


Source :Khin Lwan

ချစ်လှစွာသော ပရိသတ်ကြီးရေ စည်ဖြိုးလို့ပြောလိုက်တာနဲ့ မော်ဒယ်လ်ခင်လွှမ်းကို တွဲမြင်ကြမယ်ထင်ပါတယ် ။နိုဝင်ဘာလ ၅ ရက်နေ့မှာ စည်ဖြိုးနဲ့ခင်လွှမ်းတို့ရဲ့ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ နှင့် မင်္ဂလာဦး ဆွမ်းကျွေးအလှူကို ကျင်းပခဲ့တာဖြစ်ပြီး အနုပညာမောင်နှမတွေတက်ရောက်ခဲ့ကြတာပါ..။

လက်ရှိမှာတော့ ကိုယ်ဝန်ကိုလွယ်ထားရကြောင်း ပရိသတ်တွေကို တရားဝင်အသိပေးခဲ့ပြီး ပျော်ရွှင်အေးချမ်းစွာ အိမ်ထောင်သည်ဘဝကိုဖြတ်သန်းနေကြတာပါ။ ဒီနေ့ကျရောက်တဲ့ ကရင်နှစ်သစ်ကူးကိုလည်း ဇနီးမောင်နှံနှစ်ယောက်လုံးပျော်ရွှင်စွာ ဖြတ်သန်းကာ ဂုဏ်ပြုပေးခဲ့ကြတာပါ..။

” ကရင်မဟုတ်ပေမယ့် မိသားစုဝင်လိုချစ်ရတဲ့ သူများအတွက် Happy Kayin New Year ပါ ” ဟုဆိုတဲ့စာလေးနဲ့ အတူ ကရင်ရိုးရာဝတ်စုံလေးတွေ ဇနီးမောင်နှံနှစ်ယောက် လုံးဝတ်ကာ ဂုဏ်ပြုခဲ့ကြတာပါ။ ကရင်ဝတ်စုံလေးနဲ့ လှနေတဲ့ မမဗိုက်က​ိုချစ်ရင် မှတ်ချက်ပေးခဲ့ပါဦးပရိသတ်ကြီးရေ ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – CeleKhitThit