Cele Top Stars ပရိတ်သတ် ကြီးရေ ငှက်ပျောကြော်ကတော့ သရုပ်ဆောင် မျိုးသန္တာထွန်းရဲ့ တူပါလို့ လိမ်လည်ပြီး ကန်တော့သွားတဲ့ လူလိမ်တွေ အကြောင်းကို အနုပညာရှင်တွေ သိအောင် အခုလို ပြောပြလာပါတယ်။

သရုပ်ဆောင် ငှက်ပျောကြော်ကတော့ အိမ်မှာနေရင်း လူလိမ်ခံလိုက်ရတဲ့ ဖြစ်ကြောင်းကုန်စဉ်ကို အခုလို ပြောပြလာပါတယ်။ အဆိုပါ လူလိမ်အနေနဲ့ သူ့ကိုယ်သူ သရုပ်ဆောင် မျိုးသန္တာထွန်း နဲ့ တူတော်စပ်သူ ဖြစ်ပြီး ငှက်ပျောကြော်နဲ့ တချိန်က အနုပညာအလုပ်တွေ အတူတူ လုပ်ခဲ့ဖူးကြောင်း၊ (၃၅) လမ်းထဲမှာ ကာလတစ်ခုအထိဆုံတွေ့ခဲ့ကြ ဖူးကြောင်းတွေ ပြောရင်း ငွေလိမ်ယူ သွားတယ်လို့ ဆိုပါတယ်။

“အိမ်မှာနေရင်းထီပေါက်တာပေါ့လေ။ညနေငါးနာရီခွဲလောက်ဘဲလ်တီးလို့ သစ်သားတံခါးဖွင့်လိုက်တော့ ကောင်လေးတစ်ယောက်နှင့်ကောင်မလေးတစ်ယောက်လာရင်းကိစ္စမေးတော့”မင်းသမီးမျိုးသန္တာထွန်း”တူ”ဖိုးငယ်”ပါဦးငှက်တို့နှင့်ကားတွေရိုက်ဖူးပါတယ်။သုံးဆယ့်ငါးလမ်းမှာကာလတစ်ခုအထိတွေခဲ့၊ဆုံခဲ့တာတွေပြောတော့သံတခါးလည်းဖွင့်ပေးလိုက်ရော။ဦးငှက်ကိုသီတင်းကျွတ်လာကန်တော့ပါရစေဆိုပြီးသူ့ကောင်မလေးနှင့်လည်းမိတ်ဆက်ပေးသူ့ကောင်မလေးနာမည်က”မီးမီး”အလုပ်ကတော့ဖက်ရှင်ဆိုင်ဖွင့်ထားတယ်။ကန်တော့မယ်ပစ္စည်းက”ရိုးလက်စ်”နာရီဆိုတာလည်းပြောပြီးခုတော့ပါမလာသေးဘူးပေါ့ဆိုပြီးခြေအစုံကိုကိုင်ကန်တော့လည်းပြီးရောမုန့်ဖိုးတောင်းပါလေရော။အိတ်ထဲရှိသမျှနှစ်သောင်းထုတ်ပေးတော့မှကိုယ်တော်ချောကဘုရား၊တရား၊သံဃာရတနာသုံးပါးဖြစ်အောင်သုံးသောင်းပေးပါလို့ပြောသေးတာကိုယ်လည်းစိတ်နည်းနည်းပေါက်တာနှင့် ဒါပဲရှိတယ် နောက်တစ်ခါပေါ့ဆိုမှနှစ်ယောက်သားပြန်လစ်သွားကြပါတော့တယ်။

ဇာတ်သိမ်းတော့အလိမ်ခံလိုက်ရတာပေါ့လေ။ ” ဆိုပြီးတော့ နိုဝင်ဘာလ (၁၁) ရက်နေ့ ညနေ (၆) နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Zaw gyi

ငွက္ေပ်ာေၾကာ္ကေတာ့ သ႐ုပ္ေဆာင္ မ်ိဳးသႏၲာထြန္းရဲ႕ တူပါလို႔ လိမ္လည္ၿပီး ကန္ေတာ့သြားတဲ့ လူလိမ္ေတြ အေၾကာင္းကို အႏုပညာရွင္ေတြ သိေအာင္ အခုလို ေျပာျပလာပါတယ္။

သ႐ုပ္ေဆာင္ ငွက္ေပ်ာေၾကာ္ကေတာ့ အိမ္မွာေနရင္း လူလိမ္ခံလိုက္ရတဲ့ ျဖစ္ေၾကာင္းကုန္စဥ္ကို အခုလို ေျပာျပလာပါတယ္။ အဆိုပါ လူလိမ္အေနနဲ႔ သူ႔ကိုယ္သူ သ႐ုပ္ေဆာင္ မ်ိဳးသႏၲာထြန္း နဲ႔ တူေတာ္စပ္သူ ျဖစ္ၿပီး ငွက္ေပ်ာေၾကာ္နဲ႔ တခ်ိန္က အႏုပညာအလုပ္ေတြ အတူတူ လုပ္ခဲ့ဖူးေၾကာင္း၊ (၃၅) လမ္းထဲမွာ ကာလတစ္ခုအထိဆုံေတြ႕ခဲ့ၾက ဖူးေၾကာင္းေတြ ေျပာရင္း ေငြလိမ္ယူ သြားတယ္လို႔ ဆိုပါတယ္။

“အိမ္မွာေနရင္းထီေပါက္တာေပါ့ေလ။ညေနငါးနာရီခြဲေလာက္ဘဲလ္တီးလို႔ သစ္သားတံခါးဖြင့္လိုက္ေတာ့ ေကာင္ေလးတစ္ေယာက္ႏွင့္ေကာင္မေလးတစ္ေယာက္လာရင္းကိစၥေမးေတာ့”မင္းသမီးမ်ိဳးသႏၲာထြန္း”တူ”ဖိုးငယ္”ပါဦးငွက္တို႔ႏွင့္ကားေတြ႐ိုက္ဖူးပါတယ္။သုံးဆယ့္ငါးလမ္းမွာကာလတစ္ခုအထိေတြခဲ့၊ဆုံခဲ့တာေတြေျပာေတာ့သံတခါးလည္းဖြင့္ေပးလိုက္ေရာ။ဦးငွက္ကိုသီတင္းကြၽတ္လာကန္ေတာ့ပါရေစဆိုၿပီးသူ႔ေကာင္မေလးႏွင့္လည္းမိတ္ဆက္ေပးသူ႔ေကာင္မေလးနာမည္က”မီးမီး”အလုပ္ကေတာ့ဖက္ရွင္ဆိုင္ဖြင့္ထားတယ္။

ကန္ေတာ့မယ္ပစၥည္းက”႐ိုးလက္စ္”နာရီဆိုတာလည္းေျပာၿပီးခုေတာ့ပါမလာေသးဘူးေပါ့ဆိုၿပီးေျခအစုံကိုကိုင္ကန္ေတာ့လည္းၿပီးေရာမုန႔္ဖိုးေတာင္းပါေလေရာ။အိတ္ထဲရွိသမွ်ႏွစ္ေသာင္းထုတ္ေပးေတာ့မွကိုယ္ေတာ္ေခ်ာကဘုရား၊တရား၊သံဃာရတနာသုံးပါးျဖစ္ေအာင္သုံးေသာင္းေပးပါလို႔ေျပာေသးတာကိုယ္လည္းစိတ္နည္းနည္းေပါက္တာႏွင့္ ဒါပဲရွိတယ္ ေနာက္တစ္ခါေပါ့ဆိုမွႏွစ္ေယာက္သားျပန္လစ္သြားၾကပါေတာ့တယ္။

ဇာတ္သိမ္းေတာ့အလိမ္ခံလိုက္ရတာေပါ့ေလ။ ” ဆိုၿပီးေတာ့ ႏိုဝင္ဘာလ (၁၁) ရက္ေန႔ ညေန (၆) နာရီခြဲေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။