မဂၤလာပါ ပရီသတ္ႀကီးေရ ပရိတ္သတ္ေတြရဲ႕ အခ်စ္ေတာ္မ်ားျဖစ္ၾကတဲ့ စိုင္းစိုင္းခမ္းလိုင္၊ ပိုင္တံခြန္၊ ဝတ္မႈန္ေရႊရည္နဲ႔ သူဇာဝင့္လြင့္တို႔ေလးေယာက္ကေတာ့ အႏုပညာေလာကမွာ ေအာင္ျမင္မႈကိုယ္စီရရွိေနၾကတဲ့ အႏုပညာရွင္ေတြပဲျဖစ္ပါတယ္.။ သူတို႕ေလးေယာက္ဟာဆိုရင္ လတ္တေလာျဖစ္ေပၚေနတဲ့အေျခေနမွာ ျပည္သူလူထုနဲ႕အတူ အခိုင္အမာရပ္တည္ေနတာပဲျဖစ္ပါတယ္..။လူထုရဲ့ဆႏၵနဲ႔အတူ တစ္သားတည္းထပ္တူက်တဲ့ သူတို႔ေလးေယာက္က ျပည္သူတစ္ေယာက္ေနရာကေန ကိုယ့္နိုင္ငံအက်ိဳးအတြက္ တာဝန္ေက်ပြန္ေနတာ ျဖစ္ပါတယ္ ။

မင္းသားေခ်ာ ပိုင္တံခြန္ဟာဆိုရင္ လူထုလႈပ္ရွားမႈေတြမွာ ေန႔တိုင္းလိုလို ရဲဝင့္တက္ႂကြစြာပါဝင္ၿပီး ျပည္သူလူထုကို အေရွ႕ဆုံးကေန ကာကြယ္ေပးေနတာ ျဖစ္ပါတယ္ ။ ေရႊကစ္အေနနဲ႔ကလည္း တရားစခန္းကျပန္ေရာက္ေရာက္ခ်င္းမွာပဲ ျပည္သူေတြနဲ႔အတူ လမ္းေပၚထြက္ၿပီး ရင္တြင္းဆႏၵေတြကို ေဖာ္ျပေတာင္းဆိုခဲ့သူ ျဖစ္ပါတယ္ ။ “Miss Universe Myanmar 2020” ရဲ့သရဖူပိုင္ရွင္ေလးျဖစ္တဲ့ အလွမယ္သူဇာဝင့္လြင္ကေတာ့ ေဖေဖာ္ဝါရီလအစပိုင္းကတည္းက လူထုလႈပ္ရွားမႈေတြမွာ မရပ္မနားပါဝင္ခဲ့တာ ျဖစ္ပါတယ္ ။

စိုင္းစိုင္းကေတာ့ လမ္းေပၚက ျပည္သူေတြအေမာေျပေသာက္ဖို႔ အခ်ိဳရည္ေတြနဲ႔ ေရသန္႔ေတြ လႉဒါန္းခဲ့သလို ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း သူကိုယ္တိုင္လူထုနဲ႔အတူ ပါဝင္လႈပ္ရွားခဲ့ပါတယ္။ ကိုယ့္နိုင္ငံအတြက္ တာဝန္ကိုယ္စီထမ္းရြက္ရင္း အားသြန္ခြန္စိုက္ႀကိဳးစားေနတဲ့ သူတို႔ေလးေယာက္ကေတာ့ အခုဆိုရင္ တ႐ုတ္နိုင္ငံ၊ေဟာင္ေကာင္ရဲ့သတင္းမီဒီယာတစ္ခုမွာ ေရးသားေဖာ္ျပျခင္းခံလိုက္ရတာပဲ ျဖစ္ပါတယ္ ။ ပိုင္တံခြန္၊စိုင္းစိုင္း၊ေရႊကစ္နဲ႔ သူဇာဝင့္လြင္တို႔အျပင္ အျခားအႏုပညာေလာကသားေတြအားလုံးကလည္း လက္ရွိမွာဆိုရင္ ျပည္သူေတြနဲ႔အတူ လမ္းေပၚထြက္ၿပီး လူထုလႈပ္ရွားမႈေတြမွာ ပါဝင္ေနၾကတာပဲ ျဖစ္ပါတယ္။ဖတ္႐ူေပးၾကတ့ဲ ခ်စ္ပရိတ္သတ္ႀကီးကိုအထူးပဲေက်းဇူးတင္ရွိပါတယ္ေနာ္…။

