ခ်စ္ပရိသတ္ႀကီးေရ အနုပညာမွာ ပါရမီထူးခြ်န္ျပီး က်ရာဇာတ္ရုပ္ကို အေကာင္းဆံုးသရုပ္ေဆာင္တတ္တဲ့ အကယ္ဒမီ သ႐ုပ္ေဆာင္မင္းသမီးေခ်ာေလး စိုးျပည့္သဇင္ကေတာ့ ဆယ္ေက်ာ္သက္အရြယ္ကတည္းက ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြမွာ ပါဝင္သရုပ္ေဆာင္ခဲ့ျပီး အခုဆိုရင္ ဝါရင့္သရုပ္ေဆာင္တစ္ေယာက္ျဖစ္လို့ေနျပီ ျဖစ္ပါတယ္။ စိုးျပည့္သဇင္ကေတာ့ အကယ္ဒမီဆုၾကီးတစ္ဆုကိုလည္း လက္ဝယ္ပိုင္ဆိုင္ထားျပီး တစ္နုိင္ငံလံုးက ပရိသတ္ေတြ သည္းသည္းလႈပ္ခ်စ္ၾကတဲ့ အနုပညာရွင္တစ္ေယာက္ျဖစ္လို့ေနတာပဲ ျဖစ္ပါတယ္။ အသက္ (၂၈) နွစ္အရြယ္ေရာက္ရိွေနျပီျဖစ္တဲ့ စိုးျပည့္သဇင္က မိဘနွစ္ပါးနဲ့အတူတူ အခ်ိန္ေတြကုန္ဆံုးေနလ်က္ရိွတာပဲ ျဖစ္ပါတယ္။

ဇန္နဝါရီလ (၅) ရက္ေန့ကေတာ့ စိုးျပည့္သဇင္ရဲ့ အခ်စ္ဆံုးေဖေဖ ေမြးေန့ေလးပဲျဖစ္ျပီး စိုးျပည့္က ေဖေဖ့အတြက္ “Happy birthday ပါေဖႀကီးေရ…..သမီးတို႔မိသားစုရဲ႕မဟာတံတိုင္းႀကီး….မိသားစုကိုအရမ္းခ်စ္ၿပီးေစတနာထားတဲ့ေဖႀကီး…..ေဖႀကီးေျပာဖူးတယ္…..သမီးကိုဒီဘဝတစ္ခုထဲမဟုတ္ဘူးတဲ့…သံသရာမွာပါငါ့သမီးေလးကိုေကာင္းေစခ်င္တယ္ဆိုၿပီး…ငယ္ငယ္ေလးထဲက…အပါယ္က်ႏိုင္တဲ့အေၾကာင္းတရားေတြကိုမလုပ္မိေစဖို႔…..ဗုဒၶဘာသာဝင္စစ္စစ္ျဖစ္ေစဖို႔အတြက္…အသိညာဏ္ေတြရွိလာေအာင္..သံသရာမွာေကာင္းဖို႔အတြက္ပါေတြးၿပီးသင္ၾကားေပးခဲ့ပါတယ္….”

“သမီးအတြက္အေရွ႕မွာအၿမဲတမ္းကာကြယ္ေပး…ဆုံးမေပး..ဘယ္သြားသြားကိုယ္တိုင္လိုက္ပို႔ေပး…အနားမွာအၿမဲမားမားမတ္မတ္ရွိတဲ့ေက်းဇူးရွင္ေဖႀကီး…သက္ရွည္က်န္းမာပါေစ….သမီးတို႔မိသားစုအနားမွာ…အသိပညာေတြေပးရင္း….က်န္းမာစြာခ်မ္းသာစြာျဖင့္…ေဖႀကီးအရမ္းလိုခ်င္တဲ့….ျမတ္ေသာနိဗၺာန္ခ်မ္းသာကို..ယခုဘဝမွာဘဲမ်က္ေမွာက္ျပဳႏိုင္ပါေစ🙏🙏🙏🥰🥰❤️❤️❤️ခ်စ္တယ္ေဖေဖ❤️❤️❤️❤️” ဆိုျပီး အမြန္ျမတ္ဆံုး ေမြးေန့ဆုမြန္ေကာင္းေတာင္းေပးလာခဲ့ပါတယ္။

