





အားလုံးသိစေချင်လို့ တချို့ကလဲ အထင်မြင်လွဲ နေကြတဲ့သူတွေရှိနေလို့ အမှန်တကယ်ဖြစ်နေတာလေးကို ကိုယ်ကိုယ်တိုင် မနေ့က ဆေးရုံရောက်သွားတော့မှ အန်တီ့ရဲ့ ခြေနေကို တွေ့လိုက်ရမှဘဲ ငါဆိုရင်ရော ဆိုတဲ့ အတွေးလေး ဝင်လာပြီး မိုးအတွက် အခုလိုလေး ကိုယ်ချင်းစာနားလည်ပြီး အားလုံးအမြင်လေးရှင်းစေချင်လို့ပါ

အန်တီ ကဒီလို ကုတင်ပေါ်မှာဘဲ နေပြီး နိုင်ငံခြားမှာသွားသွားကုနေရတာတော့ ကြာပြီပေါ့နော် ဒါပေမယ့်တကယ်အရေးပေါ် အခြေနေလူစောင့်ကြည့်နေရတဲ့ အနေအထားစပြီးဖြစ်တာကတော့ january, 2021 ကထဲကပါ ဒါ့ကြောင့်အဲ့ဒီလတွေရက်တွေကထဲက မိုး ကအနုပညာအလုပ်တွေဆိုရင်တောင်နယ်ကိုရက်ရှည်ခရီးထွက်ရမည့်အလုပ်ဆိုရင် တောင်မလုပ်နိုင်တော့ဘဲ အန်တီ့ အနားမှာဘဲအမြဲ စောင့်ကြည့်နေရတယ် ညဘက်ဆိုလဲ မိခင်ဖြစ်သူကနာကျင်ကိုက်ကဲနေတော့ ညီးတွားသံ ကြားရပြန်တော့လဲမိုးလဲ ဘယ်အိပ်ပျော်မလဲ

နိုင်ငံခြားမှာ သွားကုနေကြကိုကိုဗစ် ဖြစ်တော့ ပြည်ပထွက်ခွင့်မရပြန်တော့ ထွက်မကုရပြန်ဘူးထွက်လို့ ရပြန်တော့လဲ အန်တီ က နေရာအရွေ့အပြောင်းလေးတောင်မခံနိုင်အောင်နာကျင်စွာခံစားနေရတော့ သွားလို့မရတော့ပြန် မိုး အနေနဲ့အပြင်ထွက်ပြန်ရင်လဲ ကိုဗစ်ရောဂါသူ့ကိုကူးလာရင် အမေ့နားမှာ အမြဲနေရသူ ကိုယ်တိုင်ပြုစုနေရသူဆိုတော့ အမေ့ကို ပြန်ကူးမှာကြောက်နေရပြန်ရောအခု နိုင်ငံရေးမှာလဲသူကိုယ်တိုင်ပထမပိုင်းမှာ ပြည်သူနဲ့အတူရပ်တည်ပြီး ပါဝင်ခဲ့ပါတယ်တတ်အားသရွေ့လဲ speak out လုပ်ပေးခဲ့တာတွေရှိပါတယ်

နောက်ပိုင်း ဘာလို့မလုပ်တာလဲလို့ ပြောရရင်တော့ ၅၀၅ ပြသနာပေါ့ မိုးသာ ၅၀၅ အထုတ်ခံရရင် ဝရမ်းထုတ်လိုက်ပြီ ဆိုတာနဲ့ ပြေးရပြီလေအာ့ဆို ဒီအမေကြီးကိုဘယ်သူပြုစုမှာလဲ သူကိုယ်တိုင်ပိုက်ဆံရှာသူကိုယ်တိုင်ပြုစုနေရသူ သူသာဝရမ်းကိုရှောင်နေရပြီဆို ကျောက်ကပ် ခဏခဏ ဆေးနေရပြီး ဆေးရုံပေါ် ၃လကြာအခုချိန်ထိလဲ ဆေးရုံ ၂ ခုပြောင်းနေရတဲ့ လူမမာ မိခင် အတွက်ဘယ်သူပိုက်ဆံရှာပေးမလဲဘယ်သူစီစဉ် ညွှန်ကြားမလဲကုန်လိုက်တဲ့ ဆေးဖိုးတွေကလဲ မနည်းလှတော့ဘူးလေ ဒီပိုက်ဆံတွေအတွက်ဒီလိုကာလမှာမိုးကိုယ်တိုင် စီစဉ်လှုပ်ရှားနေရတာပါ

ကျွန်မလဲ ယော်ကျားမရှိ တဲ့အိမ်ထောင်ဦးစီး တစ်ယောက်ဖြစ်လို့ ကျွန်မသူ့နေရာကနေ အိမ်ထောင်စုမိသားစု တစ်ခုလုံးအပြင်လူမမာ မိခင်ကြီးအတွက်ရုန်းကန်လှုပ်ရှားပြီးမိခင်အတွက်အားလုံးကို မျကိစိစုံမှိတ်ပြီး နေနေရတာပါပြည်သူအတွက် ကွယ်ရာ မှာအံကြိတ် မချိတင်ကဲ ဖြစ်နေရပေမယ့်လဲသူမရှိရင်သူ့မိခင်အတွက်အဆင်မပြေမှာစိုးလို့ သူ့ခမျာပရိသတ်တချို့ရဲ့ အထင်မြင်လွဲခြင်းကိုခံနေရတာပါအားလုံးကို နားလည်ခွင့်လွှတ်ပေးကြပါနားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်မိုးကိုယ်တိုင်ကလဲ ပြည်သူနဲ့ တသားတည်း ရှိပါကြောင်း အထင်မြင်မလွဲပါနဲ့လို့ တင်ပြအပ်ပါတယ်

Credit ; Myanmar Celebrity TV Club