Source & Photo Credit -Wutt Hmone Shwe Yi’s IG Story & smartposrhk
Credit; MMLoad

မင်္ဂလာပါ ပရီသတ်ကြီးရေ ပရိတ်သတ်တွေရဲ့ အချစ်တော်များဖြစ်ကြတဲ့ စိုင်းစိုင်းခမ်းလိုင်၊ ပိုင်တံခွန်၊ ဝတ်မှုန်ရွှေရည်နဲ့ သူဇာဝင့်လွင့်တို့လေးယောက်ကတော့ အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီရရှိနေကြတဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ်.။ သူတို့လေးယောက်ဟာဆိုရင် လတ်တလောဖြစ်ပေါ်နေတဲ့အခြေနေမှာ ပြည်သူလူထုနဲ့အတူ အခိုင်အမာရပ်တည်နေတာပဲဖြစ်ပါတယ်..။လူထုရဲ့ဆန္ဒနဲ့အတူ တစ်သားတည်းထပ်တူကျတဲ့ သူတို့လေးယောက်က ပြည်သူတစ်ယောက်နေရာကနေ ကိုယ့်နိုင်ငံအကျိုးအတွက် တာဝန်ကျေပွန်နေတာ ဖြစ်ပါတယ် ။

မင်းသားချော ပိုင်တံခွန်ဟာဆိုရင် လူထုလှုပ်ရှားမှုတွေမှာ နေ့တိုင်းလိုလို ရဲဝင့်တက်ကြွစွာပါဝင်ပြီး ပြည်သူလူထုကို အရှေ့ဆုံးကနေ ကာကွယ်ပေးနေတာ ဖြစ်ပါတယ် ။ ရွှေကစ်အနေနဲ့ကလည်း တရားစခန်းကပြန်ရောက်ရောက်ချင်းမှာပဲ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး ရင်တွင်းဆန္ဒတွေကို ဖော်ပြတောင်းဆိုခဲ့သူ ဖြစ်ပါတယ် ။ “Miss Universe Myanmar 2020” ရဲ့သရဖူပိုင်ရှင်လေးဖြစ်တဲ့ အလှမယ်သူဇာဝင့်လွင်ကတော့ ဖေဖော်ဝါရီလအစပိုင်းကတည်းက လူထုလှုပ်ရှားမှုတွေမှာ မရပ်မနားပါဝင်ခဲ့တာ ဖြစ်ပါတယ် ။

စိုင်းစိုင်းကတော့ လမ်းပေါ်က ပြည်သူတွေအမောပြေသောက်ဖို့ အချိုရည်တွေနဲ့ ရေသန့်တွေ လှူဒါန်းခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သူကိုယ်တိုင်လူထုနဲ့အတူ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ကိုယ့်နိုင်ငံအတွက် တာဝန်ကိုယ်စီထမ်းရွက်ရင်း အားသွန်ခွန်စိုက်ကြိုးစားနေတဲ့ သူတို့လေးယောက်ကတော့ အခုဆိုရင် တရုတ်နိုင်ငံ၊ဟောင်ကောင်ရဲ့သတင်းမီဒီယာတစ်ခုမှာ ရေးသားဖော်ပြခြင်းခံလိုက်ရတာပဲ ဖြစ်ပါတယ် ။ ပိုင်တံခွန်၊စိုင်းစိုင်း၊ရွှေကစ်နဲ့ သူဇာဝင့်လွင်တို့အပြင် အခြားအနုပညာလောကသားတွေအားလုံးကလည်း လက်ရှိမှာဆိုရင် ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေကြတာပဲ ဖြစ်ပါတယ်။ဖတ်ရူပေးကြတဲ့ ချစ်ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နော်…။

Source & Photo Credit -Wutt Hmone Shwe Yi’s IG Story & smartposrhk
Credit; MMLoad