ခ်စ္ပရိသတ္ႀကီးေရ မိန္းကေလးပရိသတ္ေတြရဲ့ သည္းသည္းလႈပ္အားေပးျခင္းကို ခံရတဲ့ သ႐ုပ္ေဆာင္ မင္းသားေခ်ာ ပိုင္တံခြန္ကေတာ့ ကမၻာအလည္မွာ ျမန္မာဆိုတာကို ထင္ရွားေစသူ မင္းသားတစ္ေယာက္ဆိုလည္း မမွားပါဘူး။ ပိုင္တံခြန္က (၂၀၁၉) ခုနွစ္အတြင္းမွာ ထုိင္းနုိင္ငံနဲ့ အနုပညာလႈပ္ရွားမႈေတြမ်ားစြာျပဳလုပ္ခဲ့သလို (၂၀၂၀) ခုနွစ္အတြင္းမွာလည္း အိမ္နီးခ်င္းနိုင္ငံေတြနဲ့ အေနာက္နိုင္ငံေတြထိပါ ေပါက္ေရာက္ေအာင္ျမင္ခဲ့ျပီး TC Candler ရဲ့ The Most Handsome Face Of 2020 အျဖစ္ နံပါတ္ (၁၀) ေနရာမွာ ေဖာ္ျပခံခဲ့ရတာပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း ပိုင္တံခြန္က လက္ရိွမွာ သူ့ရဲ့ေခတ္လို့ဆိုရေလာက္ေအာင္ ေအာင္ျမင္မႈေတြ ဟုန္းဟုန္းေတာက္ရရိွေနတာ ျဖစ္ပါတယ္။

ေအာင္ျမင္မႈေတြ အမ်ားအျပားရရိွေနတဲ့ သ႐ုပ္ေဆာင္ မင္းသားေခ်ာ ပိုင္တံခြန္က သူ့ရဲ့ ေအာင္ျမင္မႈအေပၚ ဂုဏ္ယူေပမယ့္ အစြဲအလန္းမၾကီးသူတစ္ေယာက္ျဖစ္တာကို ဒီတစ္ေခါက္ သူ့ရဲ့လုပ္ရပ္က သက္ေသျပသြားခဲ့ပါျပီ။ ပိုင္တံခြန္က သူ့ကို ထင္ရွားေစတဲ့ အခ်က္တစ္ခ်က္ျဖစ္တဲ့ ဆံပင္ရွည္ၾကီးကို စြန့္လႊတ္ျပီး သစ္တံခါးဆရာေတာ္ၾကီးရဲ့ ေမတၱာရိပ္ေအာက္ခိုလႈံကာ ပရိသတ္ေတြကို အသိမေပးပဲ သာသနာ့ေဘာင္ထဲသို့ ခဏတာဝင္ေရာက္သြားခဲ့တာပဲ ျဖစ္ပါတယ္။

မင္းသား ပိုင္တံခြန္ကေတာ့ လက္ရိွမွာ သာသနာ့ေဘာင္ထဲသို့ ဝင္ေရာက္ျပီး တရားဘာဝနာေတြ အားထုတ္ေနတာပဲ ျဖစ္ပါတယ္။ ပိုင္တံခြန္တစ္ေယာက္ မြန္ျမတ္လွတဲ့ တရားထူး တရားျမတ္ေတြ ရရိွပိုင္ဆိုင္နိုင္ပါေစလုိ့ ဆုေတာင္းေပးလိုက္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုမြန္ေကာင္းတာင္းေပးလိုက္ပါတယ္ေနာ္….။

Source: Han Nyein Oo’s fb
Credit– Cele Connections

ချစ်ပရိသတ်ကြီးရေ မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကို ခံရတဲ့ သရုပ်ဆောင် မင်းသားချော ပိုင်တံခွန်ကတော့ ကမ္ဘာအလည်မှာ မြန်မာဆိုတာကို ထင်ရှားစေသူ မင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး။ ပိုင်တံခွန်က (၂၀၁၉) ခုနှစ်အတွင်းမှာ ထိုင်းနိုင်ငံနဲ့ အနုပညာလှုပ်ရှားမှုတွေများစွာပြုလုပ်ခဲ့သလို (၂၀၂၀) ခုနှစ်အတွင်းမှာလည်း အိမ်နီးချင်းနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေထိပါ ပေါက်ရောက်အောင်မြင်ခဲ့ပြီး TC Candler ရဲ့ The Most Handsome Face Of 2020 အဖြစ် နံပါတ် (၁၀) နေရာမှာ ဖော်ပြခံခဲ့ရတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပိုင်တံခွန်က လက်ရှိမှာ သူ့ရဲ့ခေတ်လို့ဆိုရလောက်အောင် အောင်မြင်မှုတွေ ဟုန်းဟုန်းတောက်ရရှိနေတာ ဖြစ်ပါတယ်။

အောင်မြင်မှုတွေ အများအပြားရရှိနေတဲ့ သရုပ်ဆောင် မင်းသားချော ပိုင်တံခွန်က သူ့ရဲ့ အောင်မြင်မှုအပေါ် ဂုဏ်ယူပေမယ့် အစွဲအလန်းမကြီးသူတစ်ယောက်ဖြစ်တာကို ဒီတစ်ခေါက် သူ့ရဲ့လုပ်ရပ်က သက်သေပြသွားခဲ့ပါပြီ။ ပိုင်တံခွန်က သူ့ကို ထင်ရှားစေတဲ့ အချက်တစ်ချက်ဖြစ်တဲ့ ဆံပင်ရှည်ကြီးကို စွန့်လွှတ်ပြီး သစ်တံခါးဆရာတော်ကြီးရဲ့ မေတ္တာရိပ်အောက်ခိုလှုံကာ ပရိသတ်တွေကို အသိမပေးပဲ သာသနာ့ဘောင်ထဲသို့ ခဏတာဝင်ရောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

မင်းသား ပိုင်တံခွန်ကတော့ လက်ရှိမှာ သာသနာ့ဘောင်ထဲသို့ ဝင်ရောက်ပြီး တရားဘာဝနာတွေ အားထုတ်နေတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်တစ်ယောက် မွန်မြတ်လှတဲ့ တရားထူး တရားမြတ်တွေ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတာင်းပေးလိုက်ပါတယ်နော်….။

Source: Han Nyein Oo’s fb
Credit– Cele Connections