မိခင်တစ်ယောက်ရဲ့ အတွေ့အကြုံကို ပြောပြလာခဲ့ တဲ့ သရုပ်ဆောင် ဆန်းသစ်လရဲ့အကြောင်းလေးကို cele top stars ပရိတ်သတ်ကြီးအတွက်

ပြန်လည်မျှဝေလိုက်ပါတယ်။
ဆန်းသစ်လကတော့ အခုဆိုရင် သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီးဖြစ်တဲ့ မိခင်ဖြစ်လို့နေပါပြီ။ သမီးလေးကိုတော့ မွေးကင်းစမှာ

ကတည်းက Apple လို့ အမည်ပေးခဲ့ပါတယ်။ အခုဆိုရင်တော့ Apple လေးဟာ (၂) လပြည့်တော့မှာဖြစ်ပြီး သမီးလေ

းကြောင့်လည်း အများကြီး ပြောင်းလဲလာတယ်လို့ ဆန်းသစ်လက Duwun ကို ပြောခဲ့ပါတယ်။
“ ကိုယ်က မိခင်တစ်ယောက်ဖြစ်လာပြီဆိုတော့ ပြောင်းလဲမှုကတော့ အများကြီးပဲပေါ့နော်။ ကလေးနဲ့ ပတ်သက်ပြီးဂရုစိုက်

ရမယ့် အရာတွေကလည်း အများကြီးပဲ၊ သူ့ကို လုပ်ပေးချင်နေတာတွေရော ခေါင်းထဲမှာ အပြည့်ပါပဲ။ အခုက ကိုဗစ်ကာလ

ဆိုတော့ သူ့ကိုပဲ ပိုဂရုစိုက်ပြီး စိတ်ပူနေရတယ်။ သူက အခုလာမယ့် (၂၃) ရက်နေ့ဆိုရင် (၂) လပြည့်ပါပြီ။ အိမ်ခေါ်နာမည်

အနေနဲ့ Apple လေးလို့ ပေးဖြစ်တာက သူမွေးတုန်းက မျက်နှာလေးကလေ နီရဲပြီးတော့ ချစ်စရာလေး။ ပန်းသီးလေး

နဲ့တူလို့ Apple လေးလို့ နာမည်ပေးဖြစ်နေတာပါ” လို့ဆိုပါတယ်။ ဆန်းသစ်လဟာ သူ့ရဲ့ သမီးလေး ဓာတ်ပုံတွေကို ဖေ့စ်

ဘွတ်မှာ အမြဲတင်ပေးလေ့ရှိပါတယ်။ သူမကိုလည်း ချစ်ခင်သလို သမီးငယ် Apple လေးကိုလည်း ချစ်ကြတဲ့ ပရိသတ်

တွေကြောင့် အရမ်းပီတိဖြစ်ရတယ်လို့ သူက ဆိုပါတယ်။
“ Apple က အရမ်းလိမ္မာတဲ့ ကလေးပါ။ သူက ၂ လသာပြောတာ။ ၂ လနဲ့တောင်မတူဘူး သူသိနေ၊ တတ်နေ

သလိုပဲ။ နေ့နဲ့ညတောင်မမှားဘူး။ အိပ်ချိန်တွေဆိုလည်း သူအိပ်တယ်။ (၂) ခါ၊ (၃)ခါလောက်ပဲ သူ့ကို ထပြီးတော့ နို့တိုက်ရ

တာပဲရှိတာပါ။ သူ့ကြောင့်လည်း အမေဖြစ်သူက ပင်ပန်းရတယ်ဆိုတာမျိုးမရှိတော့ အခုအရွယ်ကတည်းက တကယ်

ကို လိမ္မာတဲ့ ကလေးလေးပါ။ အခုဆိုရင် သူ့ရဲ့ ပုံလေးတွေကို ညီမက တင်လိုက်ရင် Comment ကနေ လာ

ပြီး ချစ်ပေးကြတဲ့ ပရိသတ်တွေလည်းအများကြီး ရှိတော့ပျော်တယ်။ ရွှေလကိုလည်း ချစ်သလို သမီးလေးကို ပို

ချစ်ကြတော့ ပိုပျော်တာပေါ့လေ။ ဒီပျော်ရွှင်မှုက မိခင်တိုင်းဖြစ်တတ်ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ ဆန်းသစ်

လကို ဝါရင့်အဆိုတော် သရုပ်ဆောင် မေရွက်ဝါရဲ့ သမီး တစ်ယောက် အဖြစ် အနုပညာအသိုင်း အဝိုင်း ကရော၊ ပရိသတ်

