



ချစ်ပရိသတ်ကြီးရေ ပရိသတ်တွေချစ်တဲ့ အကယ်ဒမီ သရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ရုပ်ရည်လေးလဲ လှပချောမောသလောက် အမူအယာလေးကလဲ ချစ်စရာကောင်းမွန်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို နှစ်အတော်ကြာ အခိုင်အမာရရှိထားသူ တစ်ယောက်ပါ။ ဝတ်မှုံရွှေရည်ကတော့ သူမရဲ့လူငယ်ဘဝမှာ အနုပညာအလုပ်တွေကိုသာ စိတ်နှစ်ထားသူမို့ အိမ်ထောင်ရေးကို မစဉ်းစားနိုင်ခဲ့ပဲ လက်ရှိ အသက် (၃၂) နှစ်အရွယ်ထိ တစ်ကိုယ်တည်းအပျိုကြီးအဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည် ကလည်း သူမရဲ့အနားမှာ မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ ပျော်စရာကောင်းတဲ့ အချိန်တွေကိုဖန်တီးပြီး ဘဝကိုအေးချမ်းစွာနဲ့ပဲ ဖြတ်သန်းနေ သူတစ်ယောက်ပါ။

နိုင်ငံကျော်မင်းသမီးတစ်ယောက်ပီပီ နေ့စဉ်ရက်ဆက်အလုပ်တွေလုပ်ကိုင်နေရတဲ့ ဝတ်မှုံရွှေရည်က သူမချစ်တဲ့မိသားစုဝင်တွေကိုတော့ အချိန်ပေးဖို့ မမေ့လျော့သူတစ်ယောက် ဖြစ်ပါတယ်။ မနေ့က ဇန်နဝါရီလ (၅) ရက်နေ့မှာလည်း ဝတ်မှုံရွှေရည်က သူမရဲ့ဖေဖေ၊ မေမေအပြင် ညီမလေး နဒီရွှေရည်တို့မိသားစုနဲ့အတူတူ ပျော်စရာကောင်းတဲ့ အချိန်တွေကို ကုန်ဆုံးခဲ့ပါတယ်။ ဝတ်မှုံရွှေရည်က အချစ်ဆုံးဖေဖေနားကိုကပ်ပြီး ကလေးလေးတစ်ယောက်လို အချွဲပိုေ နတာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်ကတော့ ဘယ်လောက်ပဲလူကြီးဖြစ်ပြီး ရင့်ကျက် ရင့်ကျက် ဖေဖေ၊ မေမေနဲ့ဆိုရင် ကလေးလေး တစ်ယောက်လိုပြန်ဖြစ်သွားတာ သူမရဲ့ချစ်စရာကောင်းတဲ့ အကျင့်လေးတစ်ခုပါပဲ။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်တို့ မိသားစုလေးရဲ့ ပျော်စရာကောင်းတဲ့ အခိုက်အတံ့တွေကို ကြည့်ပြီး ထပ်တူကြည်နူးနေမိမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source: Wutt Hmone Shwe Yi’s fb
Credit – Cele Connections