


Source – Kyaw Naing Oo

ချစ်လှစွာသော ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသားချော ကျော်ကျော် ကတော့ မိဘနှစ်ပါရဲ့ မင်္ဂလာနှစ်ပတ်လည် နေ့လေးအတွက် ဂုဏ်ပြုဆုမွန် ကောင်းတောင်း ပေးခဲ့ပါတယ်။ ဇွန်လ (၁၆) ရက်နေ့လေးမှာတော့ ကျော်ကျော်ရဲ့ မိဘနှစ်ပါးဟာ မင်္ဂလာသက်တမ်း (၃၇) နှစ်ပြည့်မြောက်သွား ခဲ့တာပဲဖြစ်ပါတယ်..။

သရုပ်ဆောင် ကျော်ကျော်က မင်္ဂလာနှစ်ပတ်လည်နေ့ အတွက် “ ယနေ့ကျရောက်တဲ့ ဖေနဲ့မေရဲ့ မင်္ဂလာ နှစ်ပတ်လည် ၃၇ နှစ်ပြည့်မှသည် နောက်နှစ်များစွာတိုင်အောင် ကျန်းမာ ပျော်ရွှင်ခြင်းများစွာနဲ့ သက်ဆုံးတိုင်အတူတူ ကျော်ဖြတ်နိုင်ပါစေလို့ အားကျခြင်းများစွာနဲ့ သားဆုတောင်းပေးလိုက် ပါတယ်နော် “ ဟုဆိုပြီး မိဘနှစ်ပါးရဲ့ ပုံလေးတွေနဲ့အတူ သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မင်္ဂလာနှစ်ပတ်လည် ဂုဏ်ပြုဆုတောင်းစကားဆိုထားခဲ့တာပါ..။

Happy Anniversary ပါ ဦးနဲ့အန်တီရေ။ (၃၇) နှစ်မင်္ဂလာနှစ်ပတ်လည်ကနေ နောင်နှစ်ပေါင်း များစွာတိုင် သားသမီး မြေးမြစ်တွေနဲ့ ပျော်ရွှင်စွာ နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်နော်။ ပရိသတ်ကြီးတွေလည်း ပရိသတ် အချစ်တော် ကျော်ကျော်ရဲ့မိဘနှစ်ပါးအတွက် မင်္ဂလာဆုမွန်ကောင်း စကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်း
တောင်းပေးလိုက်ပါတယ်နော်..။

Credit:Cele Zone