ဖန်သားပြင်နောက်ကွယ်က သူမရဲ့ငယ်ဘဝက ပရိသတ်တွေထင်သလို မချောမွေ့ခဲ့ကြောင်း
ရင်ဖွင့်ပြောပြလာတဲ့ ထက်ထက်မိုးဦးသရုပ်ဆောင်ရဲ့အကြောင်းလေးကို cele top stars ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။ ထက်ထက်မိုးဦးကတော့ လူကြီး၊ လူငယ်၊
ကလေးမရွေးချစ်ခင်အားပေးခြင်းခံရတဲ့ တစ်ဦးတည်းသော မင်းသမီးချောတစ်ယောက်ပါပဲ။
ထက်ထက်မိုးဦးက အခုဆိုရင် အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပေမယ့် ပရိသတ်တွေက
သူမကိုချစ်ကြတဲ့ အချစ်တွေကတော့ လျော့နည်းသွားခြင်းမရှိပဲ တစ်နေ့တစ်ခြား ပိုလို့တောင်
တိုးပွားလာတာပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးကတော့ ပရိသတ်တွေပေးတဲ့ ချစ်ခြင်းမေတ္တာကို
အပြည့်အဝရရှိခဲ့ပေမယ့် ဖန်သားပြင်နောက်က သူမရဲ့ဘဝက ပရိသတ်တွေ ထင်ထားသလောက်
မချောမွေ့ခဲ့ကြောင်း ဒီတစ်ခါမှာတော့ ရင်ဖွင့်လာခဲ့ပါတယ်။“ထက် ငယ်ငယ်ကတည်းက
အမေမရှိခဲ့သလို အဖေနဲ့လည်း တူတူမနေခဲ့ရဘူး။မိဘနဲ့လည်း မနေရ၊သူများတွေဆီ
လိုက်နေခဲ့ရပါတယ်။မွေးရာပါနှလုံးရောဂါရှိပေမဲ့ ငွေကြေးမတတ်နိုင်လို့ မကုနိုင်ခဲ့ဘူး။
ပညာအရမ်းတတ်ချင်ပေမဲ့ ကျောင်းဆက်မတက်နိုင်ခဲ့ဘူး။ အသက် ဆယ့်ခြောက်နှစ်မှာ
မင်းသမီးစလုပ်တဲ့အချိန် အကုန်လုံးကို စွန့်လွှတ်ခဲ့ရတယ်။ မွေးရပ်ဇာတိ၊ ဆွေမျိုးတွေကို
စွန့်လွှတ်ပြီး ရန်ကုန်မှာ တစ်ယောက်တည်း လာနေခဲ့ရတယ်။ ရန်ကုန်မြို့ကြီးမှာ အားလုံးကို
စွန့်လွှတ်ပြီးနေလာခဲ့တာ ခုဆို ၃၆ နှစ်ရှိခဲ့ပြီ။ ”“ဘဝဆိုတဲ့ စာလုံးနှစ်ခုကြားမှာ တော်တော်ခက်ခဲခဲ့ရတယ်။
ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ပဲရှိတဲ့အတွက် အားငယ်တာ၊ စိတ်ညစ်တာတွေ၊ အလိမ်ခံရတာတွေ
အများကြီးကြုံခဲ့ရပါတယ်။ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ပဲ ရှိနေခဲ့တာမို့ အမြဲတမ်း လဲကျတိုင်း
ချစ်ရသူတွေအားတွေနဲ့ပဲ အမြဲပြန်ထခဲ့ရတယ်။” ဆိုပြီး သူမရဲ့ အနိမ့်၊ အမြင့်၊ အတက်၊
အကျတွေအများကြီးရှိကြောင်း ပြောလာခဲ့ပါတယ်။ထက်ထက်မိုးဦးကတော့ ဘဝမှာ
ထိပ်ဆုံးကနေ အောင်မြင်မှုတွေရရှိခဲ့ပေမယ့် ပရိသတ်တွေမသိတဲ့ ဖန်သားပြင်နောက်ကွယ်မှာတော့
စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ခဲ့ရတဲ့အကြောင်းတွေမျိုးစုံရှိခဲ့တာပဲ ဖြစ်ပါတယ်။ ထက်ထက်တစ်ယောက်
ကျန်ရှိတဲ့ဘဝတစ်လျှောက်မှာ ပရိသတ်တွေရဲ့အချစ်နဲ့အတူတူ စိတ်ချမ်းမြေ့ခြင်းတွေကိုသာ
ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။အစမှ အဆုံးဖတ် ပေးသော Cele top stars ပရိတ်သတ်ကြီးအားကျေးဇူးတင်ပါတယ် ။အနုပညာရှင်တွေရဲ့ သတင်းတွေကို အစဉ်အပျက် တင်ဆက်ပေးနေသော cele top stars page လေးကို like and share လေးပြုလုပ်ပေးကျပါအုံးနော်… ဖတ်ရှုပေးကြတဲ့ Cele top stars
ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
ဖန္သားျပင္ေနာက္ကြယ္က သူမရဲ႕ငယ္ဘဝက ပရိသတ္ေတြထင္သလို မေခ်ာေမြ႕ခဲ့ေၾကာင္း
ရင္ဖြင့္ေျပာျပလာတဲ့ ထက္ထက္မိုးဦးသ႐ုပ္ေဆာင္ ထက္ထက္မိုးဦးကေတာ့ လူႀကီး၊ လူငယ္၊
ကေလးမေ႐ြးခ်စ္ခင္အားေပးျခင္းခံရတဲ့ တစ္ဦးတည္းေသာ မင္းသမီးေခ်ာတစ္ေယာက္ပါပဲ။
ထက္ထက္မိုးဦးက အခုဆိုရင္ အသက္အ႐ြယ္တစ္ခုကို ေရာက္ရွိေနၿပီျဖစ္ေပမယ့္ ပရိသတ္ေတြက
သူမကိုခ်စ္ၾကတဲ့ အခ်စ္ေတြကေတာ့ ေလ်ာ့နည္းသြားျခင္းမရွိပဲ တစ္ေန႔တစ္ျခား ပိုလို႔ေတာင္
တိုးပြားလာတာပဲ ျဖစ္ပါတယ္။ ထက္ထက္မိုးဦးကေတာ့ ပရိသတ္ေတြေပးတဲ့ ခ်စ္ျခင္းေမတၱာကို
အျပည့္အဝရရွိခဲ့ေပမယ့္ ဖန္သားျပင္ေနာက္က သူမရဲ႕ဘဝက ပရိသတ္ေတြ ထင္ထားသေလာက္
မေခ်ာေမြ႕ခဲ့ေၾကာင္း ဒီတစ္ခါမွာေတာ့ ရင္ဖြင့္လာခဲ့ပါတယ္။“ထက္ ငယ္ငယ္ကတည္းက
အေမမရွိခဲ့သလို အေဖနဲ႔လည္း တူတူမေနခဲ့ရဘူး။မိဘနဲ႔လည္း မေနရ၊သူမ်ားေတြဆီ
လိုက္ေနခဲ့ရပါတယ္။ေမြးရာပါႏွလုံးေရာဂါရွိေပမဲ့ ေငြေၾကးမတတ္ႏိုင္လို႔ မကုႏိုင္ခဲ့ဘူး။
ပညာအရမ္းတတ္ခ်င္ေပမဲ့ ေက်ာင္းဆက္မတက္ႏိုင္ခဲ့ဘူး။ အသက္ ဆယ့္ေျခာက္ႏွစ္မွာ
မင္းသမီးစလုပ္တဲ့အခ်ိန္ အကုန္လုံးကို စြန႔္လႊတ္ခဲ့ရတယ္။ ေမြးရပ္ဇာတိ၊ ေဆြမ်ိဳးေတြကို
စြန႔္လႊတ္ၿပီး ရန္ကုန္မွာ တစ္ေယာက္တည္း လာေနခဲ့ရတယ္။ ရန္ကုန္ၿမိဳ႕ႀကီးမွာ အားလုံးကို
စြန႔္လႊတ္ၿပီးေနလာခဲ့တာ ခုဆို ၃၆ ႏွစ္ရွိခဲ့ၿပီ။ ”“ဘဝဆိုတဲ့ စာလုံးႏွစ္ခုၾကားမွာ ေတာ္ေတာ္ခက္ခဲခဲ့ရတယ္။
ကိုယ့္စိတ္နဲ႔ ကိုယ့္ကိုယ္ပဲရွိတဲ့အတြက္ အားငယ္တာ၊ စိတ္ညစ္တာေတြ၊ အလိမ္ခံရတာေတြ
အမ်ားႀကီးႀကဳံခဲ့ရပါတယ္။ကိုယ့္စိတ္နဲ႔ ကိုယ့္ကိုယ္ပဲ ရွိေနခဲ့တာမို႔ အၿမဲတမ္း လဲက်တိုင္း
ခ်စ္ရသူေတြအားေတြနဲ႔ပဲ အၿမဲျပန္ထခဲ့ရတယ္။” ဆိုၿပီး သူမရဲ႕ အနိမ့္၊ အျမင့္၊ အတက္၊
အက်ေတြအမ်ားႀကီးရွိေၾကာင္း ေျပာလာခဲ့ပါတယ္။ထက္ထက္မိုးဦးကေတာ့ ဘဝမွာ
ထိပ္ဆုံးကေန ေအာင္ျမင္မႈေတြရရွိခဲ့ေပမယ့္ ပရိသတ္ေတြမသိတဲ့ ဖန္သားျပင္ေနာက္ကြယ္မွာေတာ့
စိတ္ပင္ပန္း၊ လူပင္ပန္းျဖစ္ခဲ့ရတဲ့အေၾကာင္းေတြမ်ိဳးစုံရွိခဲ့တာပဲ ျဖစ္ပါတယ္။ ထက္ထက္တစ္ေယာက္
က်န္ရွိတဲ့ဘဝတစ္ေလွ်ာက္မွာ ပရိသတ္ေတြရဲ႕အခ်စ္နဲ႔အတူတူ စိတ္ခ်မ္းေျမ့ျခင္းေတြကိုသာ
ရရွိပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele top stars
ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။