တွေကပါ သိရှိခဲ့ပါတယ်။ သူမဟာ ဝါရင့် သရုပ်ဆောင်ကြီး ဝါးခယ်မ ရဲမောင် ရဲ့ မြေးမလေး တစ်ဦးလည်း ဖြစ်ပါတယ်။ ဆန်းသစ်

လက အနုပညာနဲ့ ပတ်သက်ပြီး သီချင်းတွေ ဆိုဖြစ်နေသလို ဓာတ်ပုံတွေလည်း ရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ သူမ

ဟာ ခင်ပွန်းဖြစ်သူနဲ့ ချစ်သူသက်တမ်း ၃ နှစ်မှာ အိမ်ထောင်ပြုခဲ့တာဖြစ်ပါတယ်။ သူမရဲ့ မင်္ဂလာပွဲကိုတော့ ၂၀၁၉ ခုနှစ် မတ်

လ ၁ ရက်နေ့က မင်းကွန်း တိပိဋကေ ကျာင်း တိုက်မှာရှိတဲ့ ရွှေရတုမင်္ဂလာခန်းမမှာ မင်္ဂလာဆွမ်းကျွေးပြုလုပ်ခဲ့ပြီး မတ်

လ ၃ ရက်နေ့မှာတော့ ပြည်သူ့ရင်ပြင်အတွင်းက Western Park Ruby မှာ မင်္ဂလာပွဲပြုလုပ်ခဲ့တာ

ဖြစ်ပါတယ်။အစမှ အဆုံးဖတ် ပေးသော Cele top stars ပရိတ်သတ်ကြီးအားကျေးဇူးတင်ပါတယ် ။အနုပညာရှင်

တွေရဲ့ သတင်းတွေကို အစဉ်အပျက် တင်ဆက်ပေးနေသော cele top stars page လေးကို like and share လေးပြုလုပ်ပေးကျပါအုံးနော်…

zaw gyi
မိခင္တစ္ေယာက္ရဲ႕ အေတြ႕အႀကဳံကို ေျပာျပလာခဲ့ တဲ့ သ႐ုပ္ေဆာင္ ဆန္းသစ္လရဲ႕အေၾကာင္းေလးကို cele top stars ပရိတ္သတ္ႀကီးအတြက္

ျပန္လည္မွ်ေဝလိုက္ပါတယ္။
ဆန္းသစ္လကေတာ့ အခုဆိုရင္ သမီးေလးတစ္ေယာက္ကို ပိုင္ဆိုင္ထားၿပီးျဖစ္တဲ့ မိခင္ျဖစ္လို႔ေနပါၿပီ။ သမီးေလးကိုေတာ့ ေမြးကင္းစမွာ

ကတည္းက Apple လို႔ အမည္ေပးခဲ့ပါတယ္။ အခုဆိုရင္ေတာ့ Apple ေလးဟာ (၂) လျပည့္ေတာ့မွာျဖစ္ၿပီး သမီးေလ

းေၾကာင့္လည္း အမ်ားႀကီး ေျပာင္းလဲလာတယ္လို႔ ဆန္းသစ္လက Duwun ကို ေျပာခဲ့ပါတယ္။
“ ကိုယ္က မိခင္တစ္ေယာက္ျဖစ္လာၿပီဆိုေတာ့ ေျပာင္းလဲမႈကေတာ့ အမ်ားႀကီးပဲေပါ့ေနာ္။ ကေလးနဲ႔ ပတ္သက္ၿပီးဂ႐ုစိုက္

ရမယ့္ အရာေတြကလည္း အမ်ားႀကီးပဲ၊ သူ႔ကို လုပ္ေပးခ်င္ေနတာေတြေရာ ေခါင္းထဲမွာ အျပည့္ပါပဲ။ အခုက ကိုဗစ္ကာလ

ဆိုေတာ့ သူ႔ကိုပဲ ပိုဂ႐ုစိုက္ၿပီး စိတ္ပူေနရတယ္။ သူက အခုလာမယ့္ (၂၃) ရက္ေန႔ဆိုရင္ (၂) လျပည့္ပါၿပီ။ အိမ္ေခၚနာမည္

အေနနဲ႔ Apple ေလးလို႔ ေပးျဖစ္တာက သူေမြးတုန္းက မ်က္ႏွာေလးကေလ နီရဲၿပီးေတာ့ ခ်စ္စရာေလး။ ပန္းသီးေလး

နဲ႔တူလို႔ Apple ေလးလို႔ နာမည္ေပးျဖစ္ေနတာပါ” လို႔ဆိုပါတယ္။ ဆန္းသစ္လဟာ သူ႔ရဲ႕ သမီးေလး ဓာတ္ပုံေတြကို ေဖ့စ္