စိုးျပည့္သဇင္တို့ မိသားစုေလးကေတာ့ ေအးေအးခ်မ္းခ်မ္းနဲ့ ေနြးေထြးလံုျခံဳတဲ့ေမတၱာေတြ လႊမ္းျခံဳထားတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း စိုးျပည္သဇင္တို့ မိသားစုေလးကိုၾကည့္ၾကီး အားက်ေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္….။

Source: Soe Pyae Thazin’s fb
Credit – Cele Connections

ချစ်ပရိသတ်ကြီးရေ အနုပညာမှာ ပါရမီထူးချွန်ပြီး ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်တတ်တဲ့ အကယ်ဒမီ သရုပ်ဆောင်မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အခုဆိုရင် ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်လို့နေပြီ ဖြစ်ပါတယ်။ စိုးပြည့်သဇင်ကတော့ အကယ်ဒမီဆုကြီးတစ်ဆုကိုလည်း လက်ဝယ်ပိုင်ဆိုင်ထားပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေ သည်းသည်းလှုပ်ချစ်ကြတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့နေတာပဲ ဖြစ်ပါတယ်။ အသက် (၂၈) နှစ်အရွယ်ရောက်ရှိနေပြီဖြစ်တဲ့ စိုးပြည့်သဇင်က မိဘနှစ်ပါးနဲ့အတူတူ အချိန်တွေကုန်ဆုံးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ဇန်နဝါရီလ (၅) ရက်နေ့ကတော့ စိုးပြည့်သဇင်ရဲ့ အချစ်ဆုံးဖေဖေ မွေးနေ့လေးပဲဖြစ်ပြီး စိုးပြည့်က ဖေဖေ့အတွက် “Happy birthday ပါဖေကြီးရေ…..သမီးတို့မိသားစုရဲ့မဟာတံတိုင်းကြီး….မိသားစုကိုအရမ်းချစ်ပြီးစေတနာထားတဲ့ဖေကြီး…..ဖေကြီးပြောဖူးတယ်…..သမီးကိုဒီဘဝတစ်ခုထဲမဟုတ်ဘူးတဲ့…သံသရာမှာပါငါ့သမီးလေးကိုကောင်းစေချင်တယ်ဆိုပြီး…ငယ်ငယ်လေးထဲက…အပါယ်ကျနိုင်တဲ့အကြောင်းတရားတွေကိုမလုပ်မိစေဖို့…..ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်စေဖို့အတွက်…အသိညာဏ်တွေရှိလာအောင်..သံသရာမှာကောင်းဖို့အတွက်ပါတွေးပြီးသင်ကြားပေးခဲ့ပါတယ်….”

“သမီးအတွက်အရှေ့မှာအမြဲတမ်းကာကွယ်ပေး…ဆုံးမပေး..ဘယ်သွားသွားကိုယ်တိုင်လိုက်ပို့ပေး…အနားမှာအမြဲမားမားမတ်မတ်ရှိတဲ့ကျေးဇူးရှင်ဖေကြီး…သက်ရှည်ကျန်းမာပါစေ….သမီးတို့မိသားစုအနားမှာ…အသိပညာတွေပေးရင်း….ကျန်းမာစွာချမ်းသာစွာဖြင့်…ဖေကြီးအရမ်းလိုချင်တဲ့….မြတ်သောနိဗ္ဗာန်ချမ်းသာကို..ယခုဘဝမှာဘဲမျက်မှောက်ပြုနိုင်ပါစေ🙏🙏🙏🥰🥰❤️❤️❤️ချစ်တယ်ဖေဖေ❤️❤️❤️❤️” ဆိုပြီး အမွန်မြတ်ဆုံး မွေးနေ့ဆုမွန်ကောင်းတောင်းပေးလာခဲ့ပါတယ်။

စိုးပြည့်သဇင်တို့ မိသားစုလေးကတော့ အေးအေးချမ်းချမ်းနဲ့ နွေးထွေးလုံခြုံတဲ့မေတ္တာတွေ လွှမ်းခြုံထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိုးပြည်သဇင်တို့ မိသားစုလေးကိုကြည့်ကြီး အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်….။

Source: Soe Pyae Thazin’s fb
Credit – Cele Connections