


Source : Warso Moe Oo
Credit – CeleKhitThit

ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီး ဝါဆိုမိုးဦးကတော့ အရွယ်ရောက်လာတာနဲ့အမျှတစ်သွေးတစ်မွှေးပိုပိုလှလာတဲ့ မင်းသမီးလေးပါပဲနော်။ အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားပြီး အမြဲ Gymကစားကာ ခန္ဓာကိုယ်ကို ထိန်းသိမ်းတတ်တဲ့ မင်းသမီးတစ်လက်ပါပဲနော်။

အမြဲ လိုလို ခန္ဓာကိုယ်အချိုးအစားနဲ့လိုက်ဖက်တဲ့ ဖက်ရှင်ကျကျ အဝတ်အစားတွေကိုဝတ်ဆင်လေ့ရှိပြီး အင်တာနေရှင်နယ် ဆန်တဲ့ အမိုက်စားပုံရိပ်တွေကိုမကြာမကြာ ​ဆိုရှယ်မီဒီယာပေါ်ဝေမျှလေ့ရှိတာပါ။ လက်ရှိမှာ သူမရဲ့အချစ်ရေးကတော့ Snare အဖွဲ့အဆိုတော် ဖြိုးလေးနဲ့ ဖြစ်ပြီး ​ပရိသတ်တွေအထူးအားပေးဝန်းရံကြတဲ့ အနု ပညာရှင်စုံတွဲတွေထဲက တစ်တွဲ​ပါပဲနော်။

ဒါ့အပြင်သူမရဲ့ ညီအစ်မတွေထဲက ညီမလေးသင်ဇာကလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီဖြစ်တာ တွေ့ရပါတယ်။ ဒီနေ့မှာတော့ ” မနေ့ကlive လေးမှာရိုက်ခဲ့တဲ့ ဆိုဆိုတို့ညီအမတွေရဲ့ပုံလေး❤️❤️❤️ဓာတ်ဆရာကတော့ကိုကိုဖြိုးပေါ့ ”ဆိုတဲ့စာလေးနဲ့ အတူ မျိုးနဲ့ရိုးနဲ့ချောတဲ့သူမရဲ့ ညီအစ်မတွေနဲ့အတူရိုက်ကူးထားတဲ့ပုံလေးကို ချစ်သူ ဖြိုးလေးကရိုက်ကူးပေးခဲ့ကြောင်းပြောပြလာတာပါ။ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွေန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source : Warso Moe Oo
Credit – CeleKhitThit