅၀) တိုင် အခုလိုပဲ မိသားစုလေးနဲ့ ထာဝရပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
အစမှ အဆုံးဖတ် ပေးသော ပရိတ်သတ်ကြီးအားကျေးဇူးတင်ပါတယ် ။အနုပညာရှင်တွေရဲ့ သတင်းတွေကို
အစဉ်အပျက် တင်ဆက်ပေးနေသော Cele Top Stars page လေးကို like and share
လေးပြုလုပ်ပေးကျပါအုံးနော်… ဖတ်ရှုပေးကြတဲ့ Cele top stars ပရိသတ်ကြီးအားလုံးလည်း
သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။