




ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင် အေးသီတာနဲ့ အိအိတုန်တို့ကတော့ မကြာခင်မှာ မွေးနေ့ရက် ကျရောက် တော့မယ့် အကယ်ဒမီ သရုပ်ဆောင် အိန္ဒြာကျော်ဇင်အတွက် သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေကနေ တစ်ဆင့် မွေးနေ့အကြို ဆုတောင်းစကားတွေ ပြောပေးထားကြတာ တွေ့ရပါတယ်..။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ထိန်းသိမ်းခံထားရတဲ့ အူဝဲတို့ ဇနီးမောင်နှံ ကို မိသားစုတွေနဲ့ အမြန်ဆုံးပြန်ဆုံစေဖို့ ဆုမွန်ကောင်းတောင်းထားကြတာဖြစ်ပြီး အားလုံးကလည်း စိတ်မကောင်းဖြစ်နေကြတာလည်း ဖြစ်ပါတယ်..။

သူမတို့နှစ်ယောက်က“မနက်ဖန်ဆိုချစ်ရတဲ့အမအူဝဲရဲ့ မွေးနေ့လေး မိသားစုတွေအမြန်ဆုံး ပြန်ဆုံတွေ့နိုင်ပါစေ🙏🙏🙏.” ဆိုပြီးတော့ အိအိတုန်က မွေးနေ့အကြိုအဖြစ် ရေးသားဆုတောင်းထားသလို အေးသီတာကလည်း “ပျော်ရွှင်စရာမွေးနေ့လေးမှာ မိသားစုပြန်ဆုံကြရပါစေအွဲရေ😍🥰😘..” ဆိုကာ သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ မွေးနေ့အကြို ဆုတောင်းစကားဆိုထားတာ ဖြစ်ပါတယ်..။

သူမတို့နှစ်ယောက်စလုံးရဲ့ ပို့စ်တွေအောက်မှာတော့ ပရိသတ်တွေကလည်း ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံအတွက် ဆုတောင်းစကားတွေနဲ့ မှတ်ချက်ပေး ရေးသားထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit – Ei Tone’s Fb Acc