


Source and Photo Crde -Moe Hay Ko’s IG Account

ချစ်လှစွာသောပရိတ်သတ်ကြီးရေ ဇွန်လ (၂၃) ရက်နေ့ နေ့လည် ၁:၄၇ မိနစ်တွင် သရုပ်ဆောင် မိုးဟေကိုရဲ့ မိခင် ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့မိခင်ဟာ ကျောက်ကပ်ရောဂါကို အချိန်ကာလကြာမြင့်စွာ ဝေဒနာခံစားခဲ့ရတာ ဖြစ်ပါတယ်။ မိုးဟေကိုကလည်း မိခင်ရဲ့ ကျန်းမာရေးအတွက် လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ခဲ့တဲ့ သမီးအလိမ္မာလေးဖြစ်ပါတယ်..။

ပရိသတ်တွေကလည်း သူမရဲ့ မိခင်ကွယ်လွန်သွားတာကြောင့် မိသားစုနဲ့ထပ်တူ ဝမ်းနည်းစိတ်မကောင်း ဖြစ်နေကြတာ ဖြစ်ပါတယ်။ မနေ့ကလည်း မိခင်ဖြစ်သူရဲ့ နောက်ဆုံးခရီးကို ရေဝေးသုဿာန်တွင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း မိုးဟေကိုရဲ့ Instagram Story မှာ ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်..။

ဒါကတော့ အမေ့ရဲ့ နောက်ဆုံးကျန်ရှိတဲ့ အရိုးပြာအိုးကို ကိုင်ဆောင်ပြီး မြစ်ထဲတွင် ဝမ်းနည်းစွာဖြင့် ရေမျှောခဲ့တဲ့ ပုံရိပ်လေးတွေ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က သူမရဲ့ မွေးနေ့မှာ မိခင်သက်ရှိထင်ရှားရှိနေစဉ်အတွင်း သီလရှင်ဝတ်ကာ မိဘကျေးဇူးကို ဆပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ မိုးဟေကိုရဲ့မွေးနေ့ မှာတော့ မိခင်မရှိတော့ပေမယ့် အမေ့အတွက် တာဝန်ကျေပွန်လွန်းတဲ့ သမီးကောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်။ မိုးရဲ့ မိခင်လည်း ကောင်းရာမွန်ရာဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့
ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit