သီချင်းထဲတွင် “ဒို့ဘဝတွေပြောင်းလဲဖို့အတွက် အန်အယ်ဒီကိုမဲပေးစို့ မဲပေးကြပါစို့” ဟူသောစာသားနှင့် ” ဒို့မျိုးဆက်ရဲ့အနာဂါတ်တွေ
ကမ္ဘာ့အလယ်မှ ာဂုဏ်ယူနိုင်စေရန်”ဟူ သော သီချင်းစာသားသည် မြန်မာပြည်သူတို့၏ စိတ်နှလုံး သိမ်းကြုံးယူနိုင်စွမ်းရှိလှပေသည်။
အသက်အရွယ် ကြီးရင့်သော အဖိုးအဖွားတို့ပင် ငါတို့မြေးမြစ်တို့အတွက် အန်အယ်ဒီကို မဲပေးရမည်ဟူသော နုပျိုစိတ်များရုန်းထစေခဲ့ သည်။
လူငယ်လူရွယ်တို့၏ စိတ်နှလုံးတွင်လည်း တိုင်း ပြည်အတွက် ကြိုးစားလိုစိတ်များ တဖွားဖွားပေါ်ပေါက် လာပါတော့သည်။
တခြားသီချင်းစားသားတခုဖြစ်သော “ဘာသာမတူ ဒို့ရန်သူ အယူဝါဒများ အဲ့တာလွဲမှားတဲ့ အတ္တတွေ ကင်းရှင်းကြပါစေ ” ဟူသောစာသားသည် လည်း မြန်မာ
ပြည်သူတို့၏ ရင်ကိုအေးမြစေပါသည်။
၂၀၁၂ ခုနှစ်ကအစပျိုးခဲ့သော အကြောက်တရားကြီးကို မြန်မာပြည်သူတို့၏ ရင်တွင်းမှ ဆွဲထုတ်ပေးနိုင်စွမ်းလှပါသည်။
ချစ်ခြင်းမေတ္တာ တို့ကို ပေါက်ဖွားပေးနိုင်သော စာသားတစုပင်မဟုတ်ပါ လား။ ထိုအပြင် ” သွေးချင်းတွေ တွဲသောလက်တွေခိုင်မာစေ ဒို့ရဲ့မြေ
ငြိမ်းချမ်းရစေသား ဟော့ဒီကမ္ဘာ ဒေါက်ဖိနပ် လျောက်သံ တုန်ဟီနေ ဒို့ရဲ့အမေ ပန်းများခေါင်းပေါ်ထာဝစဉ်ဝေ ” ဟူသော သီချင်းစာသားသည်
မြန်မာပြည်သူ တို့၏ ညီညွှတ်ခြင်းကိုပေးစွမ်းနိုင်သလို ပြည်သူ့ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အားကိုးလိုစိတ်များ ချစ်ခြင်းမေတ္တာများကို
ဖြစ်ထွန်းစေခဲ့ပါသည်။ည်မှုမရှိတော့ပါ လေပြီ။
အဘယ်ကြောင့်ဆိုသော အဘတို့ပါးစပ်မှပြောသော ” အမျိုးဘာသာ သာသနာ ” ဟူသောစကားသည်
အဘတို့ရင်ဘက်အတွင်းမှ ထွက်ပေါ်လာသောစကား တစ်ခုမဟုတ်၍ဖြစ်ပါသည်။အဘတို့သည် အမျိုးဘာ သာသာသနာကို ပါးစပ်ဖျားကလေးကနေသာ စောင့်
ရှောက်ချင်သူများသာဖြစ်ပြီး အဘတို့ရင်ထဲမှာတော့ သူ တို့အာဏာတည်မြဲရေး သူ့တို့အကျိုးစီးပွားများတိုးပွား ရေးကိုသာ အာရုံပြုလျက်ရှိပေသည်။
အဘတို့ဖွင့်လစ် ထားသော KTV မာဆပ်များတွင် မြန်မာ့အမျိုးကောင်း သမီးလေးများ ဘဝနစ်မွန်းနေကြသည်မှာ ရင်နှစ်စရာ ကောင်းလှပေသည်။
အဘတို့မျက်စိမှိတ်ပေးထားသော ဆေးပြားဖြန့်ဖြူးသည့်လုပ်ငန်းများကြောင့် အနာဂါတ်အတွက်လူငယ်လူရွယ်များ ဆေးစွဲကာဘဝပျက်နေ ကြကုန်၏ထောင်ကျနေရသော တက္ကသိုလ်ကျောင်း သားများက မြန်မာပြည်အနှံ့အပြား များပြားလှပေ၏။ အဘတို့ပြောသော အမျိုးဘာသာသာသနာ ဆိုသည်မှာ
သူတို့အမျိုးများသာ ကောင်းစားစေဖို့ရည်ရွယ်ခြင်းဖြစ် ဟန်တူပါသည်။ အန်အယ်ဒီ အောင်နိုင်ရေးအတွက် အောင်နိုင်ရေးသီချင်းသီ ကုန်းရေစပ်ပေးသော ဗိုလ်သူ
ရိန်နှင့်သီချင်းသီဆိုသူ မိမိလေးတို့အား မြန်မာပြည်သူများကိုယ်စား ကျေးဇူး အထူးတင်ရှိပါကြောင်း ပြောကြားလိုက်ပါသည်ခင်ဗျာ။
Zawgyi1 <=> Unicode 2-Way Converter
Upgrade your phone and computers to new technologies.
Upgrade to Myanmar Unicode. Don’t be left behind!
or
CREDITS: This converter is contributed and powered by Parabaik Myanmar Text converter.
To get help to upgrade to Myanmar Unicode, please see http://www.unicode.today