ဘြတ္မွာ အၿမဲတင္ေပးေလ့ရွိပါတယ္။ သူမကိုလည္း ခ်စ္ခင္သလို သမီးငယ္ Apple ေလးကိုလည္း ခ်စ္ၾကတဲ့ ပရိသတ္

ေတြေၾကာင့္ အရမ္းပီတိျဖစ္ရတယ္လို႔ သူက ဆိုပါတယ္။
“ Apple က အရမ္းလိမၼာတဲ့ ကေလးပါ။ သူက ၂ လသာေျပာတာ။ ၂ လနဲ႔ေတာင္မတူဘူး သူသိေန၊ တတ္ေန

သလိုပဲ။ ေန႔နဲ႔ညေတာင္မမွားဘူး။ အိပ္ခ်ိန္ေတြဆိုလည္း သူအိပ္တယ္။ (၂) ခါ၊ (၃)ခါေလာက္ပဲ သူ႔ကို ထၿပီးေတာ့ ႏို႔တိုက္ရ

တာပဲရွိတာပါ။ သူ႔ေၾကာင့္လည္း အေမျဖစ္သူက ပင္ပန္းရတယ္ဆိုတာမ်ိဳးမရွိေတာ့ အခုအ႐ြယ္ကတည္းက တကယ္

ကို လိမၼာတဲ့ ကေလးေလးပါ။ အခုဆိုရင္ သူ႔ရဲ႕ ပုံေလးေတြကို ညီမက တင္လိုက္ရင္ Comment ကေန လာ

ၿပီး ခ်စ္ေပးၾကတဲ့ ပရိသတ္ေတြလည္းအမ်ားႀကီး ရွိေတာ့ေပ်ာ္တယ္။ ေ႐ႊလကိုလည္း ခ်စ္သလို သမီးေလးကို ပို

ခ်စ္ၾကေတာ့ ပိုေပ်ာ္တာေပါ့ေလ။ ဒီေပ်ာ္႐ႊင္မႈက မိခင္တိုင္းျဖစ္တတ္ပါတယ္” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ ဆန္းသစ္

လကို ဝါရင့္အဆိုေတာ္ သ႐ုပ္ေဆာင္ ေမ႐ြက္ဝါရဲ႕ သမီး တစ္ေယာက္ အျဖစ္ အႏုပညာအသိုင္း အဝိုင္း ကေရာ၊ ပရိသတ္

ေတြကပါ သိရွိခဲ့ပါတယ္။ သူမဟာ ဝါရင့္ သ႐ုပ္ေဆာင္ႀကီး ဝါးခယ္မ ရဲေမာင္ ရဲ႕ ေျမးမေလး တစ္ဦးလည္း ျဖစ္ပါတယ္။ ဆန္းသစ္

လက အႏုပညာနဲ႔ ပတ္သက္ၿပီး သီခ်င္းေတြ ဆိုျဖစ္ေနသလို ဓာတ္ပုံေတြလည္း ႐ိုက္ျဖစ္ေနတယ္လို႔ သိရပါတယ္။ သူမ

ဟာ ခင္ပြန္းျဖစ္သူနဲ႔ ခ်စ္သူသက္တမ္း ၃ ႏွစ္မွာ အိမ္ေထာင္ျပဳခဲ့တာျဖစ္ပါတယ္။ သူမရဲ႕ မဂၤလာပြဲကိုေတာ့ ၂၀၁၉ ခုႏွစ္ မတ္

လ ၁ ရက္ေန႔က မင္းကြန္း တိပိဋေက က်ာင္း တိုက္မွာရွိတဲ့ ေ႐ႊရတုမဂၤလာခန္းမမွာ မဂၤလာဆြမ္းေကြၽးျပဳလုပ္ခဲ့ၿပီး မတ္

လ ၃ ရက္ေန႔မွာေတာ့ ျပည္သူ႔ရင္ျပင္အတြင္းက Western Park Ruby မွာ မဂၤလာပြဲျပဳလုပ္ခဲ့တာ

ျဖစ္ပါတယ္။အစမွ အဆုံးဖတ္ ေပးေသာ Cele top stars ပရိတ္သတ္ႀကီးအားေက်းဇူးတင္ပါတယ္ ။အႏုပညာရွင္

ေတြရဲ႕ သတင္းေတြကို အစဥ္အပ်က္ တင္ဆက္ေပးေနေသာ cele top stars page ေလးကို like and share ေလးျပဳလုပ္ေပးက်ပါအုံးေနာ္…