


Credit– Cele Zone

Photo – Htoo El Lynn

ချစ်ပရိသတ်ကြီးရေ အဆိုတော်ထူးအယ်လင်းကတော့ အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ထူးအယ်လင်းရဲ့ သီချင်းလေးတွေကလည်း အချိန်တိုင်း နားထောင်လို့ကောင်းနေပြီး ပရိသတ်တွေရဲ့အားပေးမှုတွေကို ခုချိန်ထိကို အပြည့်အဝ ရရှိထားပါတယ်။

ဒါ့အပြင် အဆိုတော် ထူးအယ်လင်းက ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး အေးအေးချမ်းချမ်းနေထိုင်နေတာဖြစ်ပါတယ်။သမီးကြီးအပြင် အရမ်း ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားလို့ သားသမီးတွေနဲ့ အရမ်းပျော်စရာကောင်းလှပါတယ်နော်။ထူးအယ်လင်းရဲ့သားသမီးလေးတွေက ချစ်မွှေးလေးတွေပါကြလို့ လူချစ် လူခင်ပေါများကြပါတယ်။

အမြဲတမ်းလိုလို မိသားစုအမှတ်တရပုံလေးတွေ ဗီဒီယိုလေးတွေကိုဖော်ပြလေ့ရှိရာ ပရိသတ်တွေကလည်း အမြဲစောင့်ကြည့် အားပေးနေတာပါ။ အခုလည်း မိသားစု ပျော်ပျော်ရွှင်ရွှင် အပန်းဖြေနေတဲ့ ကြည်နူးစရာပုံလေးတွေကို မျှဝေလာတာဖြစ်ပါတယ်။ ပုံလေးတွေကြည့်ပြီး ကြည်နူးအားကျမိတာကြောင့် ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် မျှဝေပေး လိုက်ပါတယ်နော်…။

Credit– Cele Zone

Photo – Htoo El Lynn